နစက၏ ကာကွယ်ရေးဝန်ကြီး တရုတ်နိုင်ငံသို့ သွားရောက်
မျိုးကြီး (NSS) - အောက်တိုဘာ ၂၉
နစက၏ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ကြောင်း သတင်းရရှိသည်။
ဗိုလ်ချုပ်ကြီးတင်အောင်စန်း ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့(အောက်တိုဘာ ၂၈ ရက်) နေ့လည်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ထွက်ခွာသွားကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
ကာကွယ်ရေးဝန်ကြီး ဦးဆောင်သောအဖွဲ့သည် တရုတ်နိုင်ငံ၊ ပေကျင်းမြို့၌ ကျင်းပပြုလုပ်မည့် (၁ဝ)ကြိမ်မြောက် ပေကျင်း ရှန်ကျန်းဖိုရမ်သို့ တက်ရောက်ရန်အတွက် သွားရောက်ခြင်းဖြစ်ကြောင်း သိရသည်။
ယခုရက်ပိုင်း အောက်တိုဘာ ၂၇ ရက်မှစတင်ကာ မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်အနီး ချင်းရွှေဟော်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ နှင့် တပ်မတော်တို့အကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေလျက်ရှိသည်။
ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA ဦးဆောင်သော မဟာမိတ်(၃)ဖွဲ့သည် (၁ဝ၂၇ စစ်ဆင်ရေး)အမည်ဖြင့် ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်းရှိ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကွမ်လုံ၊ သိန္နီ၊ ကွတ်ခိုင်၊ နမ့်ခမ်းနှင့် လားရှိုးမြို့ အနီးတစ်ဝိုက်ရှိ တပ်မတော်၏ လုံခြုံရေးစခန်းများကို ဝင်ရောက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
အဆိုပါတိုက်ခိုက်မှုများနှင့်ပတ်သက်၍ ပြန်လည်တည်ငြိမ်မှုရရှိရေးအတွက် ဆောင်ရွက်သင့်သည့်ကိစ္စရပ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဟု နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက NP News ကို ယခုရက်ပိုင်းအတွင်း ပြောဆိုခဲ့ဖူးသည်။
ထို့ပြင် မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်၌ တည်ငြိမ်မှုရှိရေးအတွက် တရုတ်နိုင်ငံနှင့်လည်း ဆက်သွယ်ဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ထည့်သွင်းပြောဆိုခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံတော်အဆင့် တိရစ္ဆာန်အကောင်ရေစာရင်းကို လာမည့်နိုဝင်ဘာလမှစ၍ ကောက်ယူမည်
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ