ခရီးသည်နှင့်ကုန်စည်ရရှိမှုအပေါ်မူတည်ပြီး တောင်ကြီး-ရွှေညောင်ရထား၊ တောင်ကြီး-ပင်းပက်-ဆိုက်ခေါင် ရထားများကို ပြေးဆွဲသွားမည်
Pearl (NSS) - အောက်တိုဘာ ၂၃
ရွှေညောင်-တောင်ကြီး-နောင်ကားလမ်းခွဲ-ပင်းပက်လမ်းပိုင်းတွင် တောင်ကြီး -ရွှေညောင်ရထား၊ တောင်ကြီး-ပင်းပက်-ဆိုက်ခေါင် ရထားများကို ခရီးသည်နှင့်ကုန်စည်ရရှိမှုအပေါ် မူတည်ပြီး ပြေးဆွဲသွားမည်ဖြစ်ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
ရွှေညောင် - တောင်ကြီး - နောင်ကားလမ်းခွဲ - ပင်းပက် ရထားလမ်းပိုင်း ဖွင့်လှစ်ခြင်းအခမ်းအနားကို အောက်တိုဘာလ (၂၂)ရက်၊ နံနက်ပိုင်းတွင် တောင်ကြီးမြို့ ဘူတာရုံ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။
အဆိုပါဖွင့်ပွဲအခမ်းအနားသို့ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် တာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများတက်ရောက်ခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
ရှမ်းပြည်နယ်အတွင်း အရှည် ၂၁ ဒသမ ၇၂ မိုင်ရှိသည့် ရွှေညောင်-တောင်ကြီး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ပြီး တောင်ကြီး - ဆိုက်ခေါင် ရထားလမ်းပိုင်းအတွင်းရှိ နောင်ကားလမ်းခွဲဘူတာမှတစ်ဆင့် ဟိုပုံးမြို့အနီး ပင်းပက်အထိ အရှည် ၁၀ ဒသမ ၇၈ မိုင်ရှိသည့် နောင်ကားလမ်းခွဲ-ပင်းပက်ရထားလမ်းပိုင်းသစ်ကို တိုးချဲ့ဖောက်လုပ် ခဲ့ကြောင်း သိရသည်။
လမ်းပိုင်းအတွင်း အဓိကကျသည့် ရွှေညောင်-တောင်ကြီးရထားလမ်းပိုင်းသည် ၁၉၉၇ ခုနှစ် ဒီဇင်ဘာလက စတင်ဖွင့်လှစ်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အကျိုးရှိစွာအသုံးမပြုနိုင်ခဲ့ခြင်းကြောင့် ရထားလမ်းကွေ့နှင့် ဆင်ခြေလျှောများ ပြေပြစ်၍ ပိုမိုကြံ့ခိုင်ပြီး ခရီး သည်နှင့် ကုန်စည်များ ဝန်ချိန်ပြည့်သယ်ယူပို့ဆောင်နိုင်ရန် အဆိုပါ ရထားလမ်း အဆင့်မြှင့်တင်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ လမ်းပိုင်းအဆင့်မြှင့်တင်ခြင်းနှင့် လမ်းပိုင်းအသစ် တည်ဆောက်ပြီးချိန်တွင် ပင်းပက်သံမဏိစက်ရုံမှ သံရိုင်းကုန်ကြမ်းများကို လိုရာအရောက် သယ်ယူပို့ဆောင်နိုင်မည်ဖြစ်သည့်အပြင် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများလည်း ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရွှေညောင်-တောင်ကြီး-နောင်ကားလမ်းခွဲ-ပင်းပက်လမ်းပိုင်းတွင် တောင်ကြီးဘူတာကို အခြေပြုပြီး တောင်ကြီး -ရွှေညောင်ရထား၊ တောင်ကြီး-ပင်းပက်-ဆိုက်ခေါင် ရထားများကို ခရီးသည်နှင့် ကုန်စည်ရရှိမှုအပေါ် မူတည်ပြီး ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စစ်ပွဲထဲကို ဟစ်ဘိုလာအဖွဲ့ တိုက်ရိုက်ပါဝင်လာမယ်ဆိုရင်တော့ ကြီးမားတဲ့ပျက်စီးဆုံးရှုံးမှုတွေ နဲ့ရင်ဆိုင်ရဖွယ်ရှိနေဟု အစ္စရေးဝန်ကြီးချုပ် ထပ်မံသတိပေး
RELATED POSTS
19 Oct 2024 | ခရီးသွား,ပြည်တွင်း
04 Oct 2024 | ခရီးသွား,ပြည်တွင်း
03 Oct 2024 | ခရီးသွား,ပြည်တွင်း
23 Sep 2024 | ခရီးသွား,နိုင်ငံတကာ