Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဂါဇာကမ်းမြောင်ဒေသကို အစ္စရေး၏ဗုံးကြဲတိုက်ခိုက်မှုများကြောင့် နေ့စဉ်ကလေးငယ်(၄၀၀)ကျော် သေဆုံး/ဒဏ်ရာရရှိနေဟု UNICEF အဖွဲ့ပြော

Pika (NSS) - အောက်တိုဘာ ၂၅

ဂါဇာကမ်းမြောင်ဒေသကို အစ္စရေး၏ လေကြောင်းမှတိုက်ခိုက်မှုများကြောင့် နေ့စဉ်ကလေးငယ်(၄၀၀)ကျော် သေဆုံး/ ဒဏ်ရာရနေကြောင်း UNICEF အဖွဲ့က ထုတ်ပြန်ပြောကြားခဲ့သည်။


အစ္စရေး-ဟားမက်စစ်ပွဲဖြစ်ပွားပြီးနောက်ပိုင်းကတည်းက ဂါဇာကမ်းမြောင်ဒေသကို အစ္စရေး၏ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အနည်းဆုံးကလေးငယ်(၂၃၆၀)ဦးသေဆုံးခဲ့ပြီး အခြားကလေးငယ်(၅၃၆၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း UNICEF အဖွဲ့၏အဆိုအရ သိရသည်။ အစ္စရေး-ဟားမက်စစ်ပွဲဖြစ်ပွားမှု (၁၈)ရက်တာကာလအတွင်း အစ္စရေးနှင့်ဂါဇာကမ်းမြောင်ဒေသရှိ လူအသေအပျောက်များ သည် ၂၀၀၆ ခုနှစ်နောက်ပိုင်း လူအသေအပျောက်အများဆုံးဖြစ်ခဲ့ကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။

ဟားမက်စ်လက်နက်ကိုင်အဖွဲ့သည် အောက်တိုဘာလ(၇)ရက်တွင် အစ္စရေးနိုင်ငံတောင်ပိုင်းကို စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ အစ္စရေးဘက်မှ အနည်းဆုံးလူ(၁၄၀၀)ကျော်သေဆုံးခဲ့ကြောင်းသိရသည်။ ဟားမက်စ်လက်နက် ကိုင်အဖွဲ့သည် လူပေါင်း(၂၀၀)ကျော်ကို ဓါးစာခံများအဖြစ် ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်းလည်း သိရသည်။ အစ္စရေးသည် ဟားမက်လက်နက်ကိုင်အဖွဲ့ကို အပြီးသတ် သုတ်သင်ရှင်းလင်းရန်အတွက် ဂါဇာကမ်းမြောင်ဒေသကို ဖျက်ဆီးပစ်မည်ဟု ကတိပြုခဲ့သော်လည်း အစ္စရေး၏ ဆက်လက်ဗုံးကြဲတိုက်ခိုက်မှုများသည် ဂါဇာကမ်းမြောင်ဒေသတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အ တည်းများကို ပိုမိုဆိုးဝါးလာစေကြောင်း နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များက သတိပေးပြောဆိုခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသရှိ ကလေးများအားလုံးနီးပါးသည် အိုးမဲ့အိမ်မဲ့ဖြစ်ရခြင်း၊အစားအစာ၊ ရေနှင့်ဆေးဝါးတို့ ပြတ်လပ်ခြင်းတို့နှင့်အတူ စစ်ပွဲဒဏ်များကြောင့် စိတ်ဒဏ်ရာများရရှိနေကြောင်း UNICEF အဖွဲ့က ပြောကြားခဲ့သည်။ UNICEF ၏ အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိက ဒေသဆိုင်ရာဒါရိုက်တာ Adele Khodr က "ကလေးငယ်တွေကို သတ်ဖြတ်တာတွေ၊ ပြန်ပေးဆွဲတာတွေ၊ ဆေးရုံနဲ့ကျောင်းတွေကို တိုက်ခိုက်တာတွေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ဝင်ရောက်ခွင့်ကို ပိတ်ပင်တာဟာ ကလေးသူငယ်တွေရဲ့ အခွင့် အရေးကို ချိုးဖောက်နေတာပဲဖြစ်ပါတယ်။ လမစေ့ပဲမွေးတဲ့ ကလေးတွေထားတဲ့ အနွေးသေတ္တာတွေ ပျက်စီးတာ၊ ဆေးရုံတွေ မီးပြတ်သွားတာ၊ ကလေးသူငယ်တွေ သန့်ရှင်းတဲ့ရေတွေကို မသောက်သုံးရတာတွေနဲ့ ဖျားနာနေတဲ့အချိန်မှာ ဆေးဘက်ဆိုင်ရာအကူအညီတွေမရရှိဖူးဆိုရင် ကလေးသူငယ်တွေ သေဆုံးမှုဟာ ပိုမိုတိုးမြင့်လာပါလိမ့်မယ်"ဟု သတိပေးပြောဆိုခဲ့သည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အမေရိကန်ဒေါ်လာကို လက်နက်တစ်ခုအဖြစ် အမေရိကန်အစိုးရက အလွန်အကျွံအသုံးပြုနေကြောင်း အီလွန်မတ်ဝေဖန်

RECENT POSTS
မန္တလေးတွင် အုတ်တံတိုင်းပြိုကျကာ အဖီဆွဲနေထိုင်သူများအပေါ် ပိမိသောကြောင့် (၁)ဦးသေဆုံးကာ (၃)ဦး အပြင်းအထန်ဒဏ်ရာရ
24 Sep 2024
ဝန်ကြီးချုပ်နေတန်ရာဟု နှင့် အစ္စရေးအစိုးရထိပ်တန်း အရာရှိကြီးများကို လုပ်ကြံမည့် ဂျူးလူမျိုးတစ်ဦး ဖမ်းဆီးခံရ
24 Sep 2024
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေပိုမိုမြင့်တက်လာတာက ဘယ်နိုင်ငံအတွက်မှ အကျိုးအမြတ်မရှိဘူးလို့ G7 အဖွဲ့ပြော
24 Sep 2024
ယူကရိန်းသမ္မတက အမေရိကန်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်တွေကို အနိုင်ရစေလိုနေတယ်လို့ ဒေါ်နယ်ထရမ့်ပြော
24 Sep 2024
ယူနွတ်၏ဖိတ်ကြားချက်အရ လူထုအုံကြွမှုတော်လှန်ရေး၌ ဒဏ်ရာရသူများကို ကုသပြုစုရန်ဟုဆိုကာ တရုတ်ဆေးအဖွဲ့ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိ
24 Sep 2024
မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို တုံ့ပြန်နိုင်ကြောင်း တောင်ကိုရီးယားအစိုးရပြော
24 Sep 2024
ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ သွယ်ဝိုက်ကူညီနေသည်ဆိုသော သတင်းများကို အိန္ဒိယအစိုးရ ငြင်းဆန်
24 Sep 2024
နိုင်ငံအနှံ့ ရေဘေးဒဏ်ခံစားနေရသော်လည်း NUG-PDF များက အရပ်သားများကို အကြမ်းဖက်သတ်ဖြတ်နေမှု ဆက်လက်မြင့်တက်
24 Sep 2024
ပြင်သစ်သမ္မတက ရွေးချယ်ခန့်အပ်ထားသည့် ဝန်ကြီးချုပ်အသစ် နုတ်ထွက်ရဖွယ်ရှိနေ
24 Sep 2024
ယူကရိန်းစစ်ပွဲအတွက် ဒရုန်း အစင်းရေ တစ်သန်းခွဲနီးပါး တိုးမြှင့်ထုတ်လုပ်မည်ဟု ရုရှားသမ္မတပူတင် ပြော
24 Sep 2024
ကျောက်မဲမှထွက်ခွာသူများကို TNLA က လူသားတံတိုင်းလုပ်ရန် ခြိမ်း ခြောက်ပြီးပြန်ခေါ်နေ
24 Sep 2024
ထိုင်ဝမ်အရေး၌ အမေရိကန်စစ်တပ်နှင့်ဆက်နွှယ်နေသည့် ကုမ္ပဏီ(၉)ခုကို တရုတ်အစိုးရ ပိတ်ဆို့မှုချမှတ်
24 Sep 2024
ဂျိုးဘိုင်ဒန် သက်တမ်းမကုန်ဆုံးမီ ဂါဇာအပစ်ရပ်စာချုပ် ဖြစ်လာနိုင်ဖွယ် မရှိဟု အမေရိကန်အရာရှိများယုံကြည်နေ
24 Sep 2024
အိန္ဒိယ-မြန်မာ ကုန်သွယ်မှုတွင် ရူးပီးနှင့် ကျပ်ငွေပေးချေမှုကို တိုးမြှင့်ရန်စီစဉ်
23 Sep 2024
ရခိုင်စစ်ဘေးရှောင် (၅ဝဝ)နီးပါး အရေပြားရောဂါဖြစ်နေသော်လည်း AA မကူညီနိုင်
23 Sep 2024
‘‘ရေဘေးဖြစ်စဉ်မှ ပြန်လည်တွေ့မြင်လာရတဲ့ မြန်မာတို့ရဲ့လေးစားဖွယ်အပြုအမူတွေနဲ့ အကြမ်းဖက်အားပေးတို့ရဲ့ မနာလိုမှု” (အနုပညာဆောင်းပါး)
23 Sep 2024
အမေရိကန်နိုင်ငံမှာ ရွေးကောက်ပွဲမတိုင်မီ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုတွေ တစ်ကျော့ပြန်လည်ဖြစ်ပွားလာနေ
23 Sep 2024
အလေးချိန်(၃၀၀)ကီလိုဂရမ်ရှိတဲ့ ပထမကမ္ဘာစစ်အတွင်းက ဗုံးတစ်လုံးကို အောင်မြင်စွာ ဖယ်ရှားပစ်နိုင်ခဲ့တယ်လို့ ဆားဘီးယားရဲတပ်ဖွဲ့ပြော
23 Sep 2024
လာမယ့်အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ၂ဝ၂၈ ခုနှစ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့်ပြော
23 Sep 2024
PDF များက ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ရွာသား(၅ဝ)ကျော်ကို ဖမ်းဆီးသွားမှု ချောင်းဦး၌ဖြစ်ပွား
23 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved