Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အမေရိကန်နိုင်ငံသည် ခေါင်းစဉ်အမျိုးမျိုးဖြင့် အကြမ်းဖက်များကို ကူညီနေပြီး မြန်မာနိုင်ငံအား ရန်သူသဖွယ် သဘောထားနေမှုများကို တပ်ချုပ်ဖွင့်ဟပြောဆို

မြူနစ် (NSS) - အောက်တိုဘာ ၂၇

အမေရိကန်နိုင်ငံသည် ခေါင်းစဉ်အမျိုးမျိုးဖြင့် အကြမ်းဖက်များကို ကူညီနေပြီး မြန်မာနိုင်ငံအား ရန်သူသဖွယ် သဘောထားနေမှုများကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖွင့်ဟပြောကြားခဲ့သည်။


၎င်းက ယမန်နေ့(အောက်တိုဘာလ ၂၆ ရက်)တွင် နေပြည်တော်ရှိ နစကဥက္ကဋ္ဌရုံး၌ ပြုလုပ်သော နစကအစည်းအဝေးတွင် အထက်ပါကဲ့သို့ ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာ့နိုင်ငံရေးဖြစ်စဉ်သမိုင်းသည် “ကြက်ဥအရောင် တိမ်တောင်သဖွယ်၊ မင်းရေးကျယ်” ဆိုသကဲ့သို့ ရှုပ်ထွေးမှုများရှိပြီး လွတ်လပ်ရေး မရခင်အချိန်ကပင် ရှုပ်ထွေးရန် ကြိုတင်ဆောင်ရွက်မှုများရှိနိုင်သည်ဟု တပ်ချုပ်က ပြောသည်။

နိုင်ငံ့လွတ်လပ်ရေးကို ဦးစားပေးစဉ်းစားရချိန် နှင့် အချိန်ကန့်သတ်ချက်များကြောင့် အနာဂတ်ပြည်ထောင်စုနိုင်ငံတော်အရေး၊ နိုင်ငံရေးလမ်းစဉ်များကို အမျိုးသားရေးနှင့်နိုင်ငံရေးဦးဆောင်နေသည့် ခေါင်းဆောင်များက စိတ်ကြိုက်ချမှတ်နိုင်ခြင်းမရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ထို့ပြင် လွတ်လပ်ရေးရပြီးချိန်တွင်လည်း ယင်းအတိုင်းပင်ဖြစ်ပြီး မြန်မာနိုင်ငံအရေးနှင့်ပတ် သက်၍ ဝင်ရောက်စွက်ဖက်မှုများကို အမေရိကန်ဦးဆောင်သော အနောက်အုပ်စုက စဉ်ဆက်မပြတ် ပြုလုပ်ခဲ့မှုများရှိကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

မြန်မာ နှင့် အမေရိကန်သည် စစ်ဖြစ်ပွားဖူးခြင်းမရှိကြောင်းနှင့် အရှေ့တောင်အာရှတွင် အမေရိကန်ကျူးကျော်မှုကြောင့် ဖြစ်ပွားခဲ့သော ဗီယက်နမ်စစ်ပွဲ၌ပင် မြန်မာနိုင်ငံက ပါဝင်ပတ်သက်မှု မရှိခဲ့ကြောင်း သိရသည်။

သို့သော် ယနေ့ကာလအထိ အမေရိကန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအား ရန်သူသဖွယ် သဘောထားခြင်းသည် ကြီးမားသော နောက်ခံအကြောင်းရှိသည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

အရှေ့တောင်အာရှဒေသတွင် အမေရိကန်ဦးဆောင်သော SEATO အဖွဲ့ကို ၁၉၅၄ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး ၎င်းအဖွဲ့၏ အဓိက ရည်ရွယ်ချက်သည် အရှေ့တောင်အာရှဒေသအတွင်း ကွန်မြူနစ်စနစ်မပြန့်ပွားရေးပင်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ထို့ပြင် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေပါ ပြည်နယ်များခွဲထွက်ခွင့်၊ ၎င်းအပေါ်မူတည်၍ ၁၉၆၁-၁၉၆၂ ခုနှစ်တွင် ဖြစ်လာသော ပြည်နယ်များ၏ တောင်းဆိုမှုများကို SEATO ဖြစ်စဉ်နှင့်ဆက်စပ်ကြည့်ပါက မြန်မာ့နိုင်ငံရေး၏ရှုပ်ထွေးမှုကို သဘောပေါက်နိုင်မည်ဟုလည်း တပ်ချုပ်က ဖွင့်ဟအကြံပြုထားသည်။

လက်ရှိအခြေအနေတွင်လည်း အမေရိကန်ဦးဆောင်သော အုပ်စု၏ ရည်မှန်းချက်သည် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သော တရုတ်နိုင်ငံကို ထိန်းချုပ်နိုင်ရေးပင်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သုံးသပ်ထားသည်။

ထို့ကြောင့် မြန်မာနိုင်ငံ၌ အမေရိကန်အုပ်စု လိုလားသော အစိုးရ/အုပ်စုအာဏာရရှိရေးကို တစ်စိုက်မတ်မတ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မရရှိခဲ့ပါက မြန်မာနိုင်ငံ၌ ကဏ္ဍပေါင်းစုံမငြိမ်မသက်ဖြစ်ရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း နစကမှ အသိပေးထားသည်။

ထို့ပြင် အမေရိကန်နိုင်ငံသည် အကြမ်းဖက်အဖွဲ့များကို ခေါင်းစဉ်အမျိုးမျိုး၊ အကြောင်းအမျိုးမျိုးဖြင့် ကူညီနေသည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တရားဝင်ထုတ်ဖော်ပြောကြားခဲ့သည်။

အိန္ဒိယ၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားစသော နိုင်ငံများသည် သမိုင်းအစဉ်အလာအရ ရင်းနှီးသောမိတ်ဆွေ နိုင်ငံများပင်ဖြစ်ကြောင်းလည်း နစကမှ ထုတ်ဖော်အသိပေးထားသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

လူအများက တိုက်စစ်မှူးဟာလန်းကို ကျရှုံးစေချင်ကြကြောင်း မန်စီးတီးနည်းပြ ထုတ်ပြော

RECENT POSTS
မန္တလေးတွင် အုတ်တံတိုင်းပြိုကျကာ အဖီဆွဲနေထိုင်သူများအပေါ် ပိမိသောကြောင့် (၁)ဦးသေဆုံးကာ (၃)ဦး အပြင်းအထန်ဒဏ်ရာရ
24 Sep 2024
ဝန်ကြီးချုပ်နေတန်ရာဟု နှင့် အစ္စရေးအစိုးရထိပ်တန်း အရာရှိကြီးများကို လုပ်ကြံမည့် ဂျူးလူမျိုးတစ်ဦး ဖမ်းဆီးခံရ
24 Sep 2024
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေပိုမိုမြင့်တက်လာတာက ဘယ်နိုင်ငံအတွက်မှ အကျိုးအမြတ်မရှိဘူးလို့ G7 အဖွဲ့ပြော
24 Sep 2024
ယူကရိန်းသမ္မတက အမေရိကန်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်တွေကို အနိုင်ရစေလိုနေတယ်လို့ ဒေါ်နယ်ထရမ့်ပြော
24 Sep 2024
ယူနွတ်၏ဖိတ်ကြားချက်အရ လူထုအုံကြွမှုတော်လှန်ရေး၌ ဒဏ်ရာရသူများကို ကုသပြုစုရန်ဟုဆိုကာ တရုတ်ဆေးအဖွဲ့ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိ
24 Sep 2024
မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို တုံ့ပြန်နိုင်ကြောင်း တောင်ကိုရီးယားအစိုးရပြော
24 Sep 2024
ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ သွယ်ဝိုက်ကူညီနေသည်ဆိုသော သတင်းများကို အိန္ဒိယအစိုးရ ငြင်းဆန်
24 Sep 2024
နိုင်ငံအနှံ့ ရေဘေးဒဏ်ခံစားနေရသော်လည်း NUG-PDF များက အရပ်သားများကို အကြမ်းဖက်သတ်ဖြတ်နေမှု ဆက်လက်မြင့်တက်
24 Sep 2024
ပြင်သစ်သမ္မတက ရွေးချယ်ခန့်အပ်ထားသည့် ဝန်ကြီးချုပ်အသစ် နုတ်ထွက်ရဖွယ်ရှိနေ
24 Sep 2024
ယူကရိန်းစစ်ပွဲအတွက် ဒရုန်း အစင်းရေ တစ်သန်းခွဲနီးပါး တိုးမြှင့်ထုတ်လုပ်မည်ဟု ရုရှားသမ္မတပူတင် ပြော
24 Sep 2024
ကျောက်မဲမှထွက်ခွာသူများကို TNLA က လူသားတံတိုင်းလုပ်ရန် ခြိမ်း ခြောက်ပြီးပြန်ခေါ်နေ
24 Sep 2024
ထိုင်ဝမ်အရေး၌ အမေရိကန်စစ်တပ်နှင့်ဆက်နွှယ်နေသည့် ကုမ္ပဏီ(၉)ခုကို တရုတ်အစိုးရ ပိတ်ဆို့မှုချမှတ်
24 Sep 2024
ဂျိုးဘိုင်ဒန် သက်တမ်းမကုန်ဆုံးမီ ဂါဇာအပစ်ရပ်စာချုပ် ဖြစ်လာနိုင်ဖွယ် မရှိဟု အမေရိကန်အရာရှိများယုံကြည်နေ
24 Sep 2024
အိန္ဒိယ-မြန်မာ ကုန်သွယ်မှုတွင် ရူးပီးနှင့် ကျပ်ငွေပေးချေမှုကို တိုးမြှင့်ရန်စီစဉ်
23 Sep 2024
ရခိုင်စစ်ဘေးရှောင် (၅ဝဝ)နီးပါး အရေပြားရောဂါဖြစ်နေသော်လည်း AA မကူညီနိုင်
23 Sep 2024
‘‘ရေဘေးဖြစ်စဉ်မှ ပြန်လည်တွေ့မြင်လာရတဲ့ မြန်မာတို့ရဲ့လေးစားဖွယ်အပြုအမူတွေနဲ့ အကြမ်းဖက်အားပေးတို့ရဲ့ မနာလိုမှု” (အနုပညာဆောင်းပါး)
23 Sep 2024
အမေရိကန်နိုင်ငံမှာ ရွေးကောက်ပွဲမတိုင်မီ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုတွေ တစ်ကျော့ပြန်လည်ဖြစ်ပွားလာနေ
23 Sep 2024
အလေးချိန်(၃၀၀)ကီလိုဂရမ်ရှိတဲ့ ပထမကမ္ဘာစစ်အတွင်းက ဗုံးတစ်လုံးကို အောင်မြင်စွာ ဖယ်ရှားပစ်နိုင်ခဲ့တယ်လို့ ဆားဘီးယားရဲတပ်ဖွဲ့ပြော
23 Sep 2024
လာမယ့်အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ၂ဝ၂၈ ခုနှစ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့်ပြော
23 Sep 2024
PDF များက ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ရွာသား(၅ဝ)ကျော်ကို ဖမ်းဆီးသွားမှု ချောင်းဦး၌ဖြစ်ပွား
23 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved