ဝက်လက်မြို့နယ်ရှိ ကျေးရွာလမ်းဘေးတွင် လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲမှုကြောင့် အမျိုးသမီး(၂)ဦး ထိခိုက်ဒဏ်ရာရရှိ
NSS - အောက်တိုဘာ ၂၃
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ ကျေးရွာလမ်းဘေးတွင် လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲမှုကြောင့် အမျိုးသမီး(၂)ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထား သည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော အောက်တိုဘာလ ၂၀ ရက်၊ ညနေ ၄နာရီ ၄၅မိနစ်အချိန်တွင် ဝက်လက်မြို့နယ်၊ လိမ်ပင်ကျေးရွာအနီးတွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖိုးဝင်းတပ်ကျေးရွာတွင်နေထိုင်သည့် ဒေါ်အေးနွယ်(၄၉)နှစ်နှင့် ၎င်း၏မြေးဖြစ်သူ မသဲသဲဦး(၉)နှစ်တို့ (၂)ဦးသည် ရွာသာကြီးကျေးရွာသို့ ဆိုင်ကယ်တစ်စီးဖြင့် သွားရောက်စဉ် အထက်ပါနေရာအရောက်၌ PDF အဖွဲ့မှ ထောာင်ထားသည့် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် ဒေါ်အေးနွယ်နှင့် မသဲသဲဦးတို့တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသရန် ဝက်လက်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
ထို့နောက် မိုင်းထောင်ဖောက်ခွဲမှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေးကို စစ်မျက်နှာနှစ်ခု မတိုက်ဖို့ အမေရိကန်အစိုးရ သတိပေးထားကြောင်း နယူးယောက်တိုင်မ်း သတင်းစာ ဖော်ပြ
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း