နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ရန် မြန်မာ-ရုရှားဆွေးနွေး
Pearl (NSS) - အောက်တိုဘာ ၂၆
နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ရန် မြန်မာ-ရုရှားဆွေးနွေးခဲ့ကြောင်းသတင်းရရှိသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ စစ်ဘက်ဆိုင်ရာ တက္ကသိုလ်ကျောင်းအုပ်ကြီး ဒုတိယဗိုလ်ချုပ်ကြီး အီဂေါမီရှုသ်ကင် (Lieutenant General Igor MISHUTKIN) ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား အောက်တိုဘာလ (၂၅)ရက်တွင် နေပြည်တော်၌လက်ခံတွေ့ဆုံခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ ကြောင်း သိရသည်။
ထို့ပြင် ရုရှားနိုင်ငံ စစ်ဘက်ဆိုင်ရာတက္ကသိုလ်မှ ဆောင် ရွက်လျက်ရှိသည့် သင်ကြားရေးဆိုင်ရာများ အပါအဝင် မြန်မာဘာသာစကားကို တိုးချဲ့သင်ကြားနိုင်ရေး ဆောင် ရွက်လျက်ရှိမှု နှင့် မြန်မာနိုင်ငံ၌ မြန်မာဘာသာစကား လာရောက်သင်ကြားခွင့်ရရှိရေး ဆောင်ရွက်ပေးစေလိုမှု အခြေအနေများကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အလားတူ မြန်မာ့တပ်မတော်နှင့် ရုရှားတပ်မတော်တို့ သည် ပြည်သူကပေါက်ဖွားလာသည့် တပ်မတော်များဖြစ်သည်နှင့်အညီ နိုင်ငံတော်နှင့်ပြည်သူကို ကာကွယ်စောင့်ရှောက်ပေးနေမှုကြောင့် ကာကွယ်ရေးတာဝန်များကို အောင်မြင်စွာ ထမ်းဆောင်နိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ချက်ကြိုးတန်းလန်းဖြင့်စွန့်ပစ်ခံခဲ့ရသည့် ကလေးငယ် ကွယ်လွန်သွားပြီဟု ပရဟိတမင်းသမီး ခိုင်နှင်းဝေပြော
RELATED POSTS
21 Sep 2024 | အထွေထွေ,နိုင်ငံတကာ
20 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း