ချက်ကြိုးတန်းလန်းဖြင့်စွန့်ပစ်ခံခဲ့ရသည့် ကလေးငယ် ကွယ်လွန်သွားပြီဟု ပရဟိတမင်းသမီး ခိုင်နှင်းဝေပြော
NSS - အောက်တိုဘာ ၂၆
မီးရထားလမ်းတွင် ချက်ကြိုးတန်းလန်းဖြင့်စွန့်ပစ်ခံခဲ့ရသည့် မွေးကင်းစသမီးငယ်လေး ကွယ်လွန်သွားပြီဖြစ်ကြောင်း ပရဟိတမင်းသမီး သရုပ်ဆောင်ခိုင်နှင်းဝေက ပြောသည်။
လွန်ခဲ့သော အောက်တိုဘာလ ၂၃ ရက်၊ ည ၉ နာရီကျော်အချိန်ခန့်က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ၊ မြစပယ် လမ်းအတွင်းရှိ မီးရထားလမ်းဘေးတွင် ချက်ကြိုးတန်း လန်းဖြင့် စွန့်ပစ်ခံထားရသည့် မွေးကင်းစမိန်းကလေးငယ်တစ်ဦးကို ခိုင်နှင်းဝေဖောင်ဒေးရှင်းက ကူညီကယ် တင်ထားခဲ့ခြင်းဖြစ်သည်။
ပရဟိတမင်းသမီးခိုင်နှင်းဝေက “စိတ်မကောင်းစွာပဲ အသိပေးပါရစေရှင်။ သမီးလေး ဆုံးသွားပါပြီ။ အတတ်နိုင်ဆုံး ကြိုးစားကုသပေမယ့် အသက်မကယ်နိုင်လိုက်ပါဘူး။ ဒီဘဝမှာ (၄)ရက်သာ အသက်ရှင်ခွင့်ရပေမယ့် နောက်ဘဝ ဆက်တိုင်း အခုလို အဖြစ်ဆိုးမှ ဝေးပါစေ နော်”ဟု ၎င်းက လူမှုကွန်ယက်မှတစ်ဆင့် ယနေ့ (အောက်တိုဘာလ ၂၆ ရက်) နံနက်ပိုင်းက ပြောကြားခဲ့သည်။
ပရဟိတ မင်းသမီး ခိုင်နှင်းဝေသည် မြန်မာကြယ်ဖြူ ပရဟိတအဖွဲ့နှင့်ချိတ်ဆက်ကာ အဆိုပါကလေးငယ်ကိုကယ်ဆယ်လာခဲ့သော်လည်း လေးရက်မြောက်နေ့တွင် အသက်ဆုံးပါးခဲ့ခြင်းဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သီတင်းကျွတ်ဈေးရောင်းပွဲတော်သို့ လာရောက်ကြမည့်သူများ သွားလာရေးအဆင်ပြေစေရန်အတွက် YBS ယာဉ်လိုင်း (၇)လိုင်းပြေးဆွဲပေးမည်
RELATED POSTS
21 Sep 2024 | အထွေထွေ,နိုင်ငံတကာ
20 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း