ရာသီဥတုဖောက်ပြန်မှုကြောင့် မလေးရှားနိုင်ငံမှာ ငါးဖမ်းလုပ်ငန်း အခြေအနေမကောင်း
ရောင်နီ (NSS) - နိုဝင်ဘာ ၄
မလေးရှားနိုင်ငံမှာ ယခင်က ပေါများကြွယ်ဝပြီး နေရာအနှံ့မှာ တွေ့ရလေ့ရှိတဲ့ မက်ကရယ်ငါး အပါအဝင် ငါးမျိုးစိတ် များစွာဟာ ယခုအချိန်မှာ ဖမ်းဆီးရမိမှု နည်းပါးလာပြီး ရှားပါးလာခဲ့ပါတယ်။
မလေးရှားငါးလုပ်ငန်း အထွေထွေအသင်းဥက္ကဋ္ဌ ချီအာတီယန်ဟီးက ရာသီဥတုဖောက်ပြန်မှုဟာ အဏ္ဏဝါသက်ရှိ တွေရဲ့ဂေဟစနစ်ဆိုင်ရာဟန်ချက်ညီမှုကို ပိုမိုထိခိုက်စေတယ်လို့ ဆိုခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၇ နှစ်၊ ၈ နှစ်က ပေါများ ကြွယ်ဝခဲ့တဲ့ မက်ကရယ်ငါးတွေဟာ ပင်လယ်ထဲမှာ ရှားပါးလာခဲ့ပြီး အချို့နေရာတွေမှာ မျိုးသုဉ်းသွားပြီလို့ ယူဆရပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ရာသီဥတုဖောက်ပြန်မှုကြောင့် ပင်လယ်ရေ အပူချိန် မြင့်တက်လာ ခြင်းဟာ ငါးတွေအတွက် အဓိက အစာအရင်းအမြစ်ကို ထိခိုက်စေခဲ့ပြီး အခုလိုရှားပါးမှုတွေဖြစ်လာခြင်း ဖြစ်တယ် လို့ ကျွမ်းကျင်သူတွေက ယူဆထားပါတယ်။
အဆိုပါပြဿနာတွေကို ငါးလုပ်ငန်းဦးစီးဌာန (DoF) က အာရုံစိုက်ဖြေရှင်းဖို့ မျှော်လင့်တယ်လို့ မစ္စတာချီအာက ပြောကြားခဲ့ပါတယ်။
Pahang Deep Sea Association ဥက္ကဋ္ဌ မိုယုဆရီမိုယုဆော့ဖ်ကလည်း အဆိုပါပြဿနာကို အစိုးရမှ ကြားဝင် ဆောင်ရွက်ပေးသင့်ကြောင်း ပြောကြားကာ ဖမ်းဆီးရမိတဲ့ မက်ကရယ် ငါးအရေအတွက်ဟာ ၆ဝ ရာခိုင်နှုန်းမှ ၇ဝ ရာခိုင်နှုန်းအထိ လျော့ကျသွားခဲ့တယ်လို့ ထောက်ပြခဲ့ပါတယ်။ အခြားငါးမျိုးစိတ်တွေဟာလည်း ဖမ်းမိမှု ၃ဝ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တေလာဆွစ်ဖ်ရဲ့အာဂျင်တီးနားနိုင်ငံ Era world tour ကို ရှေ့ဆုံးတန်းက ကြည့်ရှုအားပေးဖို့ ပွဲနေရာအပြင်ဘက်မှာ ၅ လကြာ တဲထိုးနေထိုင်သူများရှိနေ
RELATED POSTS
20 Sep 2024 | စီးပွားရေး,ပြည်တွင်း
20 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,နိုင်ငံတကာ