Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဂျပန်-မြန်မာအောင်ဆန်းသက်မွေးပညာသင်တန်းကျောင်း အပါအဝင် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းပေါင်း (၃ဝ) အတွက် A.G.T.I ပထမနှစ်သင်တန်းသားများ ခေါ်ယူ

စော (NSS) - နိုဝင်ဘာ ၅

ဂျပန်-မြန်မာ အောင်ဆန်းသက်မွေးပညာသင်တန်းကျောင်း အပါအဝင် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းပေါင်း (၃ဝ) အတွက် A.G.T.I ပထမနှစ်သင်တန်းသားများ ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနက ယနေ့(နိုဝင်ဘာ ၅ ရက်) တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။


ဂျပန်-မြန်မာအောင်ဆန်းသက်မွေးပညာသင်တန်းကျောင်း၊ မိုးညှင်း၊ ပူတာအို၊ လွိုင်ကော်၊ ဟားခါး၊ မော်လမြိုင်၊ သံတွဲ၊ အင်းစိန်၊ ရွှေပြည်သာနှင့် သန်လျင်တို့ရှိ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းများတွင်  (၂ဝ၂၃ - ၂ဝ၂၄) ပညာသင်နှစ်အတွက် ပထမနှစ် သင်တန်းသားများ ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြင်ဦးလွင်၊ မြင်းခြံ၊ ကျောက်ပန်းတောင်း၊ ကျောက်ဆည်၊ မိတ္ထီလာ၊ ရမည်းသင်း၊ ကန့်ဘလူ၊ ခန္တီး၊ ချောက်၊ ရေနံချောင်း၊ သရက် နှင့် မကွေးတို့ရှိ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းများတွင်လည်း ပထမနှစ် သင်တန်းသားများ ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ လက်ပံတန်း၊ တောင်ငူ၊ ပဲခူး၊ ဝါးခယ်မ၊ လပွတ္တာ၊ ကျိုက်လတ်၊ ထားဝယ်နှင့် နေပြည်တော်စသည့် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းပေါင်း (၃ဝ)ကျောင်းအတွက် ပထမနှစ်သင်တန်းသားများ ခေါ်ယူသွားမည်ဖြစ် ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းများတွင် မြို့ပြအင်ဂျင်နီယာသင်တန်း အီလက်ထရောနစ်အင်ဂျင်နီယာ သင်တန်း၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာသင်တန်း ၊ စက်မှုအင်ဂျင်နီယာသင်တန်း နှင့် သုတနည်းပညာသင်တန်း တို့တွင် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။ 


ထို့ပြင် စက်မှုလုပ်ငန်းအင်ဂျင်နီယာသင်တန်း၊ စက်မှုလယ်ယာနည်းပညာသင်တန်း၊ မော်တော်ယာဉ်ပြုပြင် ထိန်းသိမ်းမှု နည်းပညာသင်တန်း နှင့် စက်မှုလုပ်ငန်းဆိုင်ရာ လျှပ်စစ်အင်ဂျင်နီယာသင်တန်း တို့တွင် သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။

အထက်ပါသင်တန်းများအတွက် သင်တန်းကာလမှာ (၃)နှစ်ဖြစ်ပြီး သတ်မှတ်အရည်အချင်းများပြည့်စုံပါက  B.Tech နှင့် B.E သင်တန်းများသို့ ပေါင်းကူးတက်ရောက်နိုင်ရေးအတွက် လျှောက်ထားနိုင်ကြောင်း သိရသည်။

လျှောက်ထားသူများသည် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒဘာသာများပါဝင်သော မည့်သည့်ဘာသာတွဲများဖြင့် အောင်မြင်သူများ လျှောက်ထားနိုင်ကြောင်း သိရသည်။

အဆိုပါဝင်ခွင့်လျှောက်လွှာများကို အစိုးရသိပ္ပံကျောင်းများ၌ နိုဝင်ဘာလ(၁)ရက်မှ စတင်၍ ထုတ်ယူနိုင်ပြီး နိုဝင်ဘာ (၂ဝ)ရက် နောက်ဆုံးထား၍ ပေးပို့ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရှမ်းပြည်(မြောက်ပိုင်း)ရှိ စစ်ရေးပဋိပက္ခဒဏ်ခံစားနေရသော ဒေသခံတိုင်းရင်းသားများသည် စစ်သုံ့ပန်းများ လောက်မျှ အရေးမပါလားဟု SNUA မေးခွန်းထုတ်

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved