Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ခိုလှုံခွင့်အပေါ် အိမ်ဖြူတော် ကတိမတည်ဘဲ အမေရိကန်-မက္ကဆီကိုနယ်စပ် လူဝင်မှုကို ပိတ်ပင်နေ

Htay Oung (NP News) - ဖေဖော်ဝါရီ ၂၈

ဂျိုးဘိုင်ဒန်ရဲ့ အမေရိကန်အစိုးရဟာ နိုင်ငံတောင်ပိုင်းနယ်စပ်မှာရှိနေတဲ့ ရွှေ့ပြောင်းအခြေချသူအားလုံးနီးပါးကို ပြည်ဝင်ခွင့်တားမြစ်လိုက်ပြီး ခိုလှုံခွင့်လျှောက်ထားနိုင်မှုကို ငြင်းပယ်ကြောင်း ပြင်းထန်တဲ့ လူဝင်မှုကြီးကြပ်ရေး မူဝါဒသစ်ကို အင်္ဂါနေ့(ဖေဖော်ဝါရီလ ၂၈ ရက်)မှာ ကြေညာခဲ့ပါတယ်။ 

အဲဒီ မူဝါဒအသစ်ဟာ ဖက်ဒရယ် ပြည်သူ့ကျန်းမာရေးဆိုင်ရာကိုဓဥပဒေ ခေါင်းစဉ် ၄၂ သက်တမ်းကုန်ဆုံးချိန်လာမည့် မေလ ၁၁ ရက်မှာ စတင်အသက်ဝင်မှာဖြစ်ကြောင်း မီချီဂန်ပြည်နယ်အခြေစိုက် World Socialist Web Site (23 February 2023) ဒစ်ဂျစ်တယ်မီဒီယာက ရေးသားပါတယ်။

ယခင်က လူတိုင်းနီးပါး ကြားပင်၊ မကြားခဲ့ဖူးတဲ့ အဲဒီ အမေရိကန်ပြည်သူ့ကျန်းမာရေးဆိုင်ရာဥပဒေဟာ ရွှေ့ပြောင်းအခြေချသူများအကြား Covid-19 ပျံ့နှံ့မှုကို တားဆီးလေဟန်မျက်နှာဖုံးစွပ်ပြီး အမေရိကန်-မက္ကဆီကိုနယ်စပ် လူဝင်မှုကြီးကြပ်ရေးကိစ္စကို ဟန့်တားဖို့အတွက် ဒေါ်နယ်ထရမ့် အစိုးရက ပထမဆုံးအသုံး ပြုခဲ့ပါတယ်။ ရက်စက်ကြမ်းကြုတ်ပြီး အရေခြုံပေါ်လစီကို ကပ်ရောဂါ ပြီးဆုံးသွားပြီဖြစ်ကြောင်း ကိုယ် တိုင်ကြွေးကြော်ခဲ့သူ ဂျိုးဘိုဒန်က အမွေဆက်ခံထားပါတယ်။

ဘိုင်ဒန်ရဲ့ မူဝါဒအသစ်ဟာ ယခင်ကျန်းမာရေးဆိုင်ရာဥပဒေရဲ့ ဟာကွက်များကို ဖြည့်ဆည်းပေးရန် ရည် ရွယ်ထားပါတယ်။ ဆိုလိုသည်မှာ တောင်ပိုင်းနယ်စပ်ကို ခြေလျင်ဖြတ်ကူးရန် ကြိုးပမ်းတဲ့ ရွှေ့ပြောင်းနေထိုင်သူအားလုံးတို့အနေနဲ့ တရားရုံးကြားနာမှု သို့မဟုတ် ခိုလှုံခွင့်လျှောက်ထားခြင်းကို တစ်စုံတစ်ရာ စဉ်းစားမည်မဟုတ်ပဲ ပြည်နှင်ဒဏ်ပေးခံရမယ်လို့ အဓိပ္ပါယ် ရပါတယ်။

မက္ကဆီကိုနယ်မြေကို ဖြတ်သန်းလာတဲ့ ရွှေ့ပြောင်းအခြေချသူအားလုံးတို့အနေနဲ့ မက္ကဆီကိုက ဆောင်ရွက်ရန် ပျက်ကွက်တဲ့နည်းတူ သူတို့ရဲ့ ခိုလှုံခွင့်ဟာ အမေရိကန်မှာလည်း ဆုံးရှုံးရခြင်းဖြစ်တယ်လို့ တရားမျှတလေဟန် ဘိုင်ဒင်အစိုးရက ဆိုပါတယ်။ ဒါပေမယ့် လက်တွေ့မှာ မက္ကဆီကိုနိုင်ငံကိုယ်တိုင် ဒုက္ခသည်တွေ ထွက်ပြေးလာတဲ့ နိုင်ငံများနည်းတူ အကြမ်းဖက်မှု၊ ဆင်းရဲမွဲတေမှုဒဏ်များနဲ့ ဦးနှောက်ခြောက်နေရတဲ့ တိုင်းပြည်ဖြစ်ပါတယ်။ သမ္မတ အန်ဒရေ_မန်နျူရယ်_လိုပက်ဇ်_အိုဘရာဒိုလက်ထက် မက္ကဆီကိုဟာ အမေရိကန်နယ်ချဲ့စနစ်ကိုယ်စား ဗဟိုအမေရိကနဲ့ ကာရေဘီယံရွှေ့ပြောင်းနေထိုင်သူများအပေါ် နှောင့်ယှက်ခြင်း၊ ရိုက်နှက်ညှဉ်းပန်းနှိပ်စက်ခြင်းများ ရှိခဲ့ပါတယ်။ ၂၀၁၈- ခုနှစ် မက္ကဆီကိုဟာ အအေးဒဏ်၊ ငတ်မွတ်မှုအပြင် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မက္ကဆီကန် မူးယစ်ဂိုဏ်းများရဲ့ သတ်ဖြတ်မှုများ၊ အမေရိကန်မှာ ခိုလှုံခွင့် ရှာဖွေနေသူ ထောင်ပေါင်းများစွာတို့ရဲ ယာယီတဲစခန်းများနဲ့ ငုပ်ခြည် ပေါ်ခြည်လုံးထွေးနေခဲ့ပါတယ်။

ရွေးကောက်ပွဲကာလ ဂျိုးဘိုင်ဒန်ဟာ ဒေါ်နယ်ထရမ့် အစိုးရရဲ့ ရွှေ့ပြောင်းနေထိုင်သူများဆန့်ကျင်ရေးမူဝါဒများကို ပြောင်းပြန်လှန်ပြီး ခိုလှုံဖို့ ရပိုင်ခွင့်ကို ထောက်ခံမယ်လို့ (ဆန္ဒမဲစနစ် လစ်ရယ်နိုင်ငံရေးသမားတို့ ထုံးစံအတိုင်း၊ သူဖြူလျှင် ငါမည်း) ကတိပြုခဲ့ပါတယ်။ ဒါပေမဲ့ သူ့အစိုးရရဲ့ ယခုမိတ်ဆက်လိုက်တဲ့ ပေါ်လစီသစ်က အဲဒါ နဲ့ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေပါတယ်။ အမေရိကန်ဟာ ဒုတိယကမ္ဘာစစ်နဲ့ လူအစုအပုံလိုက် အသက်ဘေးကပ်ဆိုက်ခြင်းများအပြီး ခိုလှုံခွင့်ကို အတိအလင်းအာမခံတဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ ၁၉၅၁ နဲ့ ၁၉၆၇ ပရိုတိုကောများကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းပြည်ဖြစ်ပါတယ်။ ၁၉၅၁ ခုနှစ် ပရိုတိုကော အပိုဒ် ၃၃ အရ စာချုပ်ချုပ်ဆိုတဲ့ နိုင်ငံမှ ဒုက္ခသည်တစ်ဦးကို သူ့ရဲ့အသက်ဘေး သို့မဟုတ် လွတ်လပ်မှုအပေါ် ခြိမ်းခြောက်နိုင်တဲ့ နယ်မြေ/ပိုင်နက်များထံ မည်သည့်နည်းဖြင့်မျှ နှင်ထုတ်ခြင်း သို့မဟုတ် ပြန်လည်လွှဲပြောင်းခြင်း မပြုနိုင်ပါဘူး။

အမေရိကန်အစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ လက်တင်အမေရိကတစ်ဝှမ်းရှိ အလုပ်သမားအများအပြားတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်အပေါ် ဆိုးဆိုးရွားရွားအကျိုးသက်ရောက်စေပါလိမ့်မယ်။ အဲဒီအလုပ်သမားတွေဟာလဲ ရာစုနှစ်တစ်ခုကျော် အမေရိကန်နယ်ချဲ့တို့ရဲ့ အမြတ်ထုတ်မှုကြောင့် ပျက်စီးသွားရတဲ့ လူ့အဖွဲ့အ စည်းများဖြစ်ပါတယ်။ မရေမတွက်နိုင်တဲ့ ရွှေ့ပြောင်းအခြေချသူများဟာ သူတို့အပေါ်နှိပ်စက်ညှဉ်းပန်းသူများရဲ့ လက်ထဲကို ပြန်ပို့ခံရပါလိမ့်မယ်။ နောက်ထပ် လူထောင်ပေါင်းများစွာတို့ဟာ အမေရိကန်မှာ ရှိနှင့်ပြီးသား မိဘ- သားသမီး- ဆွေမျိုးများနဲ့ ရာသက်ပန် ကွဲကွာကြရပါလိမ့်မယ်။ သူတို့ရဲ့ မိသားစုများထံ ပြန်လွှဲငွေ ဘီလီယံချီ ဆုံးရှုံးပြီး COVID-19 ကပ်ရောဂါ၊ ရာသီဥတုဖောက်ပြန်မှု၊ ရုရှားကတစ်ဖက် အမေရိကန်-နေတိုးကတစ်ဖက် စစ်ပွဲများကြောင့် ငတ်မွတ်ခေါင်းပါးမှုနဲ့ ဆင်းရဲမွဲတေမှုကို ပိုမိုလှုံဆော်ပေးပါလိမ့်မယ်။

 အမေရိကန်သမိုင်းမှာ ယခုပုံစံ ဝါးလုံး ချေးသုတ်ရမ်းသလိုမျိုး ဒီမိုကရေစီအပေါ် ဆန့်ကျင်တဲ့ စံနမူနာသုံးမျိုးသာ ရှိခဲ့ပါတယ်။

● ပထမ တရုတ်အလုပ်သမားများ ရွှေ့ပြောင်းဝင်ရောက်မှုအားလုံးကို တားမြစ်ပိတ်ပင်ဖို့အတွက် ၁၈၈၂ ခုနှစ်မှာ စတင်လိုက်တဲ့ တရုတ်ဘေးချိတ်ရေး ဥပဒေဖြစ်ပါတယ်

● ဒုတိယ ရုရှတော်လှန်ရေးအပြီး တောင်ပိုင်းနှင့် အရှေ့ဥရောပနိုင်ငံများမှ ဆင်းရဲနွမ်းပါးသော နိုင်ငံများမှ လူဝင်မှုကို ဖယ်ထုတ်ထားတဲ့ “၁၉၂၄-ခုနှစ် ဂျွန်ဆင်-ရိဒ် အက်ဥပဒေ" ဖြစ်ပါတယ်။ အဲ့ဒီဥပဒေဟာ ဂျာမန်နာဇီဥပဒေ ပညာရှင်များ ရေးဆွဲပြီး ဟစ်တလာက အတည်ပြုခဲ့တဲ့ “တတိယ ဂျာမန်နိုင်ငံတော်" နဲ့ အလားတူဖြစ်ကြောင်း၊ တရုတ်တွေကို ဘေးချိတ်တဲ့ ဥပဒေအပါအဝင် ဂျွန်ဆင်-ရိဒ် အက်ဥပဒေဟာ လူမျိုးရေးကို လိုသလို ပုံသွင်းဖို့ ဟစ်တလာစတိုင် အမေရိကန်ဥပဒေဖြစ်ကြောင်း ယေးလ်ဥပဒေပါမောက္ခ ဂျိမ်းစ်ဝှစ်မန်းက သူ့ရဲ့ ၂ဝ၁၇ ခုနှစ် စာအုပ်မှာ ရှင်းပြထားပါတယ်။

● တတိယအနေနဲ့ အမေရိကန်နိုင်ငံတစ်ဝှမ်း လေဆိပ်များမှာ သူ့ဖာသာ ဆန္ဒပြမှုများနဲ့ ကြုံဆုံခဲ့တဲ့ ဒေါ်နယ်ထရမ့်က ၂ဝ၁၇ ခုနှစ်ဆန်းပိုင်း မွတ်ဆလင်အများစုနေထိုင်ရာ ခုနစ်နိုင်ငံမှ ခရီးသွားလာမှုအပေါ် တားမြစ်ပိတ်ပင်တဲ့ သမ္မတရဲ့ အခွင့်အာဏာသုံး အမိန့်ဖြစ်ပါတယ်။

ခိုလှုံခွင့်ပိတ်ပင်မှုဟာ သမိုင်း၀င်လောက်တဲ့ ဖောက်ပြန်မှုဖြစ်ပေမဲ့ ရုရှားရဲ့ ရာဇ၀တ်မှုများအပေါ် အဆုံးမရှိ ရှုတ်ချရာမှာ လက်သွက်တဲ့ ကော်ပိုရိတ်မီဒီယာအားလုံးနီးပါးဟာ အဲ့ဒီလုပ်ရပ်နဲ့ ပတ်သက်ပြီး နှုတ်ဆိတ်နေကြပါတယ်။ New York Times၊ Washington Post သို့မဟုတ် CNN တို့ရဲ့ အွန်လိုင်း ရှေ့ဖုံးစာမျက်နှာများမှာ ခိုလှုံ ခွင့်ပိတ်ပင်မှုနဲ့ ပတ်သက်တဲ့ ဝေဖန်ချက်ဆောင်းပါးပင် ရှာမတွေ့ပါ။ အမေရိကန်နယ်ချဲ့ဝါဒဟာ ဒီမိုကရေစီ ချန်ပီယန်ဖြစ်ပြီး ရုရှားနဲ့ အမေရိကန်-နေတိုးစစ်ပွဲဟာ ဒီမိုကရေစီအပေါ် ခုခံကာကွယ်နေတယ်လို့ ပြောဆိုမှုဟာ လိမ်လည်ခြင်းသာဖြစ်ကြောင်း ခိုလှုံခွင့် ပိတ်ပင်ခြင်းကိစ္စမှာ မီဒီယာတွေရဲ့ နှုတ်ဆိတ်မှုနဲ့ ဝန်ခံနေပါတယ်။

၂ဝ၂၂ ခုနှစ် ဇွန်လမှာ ဂျိုးဘိုင်ဒန် “ကမ္ဘာ့ဒုက္ခသည်များနေ့” အထိမ်းအမှတ် ကြေငြာချက်မှာ ခိုလှုံခွင့်တောင်းခံသူများအတွက် အမေရိကန်ဟာ မျှော်လင့်ချက်မီးရှူးတန်ဆောင်အဖြစ် တင်စားခဲ့ပြီး လူသန်းပေါင်း ၁ဝဝ ကျော်တို့ကို မိခင်နိုင်ငံမှ ထွက်ပြေးရန် အတင်းအကြပ် ဖိအားပေးခံနေရတဲ့ ရုရှား-ယူကရိန်းစစ်ပွဲကို အပြစ်တင်ခဲ့ပါတယ်။ တကယ်တော့ အဆိုပါ ကမ္ဘာ့ဒုက္ခသည် သန်း ၁ဝဝ ခန့်အနက် အများစုဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် သုံးခုအတွင်း အမေရိကန်နယ်ချဲ့ဝါဒရဲ့ စစ်ပွဲများကြောင့် ပျက်သုဉ်းခဲ့ရတဲ့ အီရတ်၊ အာဖဂန်နစ္စတန်၊ လစ်ဗျားနဲ့ ဆီးရီး ယားနိုင်ငံတို့မှ ဖြစ်ကြောင်းကိုတော့ ဖုံးကွယ်ထားပါတယ်။

အမေရိကန်နယ်ချဲ့ဝါဒရဲ့ အရေခြုံမှုနဲ့ လိမ်ညာမှုတွေဟာ အကန့်အသတ် မရှိပါဘူး။ ပြီးခဲ့တဲ့ သီတင်းပတ် ဒုတိယသမ္မတ ကမီလာ_ဟဲရစ်စ်ရဲ့ မိန့်ခွန်းမှာ ရုရှားတို့က လူသားမျိုးနွယ်အပေါ် ရာဇ၀တ်မှုကျူးလွန်ကြောင်း သက်သေပြချက်အဖြစ် ယူကရိန်းမှ ပြည်နှင်ဒဏ်ပေးခြင်းကို ကိုးကားပြောဆိုသွားပါတယ်။ “ရုရှားအာဏာပိုင်တွေဟာ ကလေးငယ်များအပါအဝင် ယူကရိန်းမှ လူထောင်ပေါင်းများစွာတို့ကို ရုရှားနိုင်ငံသို့ အတင်းအကျပ် ပြည်နှင်ဒဏ် ပေးခဲ့ကြောင်း၊ သားသမီးတွေကို မိသားစုနဲ့ တစ်ကွဲတစ်ပြားဖြစ်အောင် ရက်ရက်စက်စက် ခွဲထားကြတယ်” လို့ ဆိုပါတယ်။ ရုရှားအစိုးရက အဆိုပါစွပ်စွဲချက်များကို ငြင်းဆိုထားပေမဲ့ ရွှေ့ပြောင်းနေထိုင်သူကလေးငယ်များကို သူတို့ရဲ့ မိဘများနဲ့ ခွဲထုတ်ရာမှာ အမေရိကန်ဟာ ကမ္ဘာ့ဦးဆောင်နိုင်ငံဖြစ်နေကြောင်း မည်သူမျှ မငြင်းနိုင်ပါဘူး။

၂ဝ၂၁ ခုနှစ် ဂျိုးဘိုင်ဒန် အစိုးရဟာ အမေရိကန်နိုင်ငံတစ်ဝှမ်းရှိ စက်ရုံများမှ ရွှေ့ပြောင်းနေထိုင်သူ ကလေးငယ် ၁၂၂ဝဝဝ ဦးကို ထိန်းသိမ်းထားကြောင်း CBS News ရဲ့ ရေးသားချက်အရ သိရှိရပါတယ်။ ဒေါ်နယ်ထရမ့် လက်ထက် သမ္မတရဲ့ နာဇီအကြံပေး စတီဗင်မေးလားရဲ့ ဖက်ဆစ် သွက်ချာပါဒစိတ်ကူးအရ ထောင်နဲ့ချီတဲ့ ကလေးငယ်များဟာ သူတို့ရဲ့ မိသားစုများနဲ့ တမင်အခွဲခံခဲ့ရပါတယ်။ အမေရိကန် ဖက်ဒရယ် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ကိုဓဥပဒေ ခေါင်းစဉ် ၄၂ အရ COVID-19 ရောဂါပိုး ပျံ့နှံ့နိုင်ဖွယ်ရှိတယ်လို့ သူတို့ရဲ့ လူမျိုးရေးခွဲခြားမှုအပေါ် တစ်လွဲမျက်နှာဖုံးစွပ်ပြီး ထောင်ပေါင်းများစွာသော ရွှေ့ပြောင်းအခြေချသူများကို နှင်ထုတ်ခဲ့ကြရာမှာ ထရမ့်နဲ့ ဘိုင်ဒန်အစိုးရတို့ဟာ အတူတူနဲ့ အနူနူချည့်သာဖြစ်ပါတယ်။

(World socialist web site.,25 February 2023,” White House violates right to asylum and bans immigration at US-Mexico border” ကို ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်သည်။)

zawgyi version

ခိုလႈံခြင့္အေပၚ အိမ္ျဖဴေတာ္ ကတိမတည္ဘဲ အေမရိကန္-မကၠဆီကိုနယ္စပ္ လူဝင္မႈကို ပိတ္ပင္ေန

Htay Oung (NP News) - ေဖေဖာ္ဝါရီ ၂၈

ဂ်ိဳးဘိုင္ဒန္ရဲ႕ အေမရိကန္အစိုးရဟာ ႏိုင္ငံေတာင္ပိုင္းနယ္စပ္မွာရွိေနတဲ့ ေ႐ႊ႕ေျပာင္းအေျခခ်သူအားလုံးနီးပါးကို ျပည္ဝင္ခြင့္တားျမစ္လိုက္ၿပီး ခိုလႈံခြင့္ေလွ်ာက္ထားႏိုင္မႈကို ျငင္းပယ္ေၾကာင္း ျပင္းထန္တဲ့ လူဝင္မႈႀကီးၾကပ္ေရး မူဝါဒသစ္ကို အဂၤါေန႔(ေဖေဖာ္ဝါရီလ ၂၈ ရက္)မွာ ေၾကညာခဲ့ပါတယ္။ 

အဲဒီ မူဝါဒအသစ္ဟာ ဖက္ဒရယ္ ျပည္သူ႔က်န္းမာေရးဆိုင္ရာကိုဓဥပေဒ ေခါင္းစဥ္ ၄၂ သက္တမ္းကုန္ဆုံးခ်ိန္လာမည့္ ေမလ ၁၁ ရက္မွာ စတင္အသက္ဝင္မွာျဖစ္ေၾကာင္း မီခ်ီဂန္ျပည္နယ္အေျခစိုက္ World Socialist Web Site (23 February 2023) ဒစ္ဂ်စ္တယ္မီဒီယာက ေရးသားပါတယ္။

ယခင္က လူတိုင္းနီးပါး ၾကားပင္၊ မၾကားခဲ့ဖူးတဲ့ အဲဒီ အေမရိကန္ျပည္သူ႔က်န္းမာေရးဆိုင္ရာဥပေဒဟာ ေ႐ႊ႕ေျပာင္းအေျခခ်သူမ်ားအၾကား Covid-19 ပ်ံ႕ႏွံ႔မႈကို တားဆီးေလဟန္မ်က္ႏွာဖုံးစြပ္ၿပီး အေမရိကန္-မကၠဆီကိုနယ္စပ္ လူဝင္မႈႀကီးၾကပ္ေရးကိစၥကို ဟန္႔တားဖို႔အတြက္ ေဒၚနယ္ထရမ့္ အစိုးရက ပထမဆုံးအသုံး ျပဳခဲ့ပါတယ္။ ရက္စက္ၾကမ္းၾကဳတ္ၿပီး အေရၿခဳံေပၚလစီကို ကပ္ေရာဂါ ၿပီးဆုံးသြားၿပီျဖစ္ေၾကာင္း ကိုယ္ တိုင္ေႂကြးေၾကာ္ခဲ့သူ ဂ်ိဳးဘိုဒန္က အေမြဆက္ခံထားပါတယ္။

ဘိုင္ဒန္ရဲ႕ မူဝါဒအသစ္ဟာ ယခင္က်န္းမာေရးဆိုင္ရာဥပေဒရဲ႕ ဟာကြက္မ်ားကို ျဖည့္ဆည္းေပးရန္ ရည္ ႐ြယ္ထားပါတယ္။ ဆိုလိုသည္မွာ ေတာင္ပိုင္းနယ္စပ္ကို ေျခလ်င္ျဖတ္ကူးရန္ ႀကိဳးပမ္းတဲ့ ေ႐ႊ႕ေျပာင္းေနထိုင္သူအားလုံးတို႔အေနနဲ႔ တရား႐ုံးၾကားနာမႈ သို႔မဟုတ္ ခိုလႈံခြင့္ေလွ်ာက္ထားျခင္းကို တစ္စုံတစ္ရာ စဥ္းစားမည္မဟုတ္ပဲ ျပည္ႏွင္ဒဏ္ေပးခံရမယ္လို႔ အဓိပၸါယ္ ရပါတယ္။

မကၠဆီကိုနယ္ေျမကို ျဖတ္သန္းလာတဲ့ ေ႐ႊ႕ေျပာင္းအေျခခ်သူအားလုံးတို႔အေနနဲ႔ မကၠဆီကိုက ေဆာင္႐ြက္ရန္ ပ်က္ကြက္တဲ့နည္းတူ သူတို႔ရဲ႕ ခိုလႈံခြင့္ဟာ အေမရိကန္မွာလည္း ဆုံးရႈံးရျခင္းျဖစ္တယ္လို႔ တရားမွ်တေလဟန္ ဘိုင္ဒင္အစိုးရက ဆိုပါတယ္။ ဒါေပမယ့္ လက္ေတြ႕မွာ မကၠဆီကိုႏိုင္ငံကိုယ္တိုင္ ဒုကၡသည္ေတြ ထြက္ေျပးလာတဲ့ ႏိုင္ငံမ်ားနည္းတူ အၾကမ္းဖက္မႈ၊ ဆင္းရဲမြဲေတမႈဒဏ္မ်ားနဲ႔ ဦးေႏွာက္ေျခာက္ေနရတဲ့ တိုင္းျပည္ျဖစ္ပါတယ္။ သမၼတ အန္ဒေရ_မန္န်ဴရယ္_လိုပက္ဇ္_အိုဘရာဒိုလက္ထက္ မကၠဆီကိုဟာ အေမရိကန္နယ္ခ်ဲ႕စနစ္ကိုယ္စား ဗဟိုအေမရိကနဲ႔ ကာေရဘီယံေ႐ႊ႕ေျပာင္းေနထိုင္သူမ်ားအေပၚ ေႏွာင့္ယွက္ျခင္း၊ ႐ိုက္ႏွက္ညႇဥ္းပန္းႏွိပ္စက္ျခင္းမ်ား ရွိခဲ့ပါတယ္။ ၂၀၁၈- ခုႏွစ္ မကၠဆီကိုဟာ အေအးဒဏ္၊ ငတ္မြတ္မႈအျပင္ နာမည္ဆိုးနဲ႔ ေက်ာ္ၾကားတဲ့ မကၠဆီကန္ မူးယစ္ဂိုဏ္းမ်ားရဲ႕ သတ္ျဖတ္မႈမ်ား၊ အေမရိကန္မွာ ခိုလႈံခြင့္ ရွာေဖြေနသူ ေထာင္ေပါင္းမ်ားစြာတို႔ရဲ ယာယီတဲစခန္းမ်ားနဲ႔ ငုပ္ျခည္ ေပၚျခည္လုံးေထြးေနခဲ့ပါတယ္။

ေ႐ြးေကာက္ပြဲကာလ ဂ်ိဳးဘိုင္ဒန္ဟာ ေဒၚနယ္ထရမ့္ အစိုးရရဲ႕ ေ႐ႊ႕ေျပာင္းေနထိုင္သူမ်ားဆန႔္က်င္ေရးမူဝါဒမ်ားကို ေျပာင္းျပန္လွန္ၿပီး ခိုလႈံဖို႔ ရပိုင္ခြင့္ကို ေထာက္ခံမယ္လို႔ (ဆႏၵမဲစနစ္ လစ္ရယ္ႏိုင္ငံေရးသမားတို႔ ထုံးစံအတိုင္း၊ သူျဖဴလွ်င္ ငါမည္း) ကတိျပဳခဲ့ပါတယ္။ ဒါေပမဲ့ သူ႔အစိုးရရဲ႕ ယခုမိတ္ဆက္လိုက္တဲ့ ေပၚလစီသစ္က အဲဒါ နဲ႔ ေျဖာင့္ေျဖာင့္ႀကီးဆန္႔က်င္ေနပါတယ္။ အေမရိကန္ဟာ ဒုတိယကမာၻစစ္နဲ႔ လူအစုအပုံလိုက္ အသက္ေဘးကပ္ဆိုက္ျခင္းမ်ားအၿပီး ခိုလႈံခြင့္ကို အတိအလင္းအာမခံတဲ့ ကုလသမဂၢဒုကၡသည္မ်ားဆိုင္ရာ ၁၉၅၁ နဲ႔ ၁၉၆၇ ပ႐ိုတိုေကာမ်ားကို လက္မွတ္ေရးထိုးထားတဲ့ တိုင္းျပည္ျဖစ္ပါတယ္။ ၁၉၅၁ ခုႏွစ္ ပ႐ိုတိုေကာ အပိုဒ္ ၃၃ အရ စာခ်ဳပ္ခ်ဳပ္ဆိုတဲ့ ႏိုင္ငံမွ ဒုကၡသည္တစ္ဦးကို သူ႔ရဲ႕အသက္ေဘး သို႔မဟုတ္ လြတ္လပ္မႈအေပၚ ၿခိမ္းေျခာက္ႏိုင္တဲ့ နယ္ေျမ/ပိုင္နက္မ်ားထံ မည္သည့္နည္းျဖင့္မွ် ႏွင္ထုတ္ျခင္း သို႔မဟုတ္ ျပန္လည္လႊဲေျပာင္းျခင္း မျပဳႏိုင္ပါဘူး။

အေမရိကန္အစိုးရရဲ႕ ဆုံးျဖတ္ခ်က္ဟာ လက္တင္အေမရိကတစ္ဝွမ္းရွိ အလုပ္သမားအမ်ားအျပားတို႔ရဲ႕ အသက္အိုးအိမ္စည္းစိမ္အေပၚ ဆိုးဆိုး႐ြား႐ြား အက်ိဳးသက္ေရာက္ေစပါလိမ့္မယ္။ အဲဒီအလုပ္သမားေတြဟာလဲ ရာစုႏွစ္တစ္ခုေက်ာ္ အေမရိကန္နယ္ခ်ဲ႕တို႔ရဲ႕ အျမတ္ထုတ္မႈေၾကာင့္ ပ်က္စီးသြားရတဲ့ လူ႔အဖြဲ႕အ စည္းမ်ားျဖစ္ပါတယ္။ မေရမတြက္ႏိုင္တဲ့ ေ႐ႊ႕ေျပာင္းအေျခခ်သူမ်ားဟာ သူတို႔အေပၚႏွိပ္စက္ညႇဥ္းပန္းသူမ်ားရဲ႕ လက္ထဲကို ျပန္ပို႔ခံရပါလိမ့္မယ္။ ေနာက္ထပ္ လူေထာင္ေပါင္းမ်ားစြာတို႔ဟာ အေမရိကန္မွာ ရွိႏွင့္ၿပီးသား မိဘ- သားသမီး- ေဆြမ်ိဳးမ်ားနဲ႔ ရာသက္ပန္ ကြဲကြာၾကရပါလိမ့္မယ္။ သူတို႔ရဲ႕ မိသားစုမ်ားထံ ျပန္လႊဲေငြ ဘီလီယံခ်ီ ဆုံးရႈံးၿပီး COVID-19 ကပ္ေရာဂါ၊ ရာသီဥတုေဖာက္ျပန္မႈ၊ ႐ုရွားကတစ္ဖက္ အေမရိကန္-ေနတိုးကတစ္ဖက္ စစ္ပြဲမ်ားေၾကာင့္ ငတ္မြတ္ေခါင္းပါးမႈနဲ႔ ဆင္းရဲမြဲေတမႈကို ပိုမိုလႈံေဆာ္ေပးပါလိမ့္မယ္။

အေမရိကန္သမိုင္းမွာ ယခုပုံစံ ဝါးလုံး ေခ်းသုတ္ရမ္းသလိုမ်ိဳး ဒီမိုကေရစီအေပၚ ဆန႔္က်င္တဲ့ စံနမူနာသုံးမ်ိဳးသာ ရွိခဲ့ပါတယ္။

● ပထမ တ႐ုတ္အလုပ္သမားမ်ား ေ႐ႊ႕ေျပာင္းဝင္ေရာက္မႈအားလုံးကို တားျမစ္ပိတ္ပင္ဖို႔အတြက္ ၁၈၈၂ ခုႏွစ္မွာ စတင္လိုက္တဲ့ တ႐ုတ္ေဘးခ်ိတ္ေရး ဥပေဒျဖစ္ပါတယ္

● ဒုတိယ ႐ုရွေတာ္လွန္ေရးအၿပီး ေတာင္ပိုင္းႏွင့္ အေရွ႕ဥေရာပႏိုင္ငံမ်ားမွ ဆင္းရဲႏြမ္းပါးေသာ ႏိုင္ငံမ်ားမွ လူဝင္မႈကို ဖယ္ထုတ္ထားတဲ့ “၁၉၂၄-ခုႏွစ္ ဂြၽန္ဆင္-ရိဒ္ အက္ဥပေဒ" ျဖစ္ပါတယ္။ အဲ့ဒီဥပေဒဟာ ဂ်ာမန္နာဇီဥပေဒ ပညာရွင္မ်ား ေရးဆြဲၿပီး ဟစ္တလာက အတည္ျပဳခဲ့တဲ့ “တတိယ ဂ်ာမန္ႏိုင္ငံေတာ္" နဲ႔ အလားတူျဖစ္ေၾကာင္း၊ တ႐ုတ္ေတြကို ေဘးခ်ိတ္တဲ့ ဥပေဒအပါအဝင္ ဂြၽန္ဆင္-ရိဒ္ အက္ဥပေဒဟာ လူမ်ိဳးေရးကို လိုသလို ပုံသြင္းဖို႔ ဟစ္တလာစတိုင္ အေမရိကန္ဥပေဒျဖစ္ေၾကာင္း ေယးလ္ဥပေဒပါေမာကၡ ဂ်ိမ္းစ္ဝွစ္မန္းက သူ႔ရဲ႕ ၂ဝ၁၇ ခုႏွစ္ စာအုပ္မွာ ရွင္းျပထားပါတယ္။

● တတိယအေနနဲ႔ အေမရိကန္ႏိုင္ငံတစ္ဝွမ္း ေလဆိပ္မ်ားမွာ သူ႔ဖာသာ ဆႏၵျပမႈမ်ားနဲ႔ ႀကဳံဆုံခဲ့တဲ့ ေဒၚနယ္ထရမ့္က ၂ဝ၁၇ ခုႏွစ္ဆန္းပိုင္း မြတ္ဆလင္အမ်ားစုေနထိုင္ရာ ခုနစ္ႏိုင္ငံမွ ခရီးသြားလာမႈအေပၚ တားျမစ္ပိတ္ပင္တဲ့ သမၼတရဲ႕ အခြင့္အာဏာသုံး အမိန႔္ျဖစ္ပါတယ္။

ခိုလႈံခြင့္ပိတ္ပင္မႈဟာ သမိုင္း၀င္ေလာက္တဲ့ ေဖာက္ျပန္မႈျဖစ္ေပမဲ့ ႐ုရွားရဲ႕ ရာဇ၀တ္မႈမ်ားအေပၚ အဆုံးမရွိ ရႈတ္ခ်ရာမွာ လက္သြက္တဲ့ ေကာ္ပိုရိတ္မီဒီယာအားလုံးနီးပါးဟာ အဲ့ဒီလုပ္ရပ္နဲ႔ ပတ္သက္ၿပီး ႏႈတ္ဆိတ္ေနၾကပါတယ္။ New York Times၊ Washington Post သို႔မဟုတ္ CNN တို႔ရဲ႕ အြန္လိုင္း ေရွ႕ဖုံးစာမ်က္ႏွာမ်ားမွာ ခိုလႈံ ခြင့္ပိတ္ပင္မႈနဲ႔ ပတ္သက္တဲ့ ေဝဖန္ခ်က္ေဆာင္းပါးပင္ ရွာမေတြ႕ပါ။ အေမရိကန္နယ္ခ်ဲ႕ဝါဒဟာ ဒီမိုကေရစီ ခ်န္ပီယန္ျဖစ္ၿပီး ႐ုရွားနဲ႔ အေမရိကန္-ေနတိုးစစ္ပြဲဟာ ဒီမိုကေရစီအေပၚ ခုခံကာကြယ္ေနတယ္လို႔ ေျပာဆိုမႈဟာ လိမ္လည္ျခင္းသာျဖစ္ေၾကာင္း ခိုလႈံခြင့္ ပိတ္ပင္ျခင္းကိစၥမွာ မီဒီယာေတြရဲ႕ ႏႈတ္ဆိတ္မႈနဲ႔ ဝန္ခံေနပါတယ္။

၂ဝ၂၂ ခုႏွစ္ ဇြန္လမွာ ဂ်ိဳးဘိုင္ဒန္ “ကမာၻ႔ဒုကၡသည္မ်ားေန႔” အထိမ္းအမွတ္ ေၾကျငာခ်က္မွာ ခိုလႈံခြင့္ေတာင္းခံသူမ်ားအတြက္ အေမရိကန္ဟာ ေမွ်ာ္လင့္ခ်က္မီးရႉးတန္ေဆာင္အျဖစ္ တင္စားခဲ့ၿပီး လူသန္းေပါင္း ၁ဝဝ ေက်ာ္တို႔ကို မိခင္ႏိုင္ငံမွ ထြက္ေျပးရန္ အတင္းအၾကပ္ ဖိအားေပးခံေနရတဲ့ ႐ုရွား-ယူကရိန္းစစ္ပြဲကို အျပစ္တင္ခဲ့ပါတယ္။ တကယ္ေတာ့ အဆိုပါ ကမာၻ႔ဒုကၡသည္ သန္း ၁ဝဝ ခန္႔အနက္ အမ်ားစုဟာ လြန္ခဲ့တဲ့ ဆယ္စုႏွစ္ သုံးခုအတြင္း အေမရိကန္နယ္ခ်ဲ႕ဝါဒရဲ႕ စစ္ပြဲမ်ားေၾကာင့္ ပ်က္သုဥ္းခဲ့ရတဲ့ အီရတ္၊ အာဖဂန္နစၥတန္၊ လစ္ဗ်ားနဲ႔ ဆီးရီး ယားႏိုင္ငံတို႔မွ ျဖစ္ေၾကာင္းကိုေတာ့ ဖုံးကြယ္ထားပါတယ္။

အေမရိကန္နယ္ခ်ဲ႕ဝါဒရဲ႕ အေရၿခဳံမႈနဲ႔ လိမ္ညာမႈေတြဟာ အကန႔္အသတ္ မရွိပါဘူး။ ၿပီးခဲ့တဲ့ သီတင္းပတ္ ဒုတိယသမၼတ ကမီလာ_ဟဲရစ္စ္ရဲ႕ မိန္႔ခြန္းမွာ ႐ုရွားတို႔က လူသားမ်ိဳးႏြယ္အေပၚ ရာဇ၀တ္မႈက်ဴးလြန္ေၾကာင္း သက္ေသျပခ်က္အျဖစ္ ယူကရိန္းမွ ျပည္ႏွင္ဒဏ္ေပးျခင္းကို ကိုးကားေျပာဆိုသြားပါတယ္။ “႐ုရွားအာဏာပိုင္ေတြဟာ ကေလးငယ္မ်ားအပါအဝင္ ယူကရိန္းမွ လူေထာင္ေပါင္းမ်ားစြာတို႔ကို ႐ုရွားႏိုင္ငံသို႔ အတင္းအက်ပ္ ျပည္ႏွင္ဒဏ္ ေပးခဲ့ေၾကာင္း၊ သားသမီးေတြကို မိသားစုနဲ႔ တစ္ကြဲတစ္ျပားျဖစ္ေအာင္ ရက္ရက္စက္စက္ ခြဲထားၾကတယ္” လို႔ ဆိုပါတယ္။ ႐ုရွားအစိုးရက အဆိုပါစြပ္စြဲခ်က္မ်ားကို ျငင္းဆိုထားေပမဲ့ ေ႐ႊ႕ေျပာင္းေနထိုင္သူကေလးငယ္မ်ားကို သူတို႔ရဲ႕ မိဘမ်ားနဲ႔ ခြဲထုတ္ရာမွာ အေမရိကန္ဟာ ကမာၻ႔ဦးေဆာင္ႏိုင္ငံျဖစ္ေနေၾကာင္း မည္သူမွ် မျငင္းႏိုင္ပါဘူး။

၂ဝ၂၁ ခုႏွစ္ ဂ်ိဳးဘိုင္ဒန္ အစိုးရဟာ အေမရိကန္ႏိုင္ငံတစ္ဝွမ္းရွိ စက္႐ုံမ်ားမွ ေ႐ႊ႕ေျပာင္းေနထိုင္သူ ကေလးငယ္ ၁၂၂ဝဝဝ ဦးကို ထိန္းသိမ္းထားေၾကာင္း CBS News ရဲ႕ ေရးသားခ်က္အရ သိရွိရပါတယ္။ ေဒၚနယ္ထရမ့္ လက္ထက္ သမၼတရဲ႕ နာဇီအႀကံေပး စတီဗင္ေမးလားရဲ႕ ဖက္ဆစ္ သြက္ခ်ာပါဒစိတ္ကူးအရ ေထာင္နဲ႔ခ်ီတဲ့ ကေလးငယ္မ်ားဟာ သူတို႔ရဲ႕ မိသားစုမ်ားနဲ႔ တမင္အခြဲခံခဲ့ရပါတယ္။ အေမရိကန္ ဖက္ဒရယ္ ျပည္သူ႔က်န္းမာေရးဆိုင္ရာ ကိုဓဥပေဒ ေခါင္းစဥ္ ၄၂ အရ COVID-19 ေရာဂါပိုး ပ်ံ႕ႏွံ႔ႏိုင္ဖြယ္ရွိတယ္လို႔ သူတို႔ရဲ႕ လူမ်ိဳးေရးခြဲျခားမႈအေပၚ တစ္လြဲမ်က္ႏွာဖုံးစြပ္ၿပီး ေထာင္ေပါင္းမ်ားစြာေသာ ေ႐ႊ႕ေျပာင္းအေျခခ်သူမ်ားကို ႏွင္ထုတ္ခဲ့ၾကရာမွာ ထရမ့္နဲ႔ ဘိုင္ဒန္အစိုးရတို႔ဟာ အတူတူနဲ႔ အႏူႏူခ်ည့္သာျဖစ္ပါတယ္။

(World socialist web site.,25 February 2023,” White House violates right to asylum and bans immigration at US-Mexico border” ကို ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္သည္။)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရန်ကုန်လေဆိပ်အတွင်း ဖောက်ခွဲရန် သယ်ဆောင်လာသည်ဟုယူဆရသည့် လက်လုပ်မိုင်း(၅)လုံးကို အမျိုးသား(၂)ဦးနှင့်အတူ ဖမ်းဆီးရမိ

RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved