ဖယ်ခုံမြို့နယ်၌ အမျိုးသား(၂)ဦးကို PDF အဖွဲ့ဝင်တစ်ဦးက သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့ဟု ရဲတပ်ဖွဲ့ဆို
NSS - အောက်တိုဘာ ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်တွင် အမျိုးသား(၂)ဦးကို PDF အဖွဲ့ဝင်တစ်ဦးက သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော (အောက်တိုဘာလ ၂၃ ရက်)၊ မွန်းလွဲ ၃နာရီအချိန်တွင် ဖယ်ခုံမြို့နယ်၊ မြို့ကုန်းရပ် ကွက်တွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါရပ်ကွက်တွင်နေထိုင်သည့် ဦးနေမျိုး(၄၂)နှစ်သည် ၎င်း၏နေအိမ်၌ တစ်ရပ်ကွက်တည်းနေ ဦးအောင်ဦး(၅၁)နှစ်၊ မောင်အိုက်သား(၁၄)နှစ်အပြင် ဟိန်ဓမ္မရပ် ကွက်နေ ဦးစိုင်းနပိုလီယံထွန်း(ခ)နပိုလီယံထွန်း(ခ)သားပို(၄၁)နှစ်တို့နှင့်အတူရှိနေစဉ် PDF အဖွဲ့ဝင်တစ်ဦးက နေအိမ်သို့ ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်သတ်ဖြတ်ခံရမှုကြောင့် ဦးနေမျိုးတွင် ဝဲချိုင်းအောက်ကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက်၊ နောက် ကျောယာဘက် ကျည်ဖောက်ဝင် ဒဏ်ရာတစ်ချက်၊ ယာလက်မောင်းကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက်တို့ရရှိခဲ့ပြီး ဦးစိုင်းနပိုလီယံထွန်း(ခ)နပိုလီယံထွန်း(ခ)သားပို၌ ဦးခေါင်းထိပ်ပွင့်ထွက် ဒဏ်ရာတစ်ချက်နှင့် ဝဲပါးပေါက်ပြဲဒဏ်ရာတစ်ချက်တို့ရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့နောက် လုပ်ကြံသတ်ဖြတ်မှုကျူးလွန်သူအား ဖော် ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီအပြစ်ပေးအရေးယူနိုင်ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပုသိမ်မြို့တွင် လူနေစျေးဆိုင်ခန်းမီးလောင်၍ အသက် ၁၅ နှစ်အရွယ် ပိုလီယိုရောဂါသည် မိန်းကလေးတစ်ဦး သေဆုံး
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း