Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အရှေ့အလယ်ပိုင်းဒေသနိုင်ငံများက နိုင်ငံတကာဈေးကွက်သို့ ရေနံထောက်ပံ့မှုကို ဖြတ်တောက်လိုက်နိုင်ကြောင်း အီရတ်ဝန်ကြီးချုပ် သတိပေး

Pika (NSS) - အောက်တိုဘာ ၂၂

အစ္စရေးနှင့် ဟားမက်လက်နက်ကိုင်အဖွဲ့တို့ကြားဖြစ်ပွားနေသောစစ်ပွဲသည် ဒေသတွင်းရှိအခြားနိုင်ငံများအထိ ပျံ့နှံ့လာပါက  နိုင်ငံတကာဈေးကွက်သို့ အရှေ့အလယ်ပိုင်းဒေသမှ ရေနံထောက်ပံ့ပေးမှုများ ပြတ်တောက်သွားနိုင်ကြောင်း အီရတ်ဝန်ကြီးချုပ် Mohammed Shia al-Sudani က သတိပေးပြောဆိုခဲ့သည်။

Mohammed Shia al-Sudani က "အစ္စရေး-ဟားမက်စစ်ပွဲဟာ ကမ္ဘာ့လုံခြုံရေးကို ထိခိုက်စေခြင်း၊ ဒေသအတွင်း ပဋိပက္ခကို တိုးမြင့်လာစေခြင်း၊ စွမ်းအင်ထောက်ပံ့မှုကို ထိခိုက်စေခြင်းနဲ့ စီးပွားရေးအကျပ်အတည်းကို ဆိုးဝါး လာစေမယ့်အပြင် နောက်ထပ်ပဋိပက္ခတွေကိုလည်း ဖြစ်ပွားစေနိုင်ပါတယ်" ဟု ပြောခဲ့သည်။

အစ္စရေး-ဟားမက်စစ်ပွဲကို ရပ်တန့်ရန်အတွက် အပစ်အခတ် ချက်ချင်းရပ်စဲရေး နှင့် အကျဉ်းသားလဲလှယ်ခြင်းများ ကို လုပ်ဆောင်ရန် Mohammed Shia al-Sudani က တောင်းဆိုခဲ့ကြောင်း သိရသည်။ Mohammed Shia al-Sudani သည် အစ္စရေး၏ ဗုံးကြဲတိုက်ခိုက်မှုများအတွင်း ဂါဇာကမ်းမြောင်ဒေသမှ အရပ်သားများကို ခေါ်ယူပေးရန် ငြင်းဆိုခဲ့ကြောင်းလည်း သိရသည်။

၎င်းက "ပါလက်စတိုင်းတွေမှာ အခြားနေစရာနေရာမရှိပါဘူး၊၊ ဒါဟာ သူတို့ရဲ့မြေပါပဲ" ဟု ပြောခဲ့သည်။ ပါလက်စတိုင်းနယ်မြေတွင် အစ္စရေး၏ အခြေချရေးမူဝါဒများကို ဆန့်ကျင်သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို လေးစားလိုက်နာပါက လက်ရှိဖြစ်ပွားနေသောပဋိပက္ခကို ရှောင်ရှားနိုင်မည်ဖြစ်ကြောင်း Mohammed Shia al-Sudani က အကြုံပြုပြောခဲ့သည်။

သို့သော်လည်း အစ္စရေးသည် ဂါဇာကမ်းမြောင်ဒေသရှိ ၎င်း၏ အခြေချမှုများကို ၂ဝဝ၅ ခုနှစ်တွင် ဖျက်သိမ်းခဲ့ ကြောင်းသိရသည်။ ဟားမက်လက်နက်ကိုင်အဖွဲ့သည် ဂါဇာကမ်းမြောင်ဒေသကို ၂ဝဝ၆ ခုနှစ်ကတည်းက ထိန်းချုပ် ထားခဲ့ပြီး အဆိုပါအချိန်မှစတင်ကာ ဂါဇာကမ်းမြောင်ဒေသတွင် ရွေးကောက်ပွဲအသစ်များ ကျင်းပခဲ့ခြင်းမျိုး မရှိခဲ့ ကြောင်း သိရသည်။

ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးမြေပြင်ထိုးစစ်ဆင်မှုများအား လက်တုံ့ပြန်သည့်အနေဖြင့် အရှေ့အလယ်ပိုင်း ဒေသနိုင်ငံများသည် အနောက်အုပ်စုနိုင်ငံများသို့ ရေနံတင်ပို့မှုများ ဖြတ်တောက်နိုင်သည်ဆိုသည့် စိုးရိမ်မှုများရှိနေ သည့်အချိန်တွင် Mohammed Shia al-Sudani ၏ သတိပေးချက်ထွက်ပေါ်လာခြင်းဖြစ်သည်။


အောက်တိုဘာလ(၁၈)ရက်တွင် အီရန်နိုင်ငံခြားရေးဝန်ကြီး Hossein Amir-Abdollahian သည် အစ္စရေးနိုင်ငံအပေါ် ရေနံတင်ပို့မှုများကို ရပ်တန့်ရန် မွတ်စလင်နိုင်ငံများကိုတောင်းဆိုခဲ့ပြီး စွမ်းအင်ဈေးကွက်ကို ဝေဖန်ပြောဆိုမှုများ လုပ်ဆောင်ခဲ့ကြောင်းလည်း သိရသည်။

နိုင်ငံတကာစွမ်းအင်အေဂျင်စီအမှုဆောင်ဒါရိုက်တာ Fatih Birol က "နိုင်ငံတကာရေနံဈေးကွက်တွေဟာ မတည်မငြိမ်ဖြစ်နေပါတယ်။ ပြီးတော့ အစ္စရေး-ဟားမက်စစ်ပွဲကြောင့် ရေနံဈေးနှုန်းတွေလည်း မြင့်တက်လာနိုင်ပါ တယ်။ ဒါဟာ ငွေကြေးဖောင်းပွမှုတွေအတွက် သတင်းဆိုးတစ်ခုပါပဲ။ သွင်းကုန်ရေနံစိမ်းနဲ့ ရေနံထွက်ကုန်တွေ အပေါ် မှီခိုနေရတဲ့ဖွံ့ဖြိုးဆဲနိုင်ငံတွေဟာ ထိခိုက်မှုအများဆုံးဖြစ်လာမှာပါ" ဟု ပြောခဲ့သည်။

နိုင်ငံတကာရေနံဈေးကွက်စံချိန်မှီ Brent ရေနံစိမ်းသည် လက်ရှိအချိန်တွင် တစ်စည်ကို အမေရိကန်ဒေါ်လာ (၉၃) ဒေါ်လာထိမြင့်တက်နေကြောင်း အစ္စရေးနှင့် ဟားမက်တို့စစ်ပွဲစတင်ခဲ့သည့်  အောက်တိုဘာလ(၇)ရက် မတိုင်မီက Brent ရေနံစိမ်းတစ်စည်ကို အမေရိကန်ဒေါ်လာ(၈၅)ဒေါ်လာသာ ရှိကြောင်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အင်္ဂလန်နှင့် မန်ယူအသင်းတို့၏ ဂန္တဝင်ကစားသမား ဆာဘော်ဘီချာလ်တန် အသက်(၈၆)နှစ်အရွယ်တွင် ကွယ်လွန်

RECENT POSTS
မန္တလေးတွင် အုတ်တံတိုင်းပြိုကျကာ အဖီဆွဲနေထိုင်သူများအပေါ် ပိမိသောကြောင့် (၁)ဦးသေဆုံးကာ (၃)ဦး အပြင်းအထန်ဒဏ်ရာရ
24 Sep 2024
ဝန်ကြီးချုပ်နေတန်ရာဟု နှင့် အစ္စရေးအစိုးရထိပ်တန်း အရာရှိကြီးများကို လုပ်ကြံမည့် ဂျူးလူမျိုးတစ်ဦး ဖမ်းဆီးခံရ
24 Sep 2024
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေပိုမိုမြင့်တက်လာတာက ဘယ်နိုင်ငံအတွက်မှ အကျိုးအမြတ်မရှိဘူးလို့ G7 အဖွဲ့ပြော
24 Sep 2024
ယူကရိန်းသမ္မတက အမေရိကန်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်တွေကို အနိုင်ရစေလိုနေတယ်လို့ ဒေါ်နယ်ထရမ့်ပြော
24 Sep 2024
ယူနွတ်၏ဖိတ်ကြားချက်အရ လူထုအုံကြွမှုတော်လှန်ရေး၌ ဒဏ်ရာရသူများကို ကုသပြုစုရန်ဟုဆိုကာ တရုတ်ဆေးအဖွဲ့ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိ
24 Sep 2024
မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို တုံ့ပြန်နိုင်ကြောင်း တောင်ကိုရီးယားအစိုးရပြော
24 Sep 2024
ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ သွယ်ဝိုက်ကူညီနေသည်ဆိုသော သတင်းများကို အိန္ဒိယအစိုးရ ငြင်းဆန်
24 Sep 2024
နိုင်ငံအနှံ့ ရေဘေးဒဏ်ခံစားနေရသော်လည်း NUG-PDF များက အရပ်သားများကို အကြမ်းဖက်သတ်ဖြတ်နေမှု ဆက်လက်မြင့်တက်
24 Sep 2024
ပြင်သစ်သမ္မတက ရွေးချယ်ခန့်အပ်ထားသည့် ဝန်ကြီးချုပ်အသစ် နုတ်ထွက်ရဖွယ်ရှိနေ
24 Sep 2024
ယူကရိန်းစစ်ပွဲအတွက် ဒရုန်း အစင်းရေ တစ်သန်းခွဲနီးပါး တိုးမြှင့်ထုတ်လုပ်မည်ဟု ရုရှားသမ္မတပူတင် ပြော
24 Sep 2024
ကျောက်မဲမှထွက်ခွာသူများကို TNLA က လူသားတံတိုင်းလုပ်ရန် ခြိမ်း ခြောက်ပြီးပြန်ခေါ်နေ
24 Sep 2024
ထိုင်ဝမ်အရေး၌ အမေရိကန်စစ်တပ်နှင့်ဆက်နွှယ်နေသည့် ကုမ္ပဏီ(၉)ခုကို တရုတ်အစိုးရ ပိတ်ဆို့မှုချမှတ်
24 Sep 2024
ဂျိုးဘိုင်ဒန် သက်တမ်းမကုန်ဆုံးမီ ဂါဇာအပစ်ရပ်စာချုပ် ဖြစ်လာနိုင်ဖွယ် မရှိဟု အမေရိကန်အရာရှိများယုံကြည်နေ
24 Sep 2024
အိန္ဒိယ-မြန်မာ ကုန်သွယ်မှုတွင် ရူးပီးနှင့် ကျပ်ငွေပေးချေမှုကို တိုးမြှင့်ရန်စီစဉ်
23 Sep 2024
ရခိုင်စစ်ဘေးရှောင် (၅ဝဝ)နီးပါး အရေပြားရောဂါဖြစ်နေသော်လည်း AA မကူညီနိုင်
23 Sep 2024
‘‘ရေဘေးဖြစ်စဉ်မှ ပြန်လည်တွေ့မြင်လာရတဲ့ မြန်မာတို့ရဲ့လေးစားဖွယ်အပြုအမူတွေနဲ့ အကြမ်းဖက်အားပေးတို့ရဲ့ မနာလိုမှု” (အနုပညာဆောင်းပါး)
23 Sep 2024
အမေရိကန်နိုင်ငံမှာ ရွေးကောက်ပွဲမတိုင်မီ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုတွေ တစ်ကျော့ပြန်လည်ဖြစ်ပွားလာနေ
23 Sep 2024
အလေးချိန်(၃၀၀)ကီလိုဂရမ်ရှိတဲ့ ပထမကမ္ဘာစစ်အတွင်းက ဗုံးတစ်လုံးကို အောင်မြင်စွာ ဖယ်ရှားပစ်နိုင်ခဲ့တယ်လို့ ဆားဘီးယားရဲတပ်ဖွဲ့ပြော
23 Sep 2024
လာမယ့်အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ၂ဝ၂၈ ခုနှစ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့်ပြော
23 Sep 2024
PDF များက ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ရွာသား(၅ဝ)ကျော်ကို ဖမ်းဆီးသွားမှု ချောင်းဦး၌ဖြစ်ပွား
23 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved