အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Oct-28 / 6:15 PM)
ဂျန်ဇက် (NSS) - အောက်တိုဘာ ၂၈
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ရှိ အမေရိကန်သံရုံးအပြင်ဘက်တွင် ပါလက်စတိုင်းလိုလားသော ထောက်ခံဆန္ဒပြ ပွဲများဖြစ်ပွားခဲ့ပြီး အစ္စရေးနှင့်ဟားမက်စ်ကြားဖြစ်ပွားနေသည့် စစ်ပွဲကို အမြန်ဆုံး အဆုံးသတ်ရန် တောင်းဆိုခဲ့ ကြောင်း သိရသည်။
ဆန္ဒပြအုပ်စုများသည် ပါလက်စတိုင်းအလံများကို ဝှေ့ယမ်းခဲ့ပြီး ဂါဇာဒေသနှင့်အတူ ရပ်တည်ကြောင်းကြွေးကြော် ဆန္ဒပြခဲ့သည်။
အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ Grand Central နေရာတွင် အောက်တိုဘာ ၂၇ ရက်က ဂါဇာဒေသအပေါ် အစ္စရေး၏ ဗုံးကြဲတိုက်ခိုက်မှုများကို ကန့်ကွက်ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ရာ လူပေါင်း ၂ဝဝ ကျော် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရကြောင်း သိရသည်။ အဆိုပါဆန္ဒပြပွဲနှင့်ပတ်သက်ပြီး ပွဲစီစဉ်သူများကတော့ အမေရိကန်ရဲတပ်ဖွဲ့ဝင် များသည် ဆန္ဒပြသူဦးရေ ၃ဝဝ ကျော် ဖမ်ဆီးခဲ့ကြောင်း ပြောသည်။
အမေရိကန်နိုင်ငံသည် အစ္စရေးနိုင်ငံကို အားပေးထောက်ခံသောနိုင်ငံဖြစ်ကြောင်း သိရသည်။ အစ္စရေးတိုက် လေယာဉ်များသည် ဂါဇာဒေသ မြောက်ပိုင်းကို အောက်တိုဘာ ၂၇ ရက်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မြေအောက်ဥမင် လိုဏ်ခေါင်းများ အပါအဝင် ပစ်မှတ်ပေါင်း ၁၅ဝ ကို ထိမှန်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောသည်။ အစ္စရေး၏ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဟားမက်စ်အဖွဲ့ခေါင်းဆောင်များ အပါအဝင် ဟားမက်စ်အဖွဲ့၏ မြေအောက်ဥမင် လိုဏ်ခေါင်းများ၊ မြေအောက်တိုက်ခိုက်ရေးအဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့ရကြောင်း အစ္စရေးစစ်ဘက် က သတင်းထုတ်ပြန်ထားသည်။
အမေရိကန်နိုင်ငံသည် အစ္စရေးကို ကူညီထောက်ပံ့ပေးမှုများ ဆက်လက်လုပ်ဆောင်မည်ဆိုလျှင် အရှေ့အလယ်ပိုင်း ဒေသတွင် ဆိုးရွားသောအကျိုးဆက်များ ရင်ဆိုင်ရဖွယ်ရှိနေကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး Amir-Abdollahian က ထုတ်ဖော်ပြောဆိုလိုက်သည်။ အစ္စရေး နှင့် ဟားမက်စ်အဖွဲ့ကြား စစ်ပွဲအရှိန်မြင့်တက်နေချိန်တွင် အီရန်နိုင်ငံခြားရေးဝန်ကြီးက သတိပေးပြောဆိုခဲ့ခြင်းဖြစ်ပြီး အစ္စရေးဘက်မှ အလုံးစုံရပ်တည်နေသည့် အမေရိကန် အတွက် ဆိုးကျိုးများဖြစ်လာဖွယ်ရှိနေကြောင်း ဆိုထားသည်။
ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ ဟားမက်စ် နှင့် အစ္စရေးနိုင်ငံကြားတင်းမာမှုအရှိန်မြင့်တက်နေချိန်တွင် အီရန် နိုင်ငံက နိုင်ငံအလယ်ပိုင်းဒေသအတွင်းကြီးမားသော စစ်ရေးလေ့ကျင့်ခန်းကြီးတစ်ခု စတင်လိုက်ပြီး ယင်းစစ်ရေး လေ့ကျင့်ခန်းကို ၂ ရက်ကြာ လုပ်ဆောင်သွားဖွယ်ရှိနေကြောင်း သိရသည်။
အဆိုပါ စစ်ရေးလေ့ကျင့်ခန်းကို ‘Eqtedar 1402’ ဟု အမည်ပေးထားပြီး Isfahan ဒေသတွင်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါစစ်ရေးလေ့ကျင့်ခန်းတွင် မြေပြင်တပ်ဖွဲ့ဝင်များ၊ ဒရုန်းများ၊ တိုက်လေယာဉ်များ၊ စစ်လက်နက်ပစ္စည်းအမျိုးမျိုးကို အသုံးပြုသွားမည်ဖြစ်ကြောင်း အီရန်စစ်ဘက်က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်တိုင်း၌ ခွင့်ပြုမတည်ငွေနှင့် ရင်းနှီးငွေ ကျပ်သိန်းပေါင်း (၂)သိန်းကျော်ရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာလုပ်ငန်း(၉)ခုကို လုပ်ကိုင်ခွင့်ပြု
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ