Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အမေရိကန်ဒေါ်လာကို လက်နက်တစ်ခုအဖြစ် အမေရိကန်အစိုးရက အလွန်အကျွံအသုံးပြုနေကြောင်း အီလွန်မတ်ဝေဖန်

Pika (NSS) - အောက်တိုဘာ ၂၅

အမေရိကန်နိုင်ငံသည် ပိတ်ဆို့အရေးယူမှုများနှင့်အတူ အမေရိကန်ဒေါ်လာကို လက်နက်အဖြစ် အသုံးပြုခဲ့ခြင်းသည် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများကို အရောင်းအ ဝယ်လုပ်ငန်းများတွင်  အမေရိကန်ဒေါ်လာအသုံးပြုခြင်းအား လျှော့ချရန် တွန်းအားပေးသလို ဖြစ်စေခဲ့ကြောင်း ကမ္ဘာကျော်ဘီလျံနာ အီလွန်မတ်က သတိပေးပြောဆိုခဲ့သည်။


အီလွန်မတ်က "လက်ရှိအချိန်မှာ နိုင်ငံအတော်များများဟာ သူတို့ရဲ့အရောင်း အဝယ်လုပ်ငန်းတွေမှာ အမေရိကန်ဒေါ်လာအသုံးပြုမှု လျှော့ချလာတာကို ကျွန်တော်တို့ တွေ့မြင်ခဲ့ရပါတယ်။ ဒီလိုဖြစ်အောင် ကျွန်တော်တို့က တွန်းအားပေးခဲ့မိတာလို့ ထင်ပါတယ်။ ဒီလုပ်ငန်းစဉ်ဟာ ရုရှား၊ တရုတ်နဲ့ အီရန်တို့ လုပ် ဆောင်နေတာထက်တောင် ကျော်လွန်သွားပြီလို့ထင်ပါတယ်။"ဟု ပြောဆိုခဲ့သည်။

ထို့ပြင် အီလွန်မတ်သည် BRICS အဖွဲ့ဝင်နိုင်ငံများကြား ကုန်သွယ်မှုများတွင် နိုင်ငံသုံးငွေကြေးများ အသုံးပြုလာခြင်းကို ထောက်ပြပြောဆိုခဲ့ကြောင်းသိရသည်။ အဆိုပါဆုံးဖြတ်ချက်ကို BRICS အဖွဲ့ဝင်နိုင်ငံများက ရွေးချယ်ခဲ့ခြင်းမျိုးမဟုတ်သော်လည်း ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ပြီး ရုရှားအပေါ် အနောက်အုပ်စုနိုင်ငံများက ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့ခြင်းသည် အမေရိကန်ဒေါ်လာအသုံး ပြုမှုအား လျှော့ချရန် BRICS အဖွဲ့ဝင်နိုင်ငံများကို တွန်းအားပေးသလို ဖြစ်စေခဲ့ကြောင်း အီလွန်မတ်ကပြောဆိုခဲ့သည်။

အီလွန်မတ်က "ဘရာဇီးဒါမှမဟုတ် အိန္ဒိယလိုနိုင်ငံတွေဟာ ရုရှားနဲ့ ကုန်သွယ်မှုတွေကို လုပ်ချင်နေတုန်းပါပဲ။ ဒါပေမယ့် အဲဒီနိုင်ငံတွေဟာ ကုန်သွယ်မှုတွေမှာ အမေရိကန်ဒေါ်လာကို အသုံးမပြုချင်ကြပါဘူး။ ပြီးတော့ ကုန်သွယ်မှုတွေမှာ အမေရိကန်ဒေါ်လာအသုံးပြုမှုကို လျှော့ချဖို့ ကျွန်တော်တို့က တွန်းအားပေးမိသလိုဖြစ်ခဲ့တာပါ။ ဒါကြောင့် ကမ္ဘာကြီးမှာ အမေရိကန်ဒေါ်လာရဲ့ ရပ်တည်မှုက ပိုပြီးအားနည်းလာတာပါ။"ဟုပြောဆိုခဲ့သည်။

အနောက်အုပ်စုနိုင်ငံများက ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့ပြီးနောက် အမေရိကန်ဒေါ်လာကို လက်နက်အဖြစ် အသုံးပြုခဲ့ခြင်းသည် အခြားရွေးချယ်စရာများကို ရှာဖွေရန်အတွက် နိုင်ငံအများအပြားကို တွန်းအားပေးသလိုဖြစ်စေခဲ့ကြောင်း အီလွန်မတ်ကပြောဆိုခဲ့သည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

သဘာဝဓါတ်ငွေ့ရွှေခေတ် အဆုံးသတ်ခါနီးပြီဖြစ်ကြောင်း IEA ပြော

RECENT POSTS
အမေရိကန်နိုင်ငံ၊ မိန်းပြည်နယ်ရှိ လယ်ယာအိမ်တစ်ခုမှာ ၁၈ ရာစုကတည်းက ရှိနေတဲ့ ပျားအုံကြီးတွေ့ရှိ
23 Sep 2024
တရုတ်နိုင်ငံ၊ ဂွမ်ဒေါင်းရှိ တိရစ္ဆာန်ရုံတစ်ခုမှာ ပန်ဒါပုံစံခွေးလေးတွေ ခရီးသွားတွေကြား ရေပန်းစားနေ
23 Sep 2024
EXO အဖွဲ့ဝင် ဒိုကွမ်ဆို (D.O.) ကို ရည်ညွှန်းတဲ့ ညစ်ညမ်းတဲ့ပိုစ့်တွေနဲ့ ကောလဟာတွေ ပြောဆိုသူတွေကို တရားဥပဒေအရ အရေးယူမည်
23 Sep 2024
မြောက်ကိုရီးယားက ပေးပို့ခဲ့တဲ့မိုးပျံပူဖောင်းတွေက တောင်ကိုရီးယားရဲ့အစိုးရအဆောက်အဦးတွေအထိကို ရောက်ရှိလာ
22 Sep 2024
မနက်ဖြန်မှစ၍ စားအုန်းဆီ အိမ်အရောက်ပို့သည့်စနစ်၌ ဆီပိဿာချိန် နှင့် သယ်ယူပို့ဆောင်ခ အနည်းငယ် ပြောင်းလဲမည်
22 Sep 2024
ဒါဇင်နဲ့ချီတဲ့ အစ္စရေးစစ်လေယာဉ်တွေက လက်ဘနွန်နိုင်ငံတောင်ပိုင်းကို ကြီးမားတဲ့လေကြောင်း တိုက်ခိုက်မှု ပြုလုပ်
22 Sep 2024
ဒုတိယအကြိမ်မြောက်စကားစစ်ထိုးပွဲ လုပ်ဆောင်ဖို့အတွက် ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်ရဲ့ တောင်းဆိုမှုကို ဒေါ်နယ်ထရမ့် ငြင်းဆန်ပယ်ချ
22 Sep 2024
နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် ၃ဝ ဘီလျံ သုံးစွဲရန် လျာထား
22 Sep 2024
မန္တလေးနဲ့ ငါးမိုင်အကွာက PDF အသိုက်ကို တပ်မတော် ဝင်ရှင်းပြီ၊ ထုတ်ပြန်ချက်အပြီးမှာ MNDAA တို့ စစ်သား အဓမ္မစုဆောင်းမှုလုပ်နေပြီ၊ ရထားရဲကို ရက်ရက်စက်စက် သတ်ခဲ့သူ ငါးဦးက နိုင်ငံရေးသမား/ဒီမိုကရေစီသမားတွေတဲ့လား၊ ရခိုင်မှာ အရက်ဘီယာ မရောင်းရဆိုတဲ့ AA (၂၁-၉-၂ဝ၂၄)
22 Sep 2024
ဂျပန်နိုင်ငံအလယ်ပိုင်း၊ အိုက်ရှီကာဝါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် ပျောက်ဆုံး သေဆုံးသူများရှိနေ
22 Sep 2024
မိုးကုတ်-မိုးမိတ်မှာ သပြေပန်းတွေ အစွမ်းပြပြီ၊ တောင်ဒဂုံ အုပ်ကြီးတို့ သတ်ဖြတ်ခံရမှု နဲ့ အုပ်ကြီးတို့ သတိပြုစရာများ၊ KIA ၊ PDF ဖျက်ဆီးတဲ့ သင်္ဘော (၆) စင်း နဲ့ ဖားကန့် တိုက်ပွဲ၊ ရေ‌ဘေး သေဆုံး ပျက်စီးမှုစာရင်း (၂ဝ-၉-၂ဝ၂၄)
21 Sep 2024
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved