Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဓါးဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားနှင့် သတိလစ်နေသည့် အမျိုးသမီးတို့ကို စမ်းချောင်းမြို့နယ်ရှိ (၆)လွှာတိုက်ခန်းအတွင်း တွေ့ရှိ

NP News - ဖေဖော်ဝါရီ ၂၇

ဓါးဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားနှင့် သတိလစ်နေသည့် အမျိုးသမီးတို့ကို စမ်းချောင်းမြို့နယ်ရှိ (၆)လွှာတိုက်ခန်းတစ်ခုအတွင်း တွေ့ရှိခဲ့ရကြောင်း သတင်းရရှိသည်။

အဆိုပါဖြစ်စဉ်အား ဖေဖော်ဝါရီလ ၂၆ ရက်၊ ည ၁၁ နာရီကျော်အချိန်ခန့်တွင် ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ရှင်စောပုရပ်ကွက်၊ စမ်းချောင်းလမ်းပေါ်ရှိ (၆)လွှာတိုက်ခန်းတစ်ခုအတွင်း တွေ့ရှိခဲ့ရကြောင်း အခင်းဖြစ်ပွားရာနေရာရှိ သတင်းအရင်းအမြစ်တစ်ဦးက NP News ကို ပြောသည်။

“အဲဒီအခန်းထဲမှာ ရန်ဖြစ်တဲ့ အသံတွေလည်းကြားရတယ်။ ကယ်ပါကူပါဆိုပြီးတော့ အော်သံတွေလည်း ကြားရတယ်။ အဲဒါနဲ့ သက်ဆိုင်ရာကို ဖုန်းဆက်ပြီး အခန်းကို ဝင်ကြည့်တဲ့အခါမှာ အမျိုးသားတစ်ဦးက ဓါးဒဏ်ရာတွေနဲ့ သေနေတာကို တွေ့ရတာပေါ့။ အမျိုးသမီးကတော့ အသက်တော့ ရှိသေးတယ်။ ဒါပေမယ့် သတိလစ်နေတာကို တွေ့ရတယ်” ဟု အထက်ပါသတင်းအရင်းအမြစ်က ပြောသည်။

၎င်းအခန်းအတွင်း၌ သေဆုံးနေသည့် အမျိုးသားတစ်ဦးမှာ ဓါတ်ပုံဆရာတစ်ဦးဖြစ်ကြောင်းကြားသိရပြီး ၎င်းမှာ လည်ပင်း၊ ဝမ်းဗိုက်၊ လက်နှင့် ပေါင်တို့တွင် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း ၎င်းက ဆက်လက်ပြောဆိုထားသည်။

ထို့ပြင် အခန်းအတွင်း သိလစ်နေသည့် အမျိုးသမီးတစ်ဦးမှာ အသက်(၁၉)နှစ်အရွယ်ခန့်သာ ရှိသေးကြောင်း ကြားသိရပြီး သူမသည်လည်း ဝမ်းဗိုက်၊ ပေါင်နှင့် လက်တို့တွင်လည်း ဒဏ်ရာများဖြင့် သတိလစ်နေသည်ကို တွေ့ရှိခဲ့ရကြောင်း ၎င်းက ထပ်မံပြောဆိုထားသည်။

“ဘယ်လိုတွေ ဖြစ်တယ်ဆိုတာတော့ သေချာမသိဘူး။ သက်ဆိုင်ရာရဲတွေကတော့ စုံစမ်းစစ်ဆေးနေတာ တွေ့ရတယ်” ဟု အခင်းဖြစ်ပွားရာနေရာရှိ သတင်းအရင်းအမြစ်က ဆိုသည်။

ထိုသို့ အခင်းဖြစ်ပွားပြီးနောက် လူမှုကူညီရေးအသင်းမှ ကားများရောက်ရှိလာကာ အထက်ပါ အမျိုးသားနှင့် အမျိုးသမီးတို့ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း ကြားသိရသည်။

zawgyi version


NP News - ဖေဖော်ဝါရီ ၂၇








Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ခိုလှုံခွင့်အပေါ် အိမ်ဖြူတော် ကတိမတည်ဘဲ အမေရိကန်-မက္ကဆီကိုနယ်စပ် လူဝင်မှုကို ပိတ်ပင်နေ

RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved