တူရကီသမ္မတရဲ့ဝေဖန်ပြစ်တင်မှုတွေကို လက်တုံ့ပြန်မှုအဖြစ် တူရကီရှိ သံတမန်အားလုံးကို ပြန်လည်ခေါ်ယူလိုက်ကြောင်း အစ္စရေးအစိုးရပြော
ဂျန်ဇက် (NSS) - အောက်တိုဘာ ၂၉
အစ္စရေးအစိုးရဟာ တူရကီနိုင်ငံရှိ အစ္စရေးသံတမန်အားလုံးကို ပြန်လည်ခေါ်ယူလိုက်ကြောင်း သိရပါတယ်။ တူရကီသမ္မတအာဒိုဂမ်ကဂါဇာဒေသရှိ ဟားမက်စ်လက်နက်ကိုင်အဖွဲ့အပေါ်ပြုလုပ်နေတဲ့ အစ္စရေးရဲ့တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ဝေဖန်ပြစ်တင်ခဲ့ပြီးနောက် အစ္စရေးအစိုးရဟာ သံတမန်တွေကို ပြန်လည်ခေါ်ယူခဲ့တာဖြစ်ပါတယ်။
နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ တူရကီနဲ့ အစ္စရေးနိုင်ငံကြားဆက်ဆံရေးဟာ နှစ်ပေါင်းများစွာ အေးစက်ခဲ့ပြီးနောက် ပြီးခဲ့တဲ့နှစ်မှာ အစ္စရေးနဲ့ တူရကီနိုင်ငံကြား သံတမန်တွေ အပြန်အလှန် ပြန်လည်ခန့်အပ်ဖို့ သဘောတူညီခဲ့တာ ဖြစ်ပါတယ်။ အစ္စရေးရဲ့အဆိုပါဆုံးဖြတ်ချက်ဟာ အစ္စရေးနဲ့ တူရကီနိုင်ငံကြား စီးပွားရေးနဲ့ ဆက်ဆံရေးပြန်လည် ကောင်းမွန်စေဖို့ ကြိုးပမ်းမှုတွေကို ထိုးနှက်ချက်ဖြစ်လာစေခဲ့ကြောင်း သိရပါတယ်။
အစ္စရေးနဲ့ ဟားမက်စ်အဖွဲ့ကြားစစ်ပွဲ စတင်ခဲ့ပြီးနောက်ပိုင်း အစ္စရေးရဲ့တိုက်ခိုက်မှုတွေကို တူရကီနိုင်ငံအတွင်းရှိ ပြည်သူများ ဝေဖန်ပြစ်တင်ခဲ့ပြီး အောက်တိုဘာ ၂၈ ရက်နေ့က ဆန္ဒပြမှုတွေ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။ သမ္မတအာဒိုဂမ်ရဲ့အာဏာရပါတီဟာ အဲဒီဆန္ဒပြပွဲကို ဦးဆောင်ခဲ့ပြီး တူရကီပြည်သူပေါင်း ၁ သန်းခွဲကျော် ပါဝင်ခဲ့ကြောင်း သိရပါတယ်။
တူရကီသမ္မတ အာဒိုဂမ်က "အစ္စရေးနိုင်ငံဟာ ကျူးကျော်သိမ်းပိုက်သူပါ။ အစ္စရေးအစိုးရဟာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်။ ပါလက်စတိုင်းပြည်သူတွေကို မျိုးဖြုတ်ဖို့ ကြိုးပမ်းနေတယ်။ နိုင်ငံတစ်နိုင်ငံဟာ ကိုယ့်ကိုယ် ကိုယ် ကာကွယ်ပိုင်ခွင့်ရှိတယ်ဆိုတာမှန်ပေမယ့် ဂါဇာဒေသအပေါ်ပြုလုပ်နေတဲ့ အစ္စရေးရဲ့တိုက်ခိုက်မှုတွေဟာ ကျူးလွန်ခဲ့တာတွေနဲ့ပတ်သက်ပြီး မျှတမှုရှိရဲ့လား၊ အစ္စရေးရဲ့တိုက်ခိုက်မှုတွေက မျှတမှုမရှိဘူး" လို့ ဆန္ဒပြ ပြည်သူတွေကို မိန့်ခွန်းပြောဆိုချိန်မှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
အစ္စရေးနိုင်ငံခြားရေးဝန်ကြီးက "တူရကီသမ္မတရဲ့မှတ်ချက်စကားကြောင့် ကျွန်တော်တို့ဟာ တူရကီနိုင်ငံအတွင်းရှိ အစ္စရေးသံတမန်တွေကို ပြန်လည်ခေါ်ယူခဲ့တယ်" လို့ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နစက၏ ကာကွယ်ရေးဝန်ကြီး တရုတ်နိုင်ငံသို့ သွားရောက်
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ