Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဂါဇာဒေသကိုတိုက်ခိုက်နေတဲ့ တိုက်ခိုက်မှုတွေကို ယာယီရပ်နားဖို့ အစ္စရေးဝန်ကြီးချုပ် ငြင်းဆန်ပယ်ချ

ဂျန်ဇက် (NSS) - နိုဝင်ဘာ ၄ 

အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ဂါဇာဒေသကိုတိုက်ခိုက်နေတဲ့ တိုက်ခိုက်မှုတွေကို ယာယီရပ်နားဖို့ တောင်းဆိုမှုတွေကို ငြင်းဆန်ပယ်ချလိုက်ကြောင်း သိရပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလီကန်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက အစ္စရေးနိုင်ငံကိုထပ်မံရောက်ရှိလာခဲ့ ပြီး လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးမှုတွေ ပိုမိုလုပ်ဆောင်နိုင်ဖို့ ဂါဇာဒေသကို တိုက်ခိုက်နေတာတွေ ရပ်တန့်ဖို့တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ 

အစ္စရေးဝန်ကြီးချုပ်က "ဖမ်းဆီးခံထားရသူတွေ ပြန်မလွှတ်ပေးဘူးဆိုရင် ယာယီအပစ်ခတ်ရပ်စဲရေးဆိုတာ လုပ်မှာ မဟုတ်ဘူး။ ဟားမက်စ်လက်နက်ကိုင်အဖွဲ့တွေအပေါ် အင်အားသုံးတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်သွား မယ်" လို့ ပြောပါတယ်။ 


အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ဂါဇာဒေသကို ပြီးခဲ့တဲ့တစ်ရက်အတွင်း လူသားချင်းဆိုင်ရာစာနာမှုအကူအညီ ပေးမယ့်ပစ္စည်းတွေတင်ဆောင်လာတဲ့ ကုန်ကားအစီးပေါင်း ၁ဝဝ ကျော် ဝင်ရောက်ခဲ့ကြောင်း၊ ဒါပေမယ့် လုံလောက်မှုမရှိသေးကြောင်း ပြောပါတယ်။ 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ ဂါဇာဒေသကို လောင်စာဆီ အပါအဝင် လူသားချင်းဆိုင်ရာစာနာမှုအကူအညီ ပေးမှုပစ္စည်းအားလုံး ပေးပို့ကူညီနိုင်အောင် အစ္စရေးအစိုးရကို စည်းရုံးနေကြောင်း သိရပါတယ်။ ဒါပေမယ့် အစ္စရေး ဝန်ကြီးချုပ်က ဂါဇာဒေသကို လောင်စာဆီတွေ ပေးပို့တင်သွင်းတာမျိုးကို လက်ခံမှာ မဟုတ်ကြောင်း ဆိုပါတယ်။


အစ္စရေးဟာ ဟားမက်စ်အဖွဲ့ရဲ့တိုက်ခိုက်မှုတွေကို လက်တုံ့ပြန်တိုက်ခိုက်မှုအဖြစ် ဂါဇာဒေသကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်ခဲ့ပြီး အစားအစာ၊ ရေနဲ့ ဆေးဝါးပစ္စည်းများ အပါအဝင် အခြေခံလူသုံး ကုန်ပစ္စည်းများပေးပို့ခြင်းကို ပိတ်ပင်ခဲ့ကြောင်း သိရပါတယ်။

အစ္စရေးနိုင်ငံအနေနဲ့ အရပ်သားတွေထိခိုက်သေဆုံးမှုကို နည်းပါးအောင်လုပ်ဆောင်ရမှာဖြစ်ပေမယ့် ဟားမက်စ်အဖွဲ့ကို အမြစ်ပြတ်ချေမှုန်းရမှာဖြစ်ကြောင်း ပြောပါတယ်။ ဂါဇာဒေသကို တိုက်ခိုက်နေတဲ့ အစ္စရေးနိုင်ငံရဲ့တိုက်ခိုက်မှုတွေကို အဆုံးသတ်ဖို့၊ အပစ်ခတ်ရပ်စဲဖို့ ကုသလမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေက တောင်းဆိုလျက်ရှိနေပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရာသီဥတုဖောက်ပြန်မှုကြောင့် မလေးရှားနိုင်ငံမှာ ငါးဖမ်းလုပ်ငန်း အခြေအနေမကောင်း

RECENT POSTS
မန္တလေးတွင် အုတ်တံတိုင်းပြိုကျကာ အဖီဆွဲနေထိုင်သူများအပေါ် ပိမိသောကြောင့် (၁)ဦးသေဆုံးကာ (၃)ဦး အပြင်းအထန်ဒဏ်ရာရ
24 Sep 2024
ဝန်ကြီးချုပ်နေတန်ရာဟု နှင့် အစ္စရေးအစိုးရထိပ်တန်း အရာရှိကြီးများကို လုပ်ကြံမည့် ဂျူးလူမျိုးတစ်ဦး ဖမ်းဆီးခံရ
24 Sep 2024
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေပိုမိုမြင့်တက်လာတာက ဘယ်နိုင်ငံအတွက်မှ အကျိုးအမြတ်မရှိဘူးလို့ G7 အဖွဲ့ပြော
24 Sep 2024
ယူကရိန်းသမ္မတက အမေရိကန်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်တွေကို အနိုင်ရစေလိုနေတယ်လို့ ဒေါ်နယ်ထရမ့်ပြော
24 Sep 2024
ယူနွတ်၏ဖိတ်ကြားချက်အရ လူထုအုံကြွမှုတော်လှန်ရေး၌ ဒဏ်ရာရသူများကို ကုသပြုစုရန်ဟုဆိုကာ တရုတ်ဆေးအဖွဲ့ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိ
24 Sep 2024
မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို တုံ့ပြန်နိုင်ကြောင်း တောင်ကိုရီးယားအစိုးရပြော
24 Sep 2024
ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ သွယ်ဝိုက်ကူညီနေသည်ဆိုသော သတင်းများကို အိန္ဒိယအစိုးရ ငြင်းဆန်
24 Sep 2024
နိုင်ငံအနှံ့ ရေဘေးဒဏ်ခံစားနေရသော်လည်း NUG-PDF များက အရပ်သားများကို အကြမ်းဖက်သတ်ဖြတ်နေမှု ဆက်လက်မြင့်တက်
24 Sep 2024
ပြင်သစ်သမ္မတက ရွေးချယ်ခန့်အပ်ထားသည့် ဝန်ကြီးချုပ်အသစ် နုတ်ထွက်ရဖွယ်ရှိနေ
24 Sep 2024
ယူကရိန်းစစ်ပွဲအတွက် ဒရုန်း အစင်းရေ တစ်သန်းခွဲနီးပါး တိုးမြှင့်ထုတ်လုပ်မည်ဟု ရုရှားသမ္မတပူတင် ပြော
24 Sep 2024
ကျောက်မဲမှထွက်ခွာသူများကို TNLA က လူသားတံတိုင်းလုပ်ရန် ခြိမ်း ခြောက်ပြီးပြန်ခေါ်နေ
24 Sep 2024
ထိုင်ဝမ်အရေး၌ အမေရိကန်စစ်တပ်နှင့်ဆက်နွှယ်နေသည့် ကုမ္ပဏီ(၉)ခုကို တရုတ်အစိုးရ ပိတ်ဆို့မှုချမှတ်
24 Sep 2024
ဂျိုးဘိုင်ဒန် သက်တမ်းမကုန်ဆုံးမီ ဂါဇာအပစ်ရပ်စာချုပ် ဖြစ်လာနိုင်ဖွယ် မရှိဟု အမေရိကန်အရာရှိများယုံကြည်နေ
24 Sep 2024
အိန္ဒိယ-မြန်မာ ကုန်သွယ်မှုတွင် ရူးပီးနှင့် ကျပ်ငွေပေးချေမှုကို တိုးမြှင့်ရန်စီစဉ်
23 Sep 2024
ရခိုင်စစ်ဘေးရှောင် (၅ဝဝ)နီးပါး အရေပြားရောဂါဖြစ်နေသော်လည်း AA မကူညီနိုင်
23 Sep 2024
‘‘ရေဘေးဖြစ်စဉ်မှ ပြန်လည်တွေ့မြင်လာရတဲ့ မြန်မာတို့ရဲ့လေးစားဖွယ်အပြုအမူတွေနဲ့ အကြမ်းဖက်အားပေးတို့ရဲ့ မနာလိုမှု” (အနုပညာဆောင်းပါး)
23 Sep 2024
အမေရိကန်နိုင်ငံမှာ ရွေးကောက်ပွဲမတိုင်မီ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုတွေ တစ်ကျော့ပြန်လည်ဖြစ်ပွားလာနေ
23 Sep 2024
အလေးချိန်(၃၀၀)ကီလိုဂရမ်ရှိတဲ့ ပထမကမ္ဘာစစ်အတွင်းက ဗုံးတစ်လုံးကို အောင်မြင်စွာ ဖယ်ရှားပစ်နိုင်ခဲ့တယ်လို့ ဆားဘီးယားရဲတပ်ဖွဲ့ပြော
23 Sep 2024
လာမယ့်အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ၂ဝ၂၈ ခုနှစ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့်ပြော
23 Sep 2024
PDF များက ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ရွာသား(၅ဝ)ကျော်ကို ဖမ်းဆီးသွားမှု ချောင်းဦး၌ဖြစ်ပွား
23 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved