ညောင်ရွှေဘုရားပွဲမှပြန်လာသည့် ကားတစ်စီးတိမ်းမှောက်မှုကြောင့် (၁၃)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိ
Pearl (NSS) - အောက်တိုဘာ ၂၃
ညောင်ရွှေဘုရားပွဲမှ ပြန်လာသည့် ကားတစ်စီးတိမ်းမှောက်မှုကြောင့် (၁၃)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နာရေးကူညီမှုအသင်း (အောင်ပန်း)ထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (အောက်တိုဘာလ ၂၂ ရက်)၊ ည (၉)နာရီခွဲ အချိန်ခန့်တွင် ရှမ်းပြည် နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ကလော - မိတ္ထီလာ လမ်းမကြီး၊ ဝက်ဖြူရေးကျေးရွာ အနီးတွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ယာဉ်မောင်းအမျိုးသား နှင့် ကလေးငယ် (၅)ဦးအပါအဝင် (၂၇)ဦး လိုက်ပါလာသော Canter အမျိုးအစားမော်တော်ယာဉ်သည် ညောင်ရွှေဘုရားပွဲမှ ၎င်းတို့နေထိုင်သည့် မိတ္ထီလာမြို့နယ်၊ ပန်းတိမ်ကုန်းရွာသို့ ပြန်လာစဉ် အခင်းဖြစ်နေရာအရောက်၌ အရှိန်မထိန်းနိုင်ဖြစ်ကာ တိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။
"ညကလည်း မိုးကနည်းနည်းရွာထားတယ်။ အဲဒီမှာ ဘရိတ်အုတ်လိုက်တော့ စလစ်ဖြစ်ပြီး တစ်ပတ်လည်ပြီး ကားက တောင်ကြီးဘက်ကို ပြန်လည်သွားတာ။ ကလေး (၅)ယောက်တော့ပါတယ်။ ကလေးတွေကတော့ ဒဏ်ရာမရဘူး။ ဒဏ်ရာရတဲ့(၁၃)ယောက်အထဲ အမျိုး သမီးတွေ အများဆုံးပါတယ်။ အဲဒီထဲက (၃)ယောက်ကတော့ နည်းနည်း စိုးရိမ်ရတယ်။ ကလောဆေးရုံကို ပို့ထားပေးတယ်။ ကျန်တဲ့ဒဏ်ရာရတဲ့လူတွေကတော့ နည်းနည်းပါးပါးပဲဆိုတော့ ဆေးရုံတတ်စရာမလိုဘူး"ဟု အထက်ပါကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသူများအနက် (၁၃)ဦးထက်မနည်း ထိခိုက်ဒဏ် ရာရရှိခဲ့ပြီး (၃)ဦးမှာ စိုးရိမ်ဖွယ်ရာ အခြေအနေရှိကြောင်း သိရသည်။
လက်ရှိတွင် ဒဏ်ရာရရှိသူ (၁၃)ဦးအား ကလောပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံရေးပါတီများအနေဖြင့် ပါတီဝင်အင်အား စည်းရုံးခြင်းနှင့် ရုံးခန်းဖွင့်လှစ်ခြင်းတို့၌ လုံခြုံရေးအရ အခက်အခဲများကြုံတွေ့နေရဟုဆို
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း