နိုင်ငံကူးလက်မှတ်ပြုလုပ်ရာတွင် စာအုပ်ကြေးအဖြစ် ဘတ်(၈ဝဝ)အစား ဘတ်(၁၂၅ဝ) ပေးသွင်းရမည်ဖြစ်ဟု မြန်မာသံရုံးကြေညာ
ယွန်း (NP News) - ဖေဖော်ဝါရီ ၂၆
နိုင်ငံကူးလက်မှတ် အသစ်ပြုလုပ်မည့် သူများအတွက် စာအုပ်ကြေးအပြောင်းအလဲများ ရှိကြောင်း မြန်မာသံရုံးမှ အသိပေးထုတ်ပြန်ထားသည်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှ ယနေ့(ဖေဖော်ဝါရီလ ၂၆ ရက်) နေ့လည်ပိုင်းတွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသားများအနက်မှ လာမည့် မတ်လ(၁)ရက်မှစ၍ နိုင်ငံကူးလက်မှတ်ပြုလုပ်မည့်သူများကို ယခင်ကောက်ခံသည့် စာအုပ်ကြေးကို ဘတ်(၈ဝဝ) အစား ဘတ်(၁၂၅ဝ) နှုန်းဖြင့် ပြောင်းလဲလိုက်ပြီး သက်ဆိုင်ရာဘဏ်စာရင်းသို့ ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
အလားတူ PJ နိုင်ငံကူးလက်မှတ် အသစ်ပြုလုပ်မည့်သူများသည် စာအုပ်ကြေး (၁၂၅ဝ)ဘတ် အပါအဝင် OWIC ကဒ်အတွက် (၂၅ဝ) ဘတ် စုစုပေါင်း ဘတ်(၁၅ဝဝ)နှုန်း ကျသင့်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
ထို့ပြင် စက်ရုံ၊ အလုပ်ရုံများသို့ Mobile Team ဖြင့် လာရောက်၍ အချက်အလက် ကောက်ယူထားသူများသည်လည်း ဘတ်(၁၅ဝဝ) ပေးသွင်းရမည်ဖြစ်ပြီး မတ်လ ဒုတိယပတ်တွင် passport စာအုပ်များ ထုတ် ပေးသွားမည်ဖြစ်ကြောင်း ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။
zawgyi version
ႏိုင္ငံကူးလက္မွတ္ျပဳလုပ္ရာတြင္ စာအုပ္ေၾကးအျဖစ္ ဘတ္(၈ဝဝ)အစား ဘတ္(၁၂၅ဝ) ေပးသြင္းရမည္ျဖစ္ဟု ျမန္မာသံ႐ုံးေၾကညာ
ယြန္း (NP News) - ေဖေဖာ္ဝါရီ ၂၆
ႏိုင္ငံကူးလက္မွတ္ အသစ္ျပဳလုပ္မည့္ သူမ်ားအတြက္ စာအုပ္ေၾကးအေျပာင္းအလဲမ်ား ရွိေၾကာင္း ျမန္မာသံ႐ုံးမွ အသိေပးထုတ္ျပန္ထားသည္။
ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕ရွိ ျမန္မာသံ႐ုံးမွ ယေန႔(ေဖေဖာ္ဝါရီလ ၂၆ ရက္) ေန႔လည္ပိုင္းတြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ထားျခင္းျဖစ္သည္။
ထိုင္းႏိုင္ငံတြင္ ေရာက္ရွိေနေသာ ျမန္မာႏိုင္ငံသားမ်ားအနက္မွ လာမည့္ မတ္လ(၁)ရက္မွစ၍ ႏိုင္ငံကူးလက္မွတ္ျပဳလုပ္မည့္သူမ်ားကို ယခင္ေကာက္ခံသည့္ စာအုပ္ေၾကးကို ဘတ္(၈ဝဝ) အစား ဘတ္(၁၂၅ဝ) ႏႈန္းျဖင့္ ေျပာင္းလဲလိုက္ၿပီး သက္ဆိုင္ရာဘဏ္စာရင္းသို႔ ေပးသြင္းရမည္ျဖစ္ေၾကာင္း သိရသည္။
အလားတူ PJ ႏိုင္ငံကူးလက္မွတ္ အသစ္ျပဳလုပ္မည့္သူမ်ားသည္ စာအုပ္ေၾကး (၁၂၅ဝ)ဘတ္ အပါအဝင္ OWIC ကဒ္အတြက္ (၂၅ဝ) ဘတ္ စုစုေပါင္း ဘတ္(၁၅ဝဝ)ႏႈန္း က်သင့္မည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ထည့္သြင္းေဖာ္ျပထားသည္။
ထို႔ျပင္ စက္႐ုံ၊ အလုပ္႐ုံမ်ားသို႔ Mobile Team ျဖင့္ လာေရာက္၍ အခ်က္အလက္ ေကာက္ယူထားသူမ်ားသည္လည္း ဘတ္(၁၅ဝဝ) ေပးသြင္းရမည္ျဖစ္ၿပီး မတ္လ ဒုတိယပတ္တြင္ passport စာအုပ္မ်ား ထုတ္ ေပးသြားမည္ျဖစ္ေၾကာင္း ဘန္ေကာက္ၿမိဳ႕ရွိ ျမန္မာသံ႐ုံးမွ ထုတ္ျပန္ထားသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်ပသို့ ဆန်တင်ပို့မှုမှ တစ်လလျှင် အမေရိကန်ဒေါ်လာ သန်း(၈ဝ)ဝန်းကျင်ခန့်ရရှိနေပြီး မည်သည့်ကုမ္ပဏီကိုမျှ ပြည်ပတင်ပို့ခွင့် ကန့်သတ်ထားခြင်းမရှိဟုဆို
RELATED POSTS
14 Sep 2024 | စီးပွားရေး,နိုင်ငံတကာ
12 Sep 2024 | စီးပွားရေး,ပြည်တွင်း
12 Sep 2024 | စီးပွားရေး,ပြည်တွင်း
07 Sep 2024 | စီးပွားရေး,ပြည်တွင်း