၃ နှစ်အတွင်း ကချင်ပြည်နယ်အတွင်း ရထားလမ်း နှင့် ကားလမ်းပေါ်ရှိ တံတား(၉)စင်း ထက်မနည်း မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခံခဲ့ရ
Pearl (NSS) - နိုဝင်ဘာ ၄
၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်၍ (၃)နှစ်အတွင်း ကချင်ပြည်နယ်အတွင်း ရထားလမ်းနှင့် ကားလမ်းပေါ်ရှိ တံတား(၉)စင်း ထက်မနည်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရကြောင်း နစကမှ ယမန်နေ့ (နိုဝင်ဘာလ ၃ ရက်) တွင် သတင်းထုတ်ပြန်ထားသည်။
KIA အဖွဲ့၏ ရထားလမ်းများအား မိုင်းထောင်ဖောက်ခွဲမှုအနေဖြင့် ၂ဝ၂၁ ခုနှစ်၊ ဧပြီလ (၁၇) ရက်တွင် မိုးညှင်းမြို့ နယ်ရှိ မြစ်ကြီးနား-မန္တလေးသွား မီးရထားလမ်းပေါ်မှ တံတားအမှတ်(၅၅၅) နှင့် ၂ဝ၂၃ ခုနှစ်၊ အောက်တိုဘာလ (၆) ရက်တွင် ဟိုပင်မြို့၊ ငါးမိုင်ကျေးရွာမြောက်ဘက်ရှိ နန်းခွင်ချောင်းသံဘေလီရထားလမ်းကူးတံတားတို့အား ဖောက်ခွဲဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
၂ဝ၂၃ ခုနှစ်၊ အောက်တိုဘာ (၇) ရက်တွင်လည်း ဟိုပင်မြို့၊ မြို့သစ်ကလေးကျေးရွာ၏ အနောက်တောင်ဘက် ရှိ ရေပေါက်ကြီး ရထားလမ်းကူးတံတား နှင့် နန်းသာယာရထားလမ်းကူးတံတားတို့အား ဖောက်ခွဲဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း နစကမှ ဆိုသည်။
အလားတူ ၂ဝ၂၁ ခုနှစ်၊ ဧပြီ (၂၇) ရက်တွင် ဟိုပင်မြို့မြောက်ဘက် မိုးညှင်း-ဟိုပင်-မိုးကောင်း-မြစ်ကြီးနား ကားလမ်းပေါ်ရှိ အရှည် ၅ဝ ပေရှိ တဝက်ချောင်းကူး ကွန်ကရစ်တံတား(ကားလမ်း) နှင့် တံတားအရှည် ၂ဝ ပေရှိ တဝက်ချောင်းကူးတံတား (ရထားလမ်း) နှင့် ၂ဝ၂၁ ခုနှစ်၊ မေလ (၄) ရက်တွင် ရွှေကူမြို့၊ အမှတ် (၂)ရပ်ကွက် နှင့် (၃)ရပ်ကွက် ဆက်သွယ်ထားသော အရှည်ပေ ၅ဝ ပေရှိ ပေါင်းနက်ချောင်းကူးတံတားတို့အား ဖောက်ခွဲဖျက်ဆီးမှု များပြုလုပ်ခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
ထို့အပြင် ၂ဝ၂၁ ခုနှစ်၊ မေလ (၉) ရက်တွင် ကသာမြို့နယ်၊ ချောင်းဝကျေးရွာ နှင့် ရွှေကူမြို့နယ်၊ မင်းကျောင်းကုန်း ကျေးရွာအား ဆက်သွယ်ထားသည့် ကောက်ကွေ့ချောင်းကူးကွန်ကရစ်တံတား၊ ၂ဝ၂၁ ခုနှစ်၊ နိုဝင်ဘာလ (၃ဝ) ရက်တွင် မြစ်ကြီးနားမြို့၊ မြစ်ကြီးနား-မန္တလေး သွားကားလမ်းပေါ်ရှိ သံဘောင်ဘေလီတံတားအား ဖောက်ခွဲ ဖျက်ဆီးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
KIA အဖွဲ့အနေဖြင့် နယ်စပ်ဒေသကုန်သွယ်ရေး ပျက်စီးစေရန် နှင့် လမ်းပန်းဆက်သွယ်မှုပြတ်တောက်ရန်အတွက် ကချင်ပြည်နယ်အတွင်း စစ်ရေးနှင့်မသက်ဆိုင်သောလမ်း၊ တံတားများအား ဖောက်ခွဲဖျက်ဆီးမှုများ ပြုလုပ်ခဲ့ ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်မှုများအား တပ်မတော်အနေဖြင့် ပြန်လည်တုံ့ပြန်တိုက်ခိုက်ခြင်းများ ဆောင်ရွက်ခဲ့ပြီး ထပ်မံ၍ အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်ခြင်း၊ လုံခြုံရေးစခန်းများအား တိုက်ခိုက်ခြင်းများ ဆောင်ရွက်လာပါက လိုအပ်သော ပြန်လည်တုံ့ပြန်မှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကမှ သတင်းထုတ်ပြန် ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂါဇာဒေသကိုတိုက်ခိုက်နေတဲ့ တိုက်ခိုက်မှုတွေကို ယာယီရပ်နားဖို့ အစ္စရေးဝန်ကြီးချုပ် ငြင်းဆန်ပယ်ချ
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း