Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အစ္စရေးကို စစ်မျက်နှာနှစ်ခု မတိုက်ဖို့ အမေရိကန်အစိုးရ သတိပေးထားကြောင်း နယူးယောက်တိုင်မ်း သတင်းစာ ဖော်ပြ

ဂျန်ဇက် (NSS) - အောက်တိုဘာ ၂၃ 

အမေရိကန်ဟာ အစ္စရေးနိုင်ငံကို စစ်မျက်နှာ နှစ်ခုတိုက်ခိုက်ရမယ့်အခြေအနေမျိုးမလုပ်ဆောင်ဖို့ သတိပေးထားကြောင်း အမေရိကန်အခြေစိုက်နယူးယောက်တိုင်းမ်သတင်းဌာနက ဖော်ပြထားပါတယ်။ 


သမ္မတဂျိုးဘိုင်ဒန်ဦးဆောင်တဲ့ အမေရိကန်အစိုးရအဖွဲ့ဟာ လက်ဘနွန်နိုင်ငံအခြေစိုက် ဟစ်ဘိုလာအဖွဲ့အပေါ် ကြီးမားတဲ့တိုက်ခိုက်မှုတွေမလုပ်ဆောင်ဖို့ အစ္စရေးနိုင်ငံကို ဖျောင်းဖျနိုင်အောင် ကြိုးပမ်းနေကြောင်း သတင်းတွေ ဖော်ပြထားပါတယ်။

ဟစ်ဘိုလာအဖွဲ့ကို တိုက်ခိုက်မယ်ဆိုရင် အစ္စရေးနဲ့ ဟားမက်စ်အဖွဲ့ကြားဖြစ်ပွားနေတဲ့စစ်ပွဲဟာ ဒေသအတွင်း တစ်ခုလုံးကို ကူးစက်ပျံ့နှံ့လာမှာကို စိုးရိမ်မှုမြင့်တက်နေကြောင်း သိရပါတယ်။ အမေရိကန်အစိုးရတာဝန်ရှိသူတွေက အစ္စရေးဟာ ဟားမက်စ်သာမက ဟစ်ဘိုလာအဖွဲ့တွေကို အဓိကထား တိုက်ခိုက်မယ်ဆိုရင်တော့ အစ္စရေးဟာ စစ်မျက်နှာနှစ်ခုမှာ ရုန်းကန်းရဖွယ်ရှိနေကြောင်း သုံးသပ်ထားတယ်လို့ နယူးယောက်တိုင်းမ်သတင်းစာက ဖော်ပြထားပါတယ်။ 


ဒါ့အပြင် အစ္စရေးဟာ အီရန်နိုင်ငံနဲ့အတူ အမေရိကန်နိုင်ငံကိုလည်း စစ်ပွဲထဲ ဆွဲသွင်းမှာကို အမေရိကန်အစိုးရ စိုးရိမ်နေကြောင်း အမေရိကန်သတင်းစာက ထပ်မံဖော်ပြထားပါတယ်။ အီရန်နိုင်ငံဟာ လက်ဘနွန်အခြေစိုက် လက်နက်ကိုင်အဖွဲ့ ဟားမက်စ် နဲ့ လက်ဘနွန်အခြေစိုက် ဟစ်ဘိုလာအဖွဲ့တွေအပြင် အရှေ့အလယ်ပိုင်းဒေသရှိ လက်နက်ကိုင်အဖွဲ့တွေကို နောက်ကွယ်ကနေ အဓိကထားကူညီပေးနေတဲ့နိုင်ငံဖြစ်ကြောင်း သိရပါတယ်။

အမေရိကန်အစိုးရတာဝန်ရှိသူတွေဟာ အီရန်၊ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့တွေနဲ့ ထိတွေ့ဆက်ဆံနိုင်ဖို့ အာရပ်နိုင်ငံတွေကို ကြားဝင်စေ့စပ်ဆွေးနွေးဖို့ တောင်းဆိုနေကြောင်း သိရပါတယ်။ အမေရိကန်အစိုးရတာဝန်ရှိသူ တွေဟာ အစ္စရေးအစိုးရတာဝန်ရှိသူများနဲ့ တွေ့ဆုံဆွေးနွေးချိန်အတွင်း  ဟစ်ဘိုလာအဖွဲ့တွေကို တိုက်ခိုက်ခြင်းများ၊ မလုပ်ဆောင်ဖို့ နဲ့ စစ်ပွဲထဲမှာ ဟစ်ဘိုလာအဖွဲ့တွေ အလွယ်တကူ ပါဝင်လာခြင်းမျိုးကို ရှောင်ရှားနိုင်အောင် ဂါဇာဒေသတောင်ပိုင်းကို ဖိအားပေးနေခြင်းကို သတိထားဂရုစိုက်ဖို့ တောင်းဆိုခဲ့ကြောင်း သိရပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ခရီးသည်နှင့်ကုန်စည်ရရှိမှုအပေါ်မူတည်ပြီး တောင်ကြီး-ရွှေညောင်ရထား၊ တောင်ကြီး-ပင်းပက်-ဆိုက်ခေါင် ရထားများကို ပြေးဆွဲသွားမည်

RECENT POSTS
မန္တလေးတွင် အုတ်တံတိုင်းပြိုကျကာ အဖီဆွဲနေထိုင်သူများအပေါ် ပိမိသောကြောင့် (၁)ဦးသေဆုံးကာ (၃)ဦး အပြင်းအထန်ဒဏ်ရာရ
24 Sep 2024
ဝန်ကြီးချုပ်နေတန်ရာဟု နှင့် အစ္စရေးအစိုးရထိပ်တန်း အရာရှိကြီးများကို လုပ်ကြံမည့် ဂျူးလူမျိုးတစ်ဦး ဖမ်းဆီးခံရ
24 Sep 2024
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေပိုမိုမြင့်တက်လာတာက ဘယ်နိုင်ငံအတွက်မှ အကျိုးအမြတ်မရှိဘူးလို့ G7 အဖွဲ့ပြော
24 Sep 2024
ယူကရိန်းသမ္မတက အမေရိကန်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်တွေကို အနိုင်ရစေလိုနေတယ်လို့ ဒေါ်နယ်ထရမ့်ပြော
24 Sep 2024
ယူနွတ်၏ဖိတ်ကြားချက်အရ လူထုအုံကြွမှုတော်လှန်ရေး၌ ဒဏ်ရာရသူများကို ကုသပြုစုရန်ဟုဆိုကာ တရုတ်ဆေးအဖွဲ့ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိ
24 Sep 2024
မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို တုံ့ပြန်နိုင်ကြောင်း တောင်ကိုရီးယားအစိုးရပြော
24 Sep 2024
ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ သွယ်ဝိုက်ကူညီနေသည်ဆိုသော သတင်းများကို အိန္ဒိယအစိုးရ ငြင်းဆန်
24 Sep 2024
နိုင်ငံအနှံ့ ရေဘေးဒဏ်ခံစားနေရသော်လည်း NUG-PDF များက အရပ်သားများကို အကြမ်းဖက်သတ်ဖြတ်နေမှု ဆက်လက်မြင့်တက်
24 Sep 2024
ပြင်သစ်သမ္မတက ရွေးချယ်ခန့်အပ်ထားသည့် ဝန်ကြီးချုပ်အသစ် နုတ်ထွက်ရဖွယ်ရှိနေ
24 Sep 2024
ယူကရိန်းစစ်ပွဲအတွက် ဒရုန်း အစင်းရေ တစ်သန်းခွဲနီးပါး တိုးမြှင့်ထုတ်လုပ်မည်ဟု ရုရှားသမ္မတပူတင် ပြော
24 Sep 2024
ကျောက်မဲမှထွက်ခွာသူများကို TNLA က လူသားတံတိုင်းလုပ်ရန် ခြိမ်း ခြောက်ပြီးပြန်ခေါ်နေ
24 Sep 2024
ထိုင်ဝမ်အရေး၌ အမေရိကန်စစ်တပ်နှင့်ဆက်နွှယ်နေသည့် ကုမ္ပဏီ(၉)ခုကို တရုတ်အစိုးရ ပိတ်ဆို့မှုချမှတ်
24 Sep 2024
ဂျိုးဘိုင်ဒန် သက်တမ်းမကုန်ဆုံးမီ ဂါဇာအပစ်ရပ်စာချုပ် ဖြစ်လာနိုင်ဖွယ် မရှိဟု အမေရိကန်အရာရှိများယုံကြည်နေ
24 Sep 2024
အိန္ဒိယ-မြန်မာ ကုန်သွယ်မှုတွင် ရူးပီးနှင့် ကျပ်ငွေပေးချေမှုကို တိုးမြှင့်ရန်စီစဉ်
23 Sep 2024
ရခိုင်စစ်ဘေးရှောင် (၅ဝဝ)နီးပါး အရေပြားရောဂါဖြစ်နေသော်လည်း AA မကူညီနိုင်
23 Sep 2024
‘‘ရေဘေးဖြစ်စဉ်မှ ပြန်လည်တွေ့မြင်လာရတဲ့ မြန်မာတို့ရဲ့လေးစားဖွယ်အပြုအမူတွေနဲ့ အကြမ်းဖက်အားပေးတို့ရဲ့ မနာလိုမှု” (အနုပညာဆောင်းပါး)
23 Sep 2024
အမေရိကန်နိုင်ငံမှာ ရွေးကောက်ပွဲမတိုင်မီ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုတွေ တစ်ကျော့ပြန်လည်ဖြစ်ပွားလာနေ
23 Sep 2024
အလေးချိန်(၃၀၀)ကီလိုဂရမ်ရှိတဲ့ ပထမကမ္ဘာစစ်အတွင်းက ဗုံးတစ်လုံးကို အောင်မြင်စွာ ဖယ်ရှားပစ်နိုင်ခဲ့တယ်လို့ ဆားဘီးယားရဲတပ်ဖွဲ့ပြော
23 Sep 2024
လာမယ့်အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ၂ဝ၂၈ ခုနှစ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့်ပြော
23 Sep 2024
PDF များက ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ရွာသား(၅ဝ)ကျော်ကို ဖမ်းဆီးသွားမှု ချောင်းဦး၌ဖြစ်ပွား
23 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved