လူမှုကွန်ရက်စာမျက်နှာများပေါ်၌ နိုင်ငံကူးလက်မှတ်များ လိမ်လည်ဆောင်ရွက်ပေးသည့် ကိစ္စများနှင့်ပတ်သက်၍ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ကြောင်း မလေးရှားရှိ မြန်မာသံရုံးအသိပေး
စော (NSS) - နိုဝင်ဘာ ၇
လူမှုကွန်ရက်စာမျက်နှာများပေါ်၌ နိုင်ငံကူးလက်မှတ်များ လိမ်လည်ဆောင်ရွက်ပေးနေသည့် ကိစ္စများနှင့်ပတ်သက်၍ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ကြောင်း မလေးရှားနိုင်ငံရှိ မြန်မာသံရုံးထံမှ သတင်းရရှိသည်။
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးက ယနေ့(နိုဝင်ဘာလ ၇ ရက်)တွင် အထက်ပါကဲ့သို့အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
လိမ်လည်အမြတ်ထုတ်လိုသူများက မြန်မာနိုင်ငံသားများကို ၎င်းတို့၏ လူမှုကွန်ယက်စာနှာများဖြစ်သည့် Facebook နှင့် TikTok များတွင် မြန်မာသံရုံး၏ အမည်ကို အသုံးပြု၍ နိုင်ငံကူးလက်မှတ် ကိစ္စရပ်များ ဆောင်ရွက်ပေးသည်ဟုဆိုကာ မမှန်ကန်သည့် ရေးသားချက်များနှင့် ပြောကြားချက်များ ဖြန့်ဝေနေသည်ကို တွေ့ရှိရကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါလူမှုကွန်ယက်စာမျက်နှာများသည် မြန်မာသံရုံးနှင့် လုံးဝသက်ဆိုင်ခြင်းမရှိပါကြောင်းနှင့် ၎င်းတို့နှင့် ပတ်သက်သည့် ကိစ္စအဝဝအား မြန်မာသံရုံးဘက်မှ တာဝန်ယူဖြေရှင်းပေးမည် မဟုတ်ပါကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် မြန်မာနိုင်ငံသားများအား လိမ်လည်လှည့်ဖျားနေသည့် ပုဂ္ဂိုလ်များ၊ Facebook နှင့် TikTok အကောင့်ပိုင်ရှင်များကို ဥပဒေနှင့်အညီ စုံစမ်းဖော်ထုတ်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာသံရုံးမှ ကောင်စစ်ဝန်ဆောင်မှုများကို မြန်မာနိုင်ငံသားများ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်စေရန် မြန်မာသံရုံး၏ Facebook Page https://www.facebook.com/profile.php?id=100064876953433&mibextid=2JQ9oc နှင့် Website တို့တွင် ဖော်ပြပေးလျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့တင်ထားသည့် QR Code ရက်ချိန်းများကို ရက်ချိန်းအခြေအနေစုံစမ်းရန်နေရာတွင် ဝင်ရောက်စစ်ဆေးကြရန်နှင့် နိုင်ငံကူးလက်မှတ်အသစ် လျှောက်ထားသူများအနက်မှ ခွင့်ပြုချက်ကျသူများစာရင်း ကြေညာချက်များကိုလည်း Website တွင် အမြဲမပြတ် စစ်ဆေးကြရန် အသိပေးထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကချင်ပြည်နယ်ရှိ ရေခဲပြင်ကျေးရွာဟုခေါ်သော ရှိန်းခေါင်ရွာတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ် (၆၀) ကျော် ပျက်စီးဆုံးရှုံး
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း