ကချင်ပြည်နယ်ရှိ ရေခဲပြင်ကျေးရွာဟုခေါ်သော ရှိန်းခေါင်ရွာတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ် (၆၀) ကျော် ပျက်စီးဆုံးရှုံး
Pearl (NSS) - နိုဝင်ဘာ ၇
ကချင်ပြည်နယ်ရှိ ရေခဲပြင်ကျေးရွာဟုခေါ်သော ရှိန်းခေါင်ကျေးရွာတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ အနည်း ဆုံး နေအိမ်(၆၀)ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန၏ သတင်းအချက်အလက်များအရ သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (နိုဝင်ဘာလ ၇ ရက်)၊ နံနက် (၁)နာရီ ဝန်းကျင်ခန့်တွင် ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်၊ ဇီထန်ကျေးရွာအုပ်စု၊ ရှိန်းခေါင်ကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာတွင် နေအိမ်တစ်ခုအတွင်းရှိ မီးလင်းဖိုမှစတင်၍ မီးလောင်ကျွမ်းခဲ့ရာ အနီးရှိ အနည်းဆုံးလူနေအိမ် (၆၂)အိမ်ကျော် နှင့် ဘုရားကျောင်း (၁)ကျောင်းတို့ မီးကူးစက်လောင်းကျွမ်းခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် လူထိခိုက်မှုမရှိကြောင်းသိရပြီး မီးဘေးသင့်အိမ်ထောင်စုများအား ရှိန်းခေါင်ကျေးရွာအတွင်းရှိ ဘုရားကျောင်း (၃)ကျောင်းနှင့် နီးစပ်ရာအိမ်တို့တွင် ယာယီနေရာချထားပေး၍ ၎င်းတို့အား ရှိန်ခေါင်ဌာနပြည်သူ့စစ်အဖွဲ့မှ စားနပ်ရိက္ခာများထောက်ပံပေးထားကြောင်း သိရသည်။
လတ်တလောတွင် မီးဘေးသင့် အိမ်ထောင်စုများအတွက် စားနပ်ရိက္ခာနှင့် ယာယီနေအိမ်များ လိုအပ်လျက်ရှိကြောင်း သိရသည်။
သို့သော် ဒေသတွင်းသတင်းများက ရှိန်းခေါင်းရွာသည် အိမ်ခြေ(၃၀၀)ခန့်ရှိပြီး မီးလောင်မှုကြောင့် အိမ်ခြေ (၂၀၀)ကျော်နှင့် ကုန်ပစ္စည်း သိုလှောင်ရုံများလည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဖော်ပြလျက်ရှိသည်။
ရှိန်းခေါင်ကျေးရွာသည် တရုတ်ပြည်နယ်စပ်နှင့် နယ်နိမိတ်ချင်းထိစပ်နေပြီး ခေါင်လန်းဖူးမြို့သို့သွားရန် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများရှိသဖြင့် တရုတ်နယ်စပ်ဘက်မှ ကုန်ပစ္စည်းများကို အားထားရသော ဒေသဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုဝင်ဘာလမှစတင်၍ ပြည်ပသို့ ဆန်(၃)တန်တင်ပို့လျှင် အရန်ဆန်တစ်အိတ် ပေးသွင်းရမည်
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း