အစ္စရေးနိုင်ငံအပေါ်ထားရှိတဲ့ သဘောထားတွေကို အမေရိကန်ဒုတိယသမ္မတ ထုတ်ဖော်ပြော
ဂျန်ဇက် (NSS) - အောက်တိုဘာ ၃ဝ
အမေရိကန်ဒုတိယသမ္မတ ကာမာလာဟာရစ်က အမေရိကန်တပ်ဖွဲ့တွေကို ဂါဇာ ဒါမှမဟုတ် အစ္စရေးနိုင်ငံပိုင်နက်တွေထဲကို စေလွှတ်ဖို့ ရည်ရွယ်ချက်မရှိဘူးလို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အမေရိကန်ဒုတိယသမ္မတ က "ကျွန်တော်တို့ဟာ ဂါဇာဒေသ ဒါမှမဟုတ် အစ္စရေးနိုင်ငံဘက်ခြမ်းကို အမေရိကန်တပ်ဖွဲ့တွေ စေလွှတ်မှာ မဟုတ်ဘူး" လို့ ပြောပါတယ်။
အမေရိကန်အစိုးရဟာ အစ္စရေးနိုင်ငံကို လိုအပ်တဲ့အကြံဉာဏ်တွေ၊ စစ်လက်နက်ပစ္စည်းနဲ့ သံတမန်ရေးရာအပိုင်းတွေမှာ ကူညီထောက်ပံ့ပေးမှာဖြစ်ကြောင်း ၎င်းက ထပ်မံပြောခဲ့ပါတယ်။
၎င်းက "အစ္စရေးဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခွင့်ရှိပါတယ်။ အစ္စရေးဟာ ဟားမက်စ်၊ ပါလက်စတိုင်းတွေနဲ့ ပဋိပက္ခမဖြစ်အောင် လုပ်ဆောင်ဖို့အရေးကြီးတယ်။ စစ်ပွဲနဲ့ပတ်သက်ပြီး စစ်ပွဲစည်းကမ်းတွေ၊ လိုက်နာဖို့ လိုအပ်သလို လူသားချင်းဆိုင်ရာစာနာမှုအကူအညီတွေ ပေးခွင့်ရဖို့လည်း လိုအပ်တယ်" လို့ ပြောပါတယ်။
အမေရိကန်နိုင်ငံအနေနဲ့ အစ္စရေးနဲ့ ဟားမက်စ်ကြားဖြစ်ပွားနေတဲ့စစ်ပွဲကို လက်ရှိထက် ပိုမိုအရှိန်မြင့်တက်လာမှာ မလိုလားကြောင်း၊ ဒါကြောင့် အခြားအဖွဲ့အစည်း၊ နိုင်ငံတွေကို စစ်ပွဲထဲ တိုက်ရိုက်မပါဝင်ဖို့ တိုက်တွန်း တောင်းဆိုလိုကြောင်း အမေရိကန်ဒုတိယသမ္မတကပြောပါတယ်။ ဟားမက်စ်အဖွဲ့ဟာ အောက်တိုဘာ ၇ရက်နေ့က စတင်ပြီး အစ္စရေးနိုင်ငံကို ကြိုတင်သတိပေးချက်မရှိဘဲ တိုက်ခိုက်ခဲ့ရာ နှစ်ဖက်စစ်ပွဲစတင်ခဲ့ပြီး၊ အစ္စရေးက ဟားမက်စ်အဖွဲ့ကို အပြီးတိုင်ချေမှုန်းဖို့ လေကြောင်းတိုက်ခိုက်မှုတွေ၊ မြေပြင်ထိုးစစ်ဆင်မှုတွေ လုပ်ဆောင်နေ ကြောင်း သိရပါတယ်။ အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့် ဂါဇာဒေသမှာ သေဆုံးသူအရေအတွက်ဟာ အနည်းဆုံး ၈ဝဝဝ ကျော် ရှိလာခဲ့ကြောင်း လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးအဖွဲ့တွေက ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အိန္ဒိယနိုင်ငံ အရှေ့တောင်ပိုင်းတွင် ရထားနှစ်စင်းတိုက်မိခဲ့ပြီး အနည်းဆုံးလူ(၁ဝ)ဦး သေဆုံး
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ