ခင်ဦးမြို့နယ်၌ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့်လုပ်ကြံသတ်ဖြတ်ခဲ့ဟု ရဲတပ်ဖွဲ့ဆို
NSS - အောက်တိုဘာ ၂၈
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်လုပ်ကြံသတ်ဖြတ်သွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော အောက်တိုဘာလ ၂၆ ရက်၊ မွန်းလွဲ ၁နာရီ ၄၅မိနစ်အချိန်တွင် ခင်ဦးမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်၊ သီဟမုနိဘုရားသွားလမ်းကြား၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးရာကျော်(ခ)ဦးဝင်းအောင်သည် နေအိမ်မှအပြင်သို့ ဆိုင်ကယ်ဖြင့်တစ်ဦးတည်း ထွက်ခွာလာစဉ် အထက်ပါနေရာအရောက်၌ PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန် ထားသည်။
ထိုသို့ သေနတ်ဖြင့် ပစ်သတ်ခံရမှုကြောင့် ဦးရာကျော်(ခ)ဦးဝင်းအောင်(၄၇)နှစ်တွင် ရင်ဘတ်၊ ဝမ်းဗိုက်နှင့် ယာဒူးတို့၌ ကျည်ထိမှန်ဒဏ်ရာ(၃)ချက်ရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့သဖြင့် ခင်ဦးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အလားတူ ညနေ ၄နာရီ ၄၅ မိနစ်အချိန်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ မြောက်ပိုင်းရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၏ အရှေ့ဘက် ကိုက် ၁၀၀ ခန့်အကွာရှိ “ဘိုဘို” ကွမ်းယာဆိုင်ရှေ့တွင် အမျိုးသားတစ်ဦးကို PDF အဖွဲ့ဝင်တစ်ဦးက သေနတ်ဖြင့်ပစ်ခတ် သတ်ဖြတ်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆက်လက်ထုတ်ပြန်ထားသည်။
အဆိုပါရပ်ကွက်တွင်နေထိုင်သည့် ရာအိမ်မှူး ဦးကျော်မင်းဦး(၅၉)နှစ်သည် အထက်ပါကွမ်းယာဆိုင်တွင် ကွမ်းယာဝယ်ပြီးသဖြင့် ဆိုင်ကယ်ဖြင့်ပြန်ရန် ပြုလုပ်နေစဉ် PDF တပ်ဖွဲ့ဝင်တစ်ဦးက ဆိုင်ကယ်ဖြင့်ရောက်ရှိလာကာ သေနတ်ဖြင့်ပစ်ခတ်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ထိုသို့ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ရာအိမ်မှူး ဦးကျော်မင်းဦးတွင် ဦးခေါင်း၊ လည်ပင်း၊ ရင်ဘတ်၊ ဝမ်းဗိုက်၊ ယာလက်ကောက်ဝတ် နှင့် ယာပေါင်တို့၌ ကျည်ထိမှန်ဒဏ်ရာများ ရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့နောက် လုပ်ကြံသတ်ဖြတ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးလုံခြုံရေးလုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Oct-28 / 6:15 PM)
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း