အောင်မြေသာစံမြို့နယ်ရှိ ပေါ်ဦးရွှေဆိုင်ကို အမျိုးသား (၄)ဦးက သေနတ်ပစ်ဖောက်ကာ ဓားပြဝင်တိုက်
စော (NSS) - အောက်တိုဘာ ၃၀
မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်ရှိ ပေါ်ဦးရွှေဆိုင်ကို အမျိုးသား (၄)ဦးက ဓားပြဝင်တိုက်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့(အောက်တိုဘာလ ၃၀ ရက်)၊ နံနက် (၉)နာရီကျော်တွင် မဟာအောင်မြေမြို့နယ်၊ ရွှေဘုန်းရှိန်ရပ်ကွက်၊ (၈၄)လမ်း၊ (၄၁)လမ်းနှင့် (၄၂)ကြားရှိ ပေါ်ဦးရွှေဆိုင်တွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။
အဆိုပါရွှေဆိုင်သို့ အမျိုးသား(၄)ဦးသည် ဆိုင်ကယ်(၂)စီးဖြင့်ရောက်ရှိလာပြီးနောက် ဆိုင်အတွင်းသို့ ဝင်ရောက်လာကာ ရွှေထည်ပစ္စည်းများထည့်ထားသည့် ကောင်တာအား သေနတ်ဖြင့် နှစ်ချက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ထို့သို့ သေနတ်ဖြင့် ကောင်တာအား ပစ်ခတ်ခဲ့ပြီးနောက် ကောင်တာအတွင်းရှိ ရွှေဆွဲကြိုး နှင့် ရွှေကလစ် အပါအဝင် စုစုပေါင်း ငွေကျပ် သိန်း (၁၂၀၀)ခန့် တန်ဖိုးရှိ ရွှေထည်ပစ္စည်းများကို ယူဆောင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ဖြစ်ပွားခဲ့သော ရွှေဆိုင်အတွင်းသို့ လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ၎င်းအမျိုးသား(၄)ဦးကိုလည်း လိုက်လံရှာဖွေလျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်းမှစတင်၍ မြို့ကြီးများရှိ ရွှေဆိုင်များ ၌ ဓါးပြတိုက်ခံရသည့်ဖြစ်စဉ်များ မကြာခဏဆိုသကဲ့သို့ ဖြစ်ပွားလာနေသည်ကို တွေ့ရှိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေးနိုင်ငံအပေါ်ထားရှိတဲ့ သဘောထားတွေကို အမေရိကန်ဒုတိယသမ္မတ ထုတ်ဖော်ပြော
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း