Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Oct-22 / 6:00 PM)

ဂျန်ဇက် (NSS) - အောက်တိုဘာ ၂၂

အစ္စရေးစစ်တပ်က ၎င်းတို့တင့်ကားတစ်စီးဟာ လက်ဘနွန်နိုင်ငံအတွင်းမှ တင့်ကားဖျက်ဒုံးကျည်နဲ့ ပစ်ခတ် တိုက်ခိုက်ခြင်းကိုခံခဲ့ရကြောင်း၊ ဒါပေမယ့် ထိခိုက်ပျက်စီးမှုနဲ့ အစ္စရေးစစ်သားများ သေဆုံးခြင်းမျိုးမရှိကြောင်း ပြောပါတယ်။

လက်ဘနွန်လက်နက်ကိုင်အဖွဲ့ ဟစ်ဘိုလာဟာဟားမက်စ် နဲ့  အစ္စရေးတို့စစ်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အစ္စရေးပိုင် နက်တွေကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အစ္စရေးနဲ့ အမေရိကန်တို့က ဟစ်ဘိုလာကို စစ်ပွဲထဲတိုက်ရိုက်မပါဖို့ သတိပေး ထားပါတယ်။ 


အစ္စရေးစစ်တပ်ဟာ ဟားမက်စ်လက်နက်ကိုင်အဖွဲ့နဲ့ဆက်နွယ်တဲ့ အနောက်ဘက်ကမ်းခြေရှိ ဂျနင်မြို့ ဗလီကို အောက်တိုဘာ ၂၂ ရက် နံနက်ပိုင်းက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါဗလီ အတွင်းထဲမှာ ဟားမက်စ်အဖွဲ့အသုံးပြုနေတဲ့ မြေအောက်ဥမင်လိုဏ်ခေါင်းတွေရဲ့ ဝင်ပေါက်၊ ထွက်ပေါက်တွေရှိနေ ကြောင်း အစ္စရေးစစ်တပ်က ပြောပါတယ်။

ဂါဇာဒေသခံတွေကို နေရပ်စွန့်ခွာဖို့ အစ္စရေးနိုင်ငံက ဖိအားပေးနေတဲ့ကြိုးပမ်းမှုတွေကို လုံးဝလက်မခံနိုင်ကြောင်း ဆော်ဒီအာရေဗျနိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။


အစ္စရေးဟာ ဟားမက်စ်အဖွဲ့တွေကို မြေပြင်ထိုးစစ်ဆင်နွှဲဖို့ စီစဉ်နေတဲ့အတွက် ပါလက်စတိုင်းပြည်သူတွေကို ဂါဇာ ဒေသမြောက်ပိုင်းက တောင်ပိုင်းကိုပြောင်းရွှေ့ဖို့ သတိပေးချက်များ ထပ်မံထုတ်ပြန်ထားကြောင်း သိရပါတယ်။ 

ဆီးရီးယားနိုင်ငံပိုင်သတင်းဌာနက အစ္စရေးဟာ ဆီးရီးယားနိုင်ငံ အလက်ပိုမြို့ နဲ့ ဒမ္မစကက်မြို့တို့ရှိ လေဆိပ်တွေကို အောက်တိုဘာ ၂၁ ရက်က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားပါတယ်။ အစ္စရေးရဲ့လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် ဒမ္မစကက်မြို့မှာ အရပ်သားတွေသေဆုံးခဲ့ပြီး ဒဏ်ရာရတာမျိုးတွေလည်းရှိနေခဲ့ကြောင်း SANA သတင်းဌာနက ဖော်ပြထားပါတယ်။


ဟားမက်စ် နဲ့ အစ္စရေးကြားစစ်ပွဲစတင်ခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာပဲ အစ္စရေးဟာ ဆီးရီးယားအစိုးရ ထိန်းချုပ်ထားတဲ့မြို့တွေက လေဆိပ်တွေကို တိုက်ခိုက်ခဲ့ဖူးကြောင်း သိရပါတယ်။ 

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ပါလက်စတိုင်းလိုလားတဲ့ဆန္ဒပြပွဲများ အောက်တိုဘာ ၂၂ ရက်က စတင်လုပ်ဆောင်ခဲ့ပြီး ပါလက်စတိုင်းလွတ်မြောက်ရေးအတွက် ကြွေးကြော်ခဲ့ကြောင်း သိရပါတယ်။ ဆန္ဒပြသူတွေက အမေရိကန်နိုင်ငံအနေနဲ့ ဂါဇာဒေသမှာဖြစ်ပွားနေတဲ့ လူမျိုးသုန်းသတ်ဖြတ်နေခြင်းတွေကို ငွေကြေးထောက်ပံ့ ပေးနေတာတွေရပ်တန့်ရမှာဖြစ်ကြောင်း ဗီနိုင်းပိုစတာများ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြောင်း သိရပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အရှေ့အလယ်ပိုင်းဒေသနိုင်ငံများက နိုင်ငံတကာဈေးကွက်သို့ ရေနံထောက်ပံ့မှုကို ဖြတ်တောက်လိုက်နိုင်ကြောင်း အီရတ်ဝန်ကြီးချုပ် သတိပေး

RECENT POSTS
မန္တလေးတွင် အုတ်တံတိုင်းပြိုကျကာ အဖီဆွဲနေထိုင်သူများအပေါ် ပိမိသောကြောင့် (၁)ဦးသေဆုံးကာ (၃)ဦး အပြင်းအထန်ဒဏ်ရာရ
24 Sep 2024
ဝန်ကြီးချုပ်နေတန်ရာဟု နှင့် အစ္စရေးအစိုးရထိပ်တန်း အရာရှိကြီးများကို လုပ်ကြံမည့် ဂျူးလူမျိုးတစ်ဦး ဖမ်းဆီးခံရ
24 Sep 2024
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေပိုမိုမြင့်တက်လာတာက ဘယ်နိုင်ငံအတွက်မှ အကျိုးအမြတ်မရှိဘူးလို့ G7 အဖွဲ့ပြော
24 Sep 2024
ယူကရိန်းသမ္မတက အမေရိကန်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်တွေကို အနိုင်ရစေလိုနေတယ်လို့ ဒေါ်နယ်ထရမ့်ပြော
24 Sep 2024
ယူနွတ်၏ဖိတ်ကြားချက်အရ လူထုအုံကြွမှုတော်လှန်ရေး၌ ဒဏ်ရာရသူများကို ကုသပြုစုရန်ဟုဆိုကာ တရုတ်ဆေးအဖွဲ့ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိ
24 Sep 2024
မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို တုံ့ပြန်နိုင်ကြောင်း တောင်ကိုရီးယားအစိုးရပြော
24 Sep 2024
ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ သွယ်ဝိုက်ကူညီနေသည်ဆိုသော သတင်းများကို အိန္ဒိယအစိုးရ ငြင်းဆန်
24 Sep 2024
နိုင်ငံအနှံ့ ရေဘေးဒဏ်ခံစားနေရသော်လည်း NUG-PDF များက အရပ်သားများကို အကြမ်းဖက်သတ်ဖြတ်နေမှု ဆက်လက်မြင့်တက်
24 Sep 2024
ပြင်သစ်သမ္မတက ရွေးချယ်ခန့်အပ်ထားသည့် ဝန်ကြီးချုပ်အသစ် နုတ်ထွက်ရဖွယ်ရှိနေ
24 Sep 2024
ယူကရိန်းစစ်ပွဲအတွက် ဒရုန်း အစင်းရေ တစ်သန်းခွဲနီးပါး တိုးမြှင့်ထုတ်လုပ်မည်ဟု ရုရှားသမ္မတပူတင် ပြော
24 Sep 2024
ကျောက်မဲမှထွက်ခွာသူများကို TNLA က လူသားတံတိုင်းလုပ်ရန် ခြိမ်း ခြောက်ပြီးပြန်ခေါ်နေ
24 Sep 2024
ထိုင်ဝမ်အရေး၌ အမေရိကန်စစ်တပ်နှင့်ဆက်နွှယ်နေသည့် ကုမ္ပဏီ(၉)ခုကို တရုတ်အစိုးရ ပိတ်ဆို့မှုချမှတ်
24 Sep 2024
ဂျိုးဘိုင်ဒန် သက်တမ်းမကုန်ဆုံးမီ ဂါဇာအပစ်ရပ်စာချုပ် ဖြစ်လာနိုင်ဖွယ် မရှိဟု အမေရိကန်အရာရှိများယုံကြည်နေ
24 Sep 2024
အိန္ဒိယ-မြန်မာ ကုန်သွယ်မှုတွင် ရူးပီးနှင့် ကျပ်ငွေပေးချေမှုကို တိုးမြှင့်ရန်စီစဉ်
23 Sep 2024
ရခိုင်စစ်ဘေးရှောင် (၅ဝဝ)နီးပါး အရေပြားရောဂါဖြစ်နေသော်လည်း AA မကူညီနိုင်
23 Sep 2024
‘‘ရေဘေးဖြစ်စဉ်မှ ပြန်လည်တွေ့မြင်လာရတဲ့ မြန်မာတို့ရဲ့လေးစားဖွယ်အပြုအမူတွေနဲ့ အကြမ်းဖက်အားပေးတို့ရဲ့ မနာလိုမှု” (အနုပညာဆောင်းပါး)
23 Sep 2024
အမေရိကန်နိုင်ငံမှာ ရွေးကောက်ပွဲမတိုင်မီ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုတွေ တစ်ကျော့ပြန်လည်ဖြစ်ပွားလာနေ
23 Sep 2024
အလေးချိန်(၃၀၀)ကီလိုဂရမ်ရှိတဲ့ ပထမကမ္ဘာစစ်အတွင်းက ဗုံးတစ်လုံးကို အောင်မြင်စွာ ဖယ်ရှားပစ်နိုင်ခဲ့တယ်လို့ ဆားဘီးယားရဲတပ်ဖွဲ့ပြော
23 Sep 2024
လာမယ့်အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ၂ဝ၂၈ ခုနှစ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့်ပြော
23 Sep 2024
PDF များက ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ရွာသား(၅ဝ)ကျော်ကို ဖမ်းဆီးသွားမှု ချောင်းဦး၌ဖြစ်ပွား
23 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved