ကွတ်ခိုင်မြို့ရှိ လျှပ်စစ်ရုံးကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့
NSS - အောက်တိုဘာ ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့ရှိ လျှပ်စစ်ရုံးကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က လာရောက်ကာ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ယနေ့(အောက်တိုဘာလ ၂၇ရက်)၊ နံနက် ၄နာရီ ၄၀မိနစ်အချိန်တွင် ကွတ်ခိုင်မြို့၊ အမှတ်(၈)ရပ်ကွက်၊ မြို့သစ်အုပ်စု(၄)ရှိ မြန်မာ့လျှပ်စစ်ရုံးအမှတ် 66-KVA(ကွတ်ခိုင်)တွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါလျှပ်စစ်ရုံးတွင် တာဝန်ကျ ဝန်ထမ်းများရှိနေစဉ် လက်နက်ကိုင်တပ်ဖွဲ့ အင်အား(၁၀) ဦးက ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ထို့နောက် ၎င်းတို့အား ရုံးအပြင်သို့ဆွဲထုတ်ကာ လျှပ်စစ်ရုံးအား မိုင်းထောင်ဖောက်ခွဲမှု ပြုလုပ်ခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သူထံမှ သိရသည်။
ထိုသို့ မိုင်းထောင်ဖောက်ခွဲမှုကြောင့် (66-KVA)လျှပ်စစ်ထိန်းချုပ်ခန်းတစ်ခုလုံး ပျက်စီးဆုံးရှုံသွားခဲ့ပြီး လူထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်နိုင်ငံသည် ခေါင်းစဉ်အမျိုးမျိုးဖြင့် အကြမ်းဖက်များကို ကူညီနေပြီး မြန်မာနိုင်ငံအား ရန်သူသဖွယ် သဘောထားနေမှုများကို တပ်ချုပ်ဖွင့်ဟပြောဆို
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း