ပုသိမ်မြို့တွင် လူနေစျေးဆိုင်ခန်းမီးလောင်၍ အသက် ၁၅ နှစ်အရွယ် ပိုလီယိုရောဂါသည် မိန်းကလေးတစ်ဦး သေဆုံး
NSS - အောက်တိုဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ဘူတာစျေးအနီးရှိ ဘောလုံးကွင်းရှေ့၊ ဝဏ္ဏသိင်္ဂီလမ်းတွင် ဖွင့်လှစ်ထားသော လူနေစျေးဆိုင်ခန်း၌ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုသည် ယမန်နေ့ (အောက်တိုဘာလ ၂၅ ရက်) က ဖြစ်ပွားခဲ့ပြီး အသက် ၁၅ နှစ်အရွယ် ပိုလီယို ရောဂါ ဝေဒနာသည် မိန်းကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း ပုသိမ်မြို့နယ် မီးသတ်တပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးထံမှသိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့ ပုသိမ်မြို့နယ် မီးသတ်တပ်ဖွဲ့က မီးသတ်ယာဥ်၊ ရေသယ်ယာဥ်တို့ဖြင့် လာရောက်ငြှိမ်းသတ်ခဲ့ရာ အခြားနေရာများအား ကူးစက်ခြင်းမရှိဘဲ အချိန်မီငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
"လူနေစျေးဆိုင်ခန်းတစ်ခန်း မီးလောင်မှုဖြစ်သွားတယ်။ ဘေးဘယ်ဝဲယာ ကူးစက်ခြင်းမရှိခဲ့ပါဘူး။ အချိန်မီ ငြှိမ်းသတ်နိုင်ခဲ့ပါတယ်။ မီးလောင်ကျွမ်းတဲ့အထဲမှာ အသက် ၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦး မီးတွင်းထဲ သေဆုံးလျက်တွေ့ရှိပါတယ်။ စတင်လောင်ကျွမ်းမှုကို စစ်ဆေးနေဆဲဖြစ်ပါတယ်"ဟု ၎င်းက ဆက်လက်ပြောသည်။
မီးလောင်ကျွမ်းမှုကြောင့် ကာလတန်ဖိုး ငွေကျပ် သိန်း ၅၀ ခန့်ဆုံးရှုံးခဲ့ပြီး အသက် ၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦး မီးလောင်သေဆုံးသွားခဲ့ကြောင်း ပုသိမ်မြို့နယ် မီးသတ်တပ်ဖွဲ့မှသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ရန် မြန်မာ-ရုရှားဆွေးနွေး
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း