Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပြည်ပသို့ ဆန်တင်ပို့မှုမှ တစ်လလျှင် အမေရိကန်ဒေါ်လာ သန်း(၈ဝ)ဝန်းကျင်ခန့်ရရှိနေပြီး မည်သည့်ကုမ္ပဏီကိုမျှ ပြည်ပတင်ပို့ခွင့် ကန့်သတ်ထားခြင်းမရှိဟုဆို

ယွန်း (NP News) - ဖေဖော်ဝါရီ ၂၆

ပြည်ပသို့ ဆန်တင်ပို့မှုမှ တစ်လလျှင် အမေရိကန်ဒေါ်လာ သန်း(၈ဝ)ဝန်းကျင်ခန့်ရရှိနေကြောင်း မြန်မာ နိုင်ငံဆန်စပါး အသင်းချုပ်ဥက္ကဋ္ဌက ပြောသည်။

မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က NP News နှင့် သီးသန့်အင်တာဗျူးစဥ် အထက်ပါကဲ့သို့ အသိပေးပြောဆိုထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့မှုမှ တစ်လလျှင် အမေရိကန်ဒေါ်လာ သန်း(၈ဝ)ဝန်းကျင်ခန့် ရရှိနေပြီး တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း(၈ဝဝ) ဝန်းကျင်ခန့် ပို့ကုန်ဝင်ငွေရရှိကြောင်း သိရသည်။

“လစဥ်ကတော့ တန်ချိန် (၂)သိန်းလောက် ရည်မှန်းချက်ထားပြီး ပြည်ပတင်ပို့တယ်။ အမေရိကန်ဒေါ်လာအားဖြင့် တစ်နှစ်ကို အမေရိကန်ဒေါ်လာ သန်း(၇ဝဝ)၊ (၈ဝဝ)ဝန်းကျင်လောက်ပေါ့။ ဒီနှစ်တော့ စျေးနည်းနည်းတက်တဲ့အတွက် သန်း(၈ဝဝ)ဝန်းကျင်လောက် ဝင်ငွေရတယ်။ တစ်လကို အမေရိကန်ဒေါ်လာ သန်း(၇ဝ)၊ (၈ဝ)လောက် ပို့ကုန်ဝင်ငွေရရှိပါတယ်”ဟု ဦးရဲမင်းအောင်က ဆိုသည်။

ထို့ပြင် ပြည်ပသို့ ဆန်တင်ပို့မှုနှင့် ပတ်သက်၍ ပြည်တွင်း၌ မည်သည့် ကန်သတ်ချက်မျိုးမှ မထား‌ကြောင်း ဆန်စပါးအသင်း ဥက္ကဋ္ဌမှ ဆက်လက်ပြောဆိုထားသည်။

“ပြည်ပတင်ပို့မှုနဲ့ ပတ်သက်ရင်လည်း လောလောဆယ် ဆောင်ရွက်နေတဲ့ ကုမ္ပဏီတွေ (၄ဝ)၊ (၅ဝ) လောက်ရှိတယ်။ ပုံမှန်လုပ်တယ်။ မည်သူမဆို ပြည်ပတင်ပို့မှုလုပ်လို့ရတယ်။ ဟိုကုမ္ပဏီပဲလုပ်လို့ရတယ်၊ ဒီကုမ္ပဏီပဲလုပ်လို့ရတယ်ဆိုတဲ့ သတင်းမှားတွေကိုလည်း တစ်ခါထဲရှင်းပြချင်ပါတယ်။ ပြည်ပတင်ပို့မှုကိုလည်း မြန်မာနိုင်ငံဘက်က ဘာမှကန့်ကွက်ထားတာ မရှိဘူး။ တခြားနိုင်ငံတွေမှာတော့ ကန့်သတ်ထားတယ်” ဟု ဆိုသည်။

သို့ရာတွင် ဆန်တင်ပို့မည့် ကုမ္ပဏီအနေဖြင့် ဆန်စက် အပါအဝင် သိုလှောင်ရုံများရှိမှသာ ပြည်ပသို့ ဆန်တင်ပို့နိုင်မည်ဖြစ်ကြောင်း သိရသည်။

“အခုမှ ကုမ္ပဏီထောင်ပြီးတော့ အခုမှ ပြည်ပတင်ပို့ချင်တယ်ဆိုရင်လည်း အရောင်းအဝယ်စာချုပ်တကယ်ချုပ်ထားတယ်ဆိုရင် တင်ပို့လို့ရတယ်။ ဒါပေမယ့် ပြည်ပပို့ချင်တဲ့ ကုမ္ပဏီက ပို့မယ်ဆိုရင် ဆန်စက်တို့၊ သိုလှောင်ရုံတို့ရှိမှ ပြည်ပကိုပို့လို့ရမှာလေ အဲဒါတွေရှိရင် ပြည်ပကိုပို့လို့ရပါတယ်” ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ‌ဆိုသည်။

လက်ရှိတွင် ပြည်တွင်း၌ ဆန်စပါးတင်ပို့နေသည့် ကုမ္ပဏီ(၅ဝ)ခန့်ရှိပြီး ဆန်စပါးအသင်းချုပ်အနေဖြင့် ယခုဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် (၂)သန်းတင်ပို့ရန် လျာထားကြောင်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလကုန်အထိ တန်ချိန် (၁ ဒသမ ၉)သန်းကိုလည်း တင်ပို့ထားပြီးဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံ၏ ဆန်နှင့် ဆန်ကွဲကို ဥရောပနိုင်ငံများနှင့် တရုတ်နိုင်ငံတို့က အများဆုံးဝယ်ယူကြောင်း သိရသည်။

zawgyi version

ျပည္ပသို႔ ဆန္တင္ပို႔မႈမွ တစ္လလွ်င္ အေမရိကန္ေဒၚလာ သန္း(၈ဝ)ဝန္းက်င္ခန႔္ရရွိေနၿပီး မည္သည့္ကုမၸဏီကိုမွ် ျပည္ပတင္ပို႔ခြင့္ ကန႔္သတ္ထားျခင္းမရွိဟုဆို

ယြန္း (NP News) - ေဖေဖာ္ဝါရီ ၂၆

ျပည္ပသို႔ ဆန္တင္ပို႔မႈမွ တစ္လလွ်င္ အေမရိကန္ေဒၚလာ သန္း(၈ဝ)ဝန္းက်င္ခန႔္ရရွိေနေၾကာင္း ျမန္မာ ႏိုင္ငံဆန္စပါး အသင္းခ်ဳပ္ဥကၠ႒က ေျပာသည္။

ျမန္မာႏိုင္ငံဆန္စပါး အသင္းခ်ဳပ္ ဥကၠ႒ ဦးရဲမင္းေအာင္က NP News ႏွင့္ သီးသန႔္အင္တာဗ်ဴးစဥ္ အထက္ပါကဲ့သို႔ အသိေပးေျပာဆိုထားျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံမွ ျပည္ပႏိုင္ငံမ်ားသို႔ ဆန္တင္ပို႔မႈမွ တစ္လလွ်င္ အေမရိကန္ေဒၚလာ သန္း(၈ဝ)ဝန္းက်င္ခန႔္ ရရွိေနၿပီး တစ္ႏွစ္လွ်င္ အေမရိကန္ေဒၚလာ သန္း(၈ဝဝ) ဝန္းက်င္ခန႔္ ပို႔ကုန္ဝင္ေငြရရွိေၾကာင္း သိရသည္။

“လစဥ္ကေတာ့ တန္ခ်ိန္ (၂)သိန္းေလာက္ ရည္မွန္းခ်က္ထားၿပီး ျပည္ပတင္ပို႔တယ္။ အေမရိကန္ေဒၚလာအားျဖင့္ တစ္ႏွစ္ကို အေမရိကန္ေဒၚလာ သန္း(၇ဝဝ)၊ (၈ဝဝ)ဝန္းက်င္ေလာက္ေပါ့။ ဒီႏွစ္ေတာ့ ေစ်းနည္းနည္းတက္တဲ့အတြက္ သန္း(၈ဝဝ)ဝန္းက်င္ေလာက္ ဝင္ေငြရတယ္။ တစ္လကို အေမရိကန္ေဒၚလာ သန္း(၇ဝ)၊ (၈ဝ)ေလာက္ ပို႔ကုန္ဝင္ေငြရရွိပါတယ္”ဟု ဦးရဲမင္းေအာင္က ဆိုသည္။

ထို႔ျပင္ ျပည္ပသို႔ ဆန္တင္ပို႔မႈႏွင့္ ပတ္သက္၍ ျပည္တြင္း၌ မည္သည့္ ကန္သတ္ခ်က္မ်ိဳးမွ မထား‌ေၾကာင္း ဆန္စပါးအသင္း ဥကၠ႒မွ ဆက္လက္ေျပာဆိုထားသည္။

“ ျပည္ပတင္ပို႔မႈနဲ႔ ပတ္သက္ရင္လည္း ေလာေလာဆယ္ ေဆာင္႐ြက္ေနတဲ့ ကုမၸဏီေတြ (၄ဝ)၊ (၅ဝ) ေလာက္ရွိတယ္။ ပုံမွန္လုပ္တယ္။ မည္သူမဆို ျပည္ပတင္ပို႔မႈလုပ္လို႔ရတယ္။ ဟိုကုမၸဏီပဲလုပ္လို႔ရတယ္၊ ဒီကုမၸဏီပဲလုပ္လို႔ရတယ္ဆိုတဲ့ သတင္းမွားေတြကိုလည္း တစ္ခါထဲရွင္းျပခ်င္ပါတယ္။ ျပည္ပတင္ပို႔မႈကိုလည္း ျမန္မာႏိုင္ငံဘက္က ဘာမွကန႔္ကြက္ထားတာ မရွိဘူး။ တျခားႏိုင္ငံေတြမွာေတာ့ ကန႔္သတ္ထားတယ္” ဟု ဆိုသည္။

သို႔ရာတြင္ ဆန္တင္ပို႔မည့္ ကုမၸဏီအေနျဖင့္ ဆန္စက္ အပါအဝင္ သိုေလွာင္႐ုံမ်ားရွိမွသာ ျပည္ပသို႔ ဆန္တင္ပို႔ႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

“အခုမွ ကုမၸဏီေထာင္ၿပီးေတာ့ အခုမွ ျပည္ပတင္ပို႔ခ်င္တယ္ဆိုရင္လည္း အေရာင္းအဝယ္စာခ်ဳပ္တကယ္ခ်ဳပ္ထားတယ္ဆိုရင္ တင္ပို႔လို႔ရတယ္။ ဒါေပမယ့္ ျပည္ပပို႔ခ်င္တဲ့ ကုမၸဏီက ပို႔မယ္ဆိုရင္ ဆန္စက္တို႔၊ သိုေလွာင္႐ုံတို႔ရွိမွ ျပည္ပကိုပို႔လို႔ရမွာေလ အဲဒါေတြရွိရင္ ျပည္ပကိုပို႔လို႔ရပါတယ္” ဟု ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္ ဥကၠ႒ ဦးရဲမင္းေအာင္က ‌ဆိုသည္။

လက္ရွိတြင္ ျပည္တြင္း၌ ဆန္စပါးတင္ပို႔ေနသည့္ ကုမၸဏီ(၅ဝ)ခန႔္ရွိၿပီး ဆန္စပါးအသင္းခ်ဳပ္အေနျဖင့္ ယခုဘ႑ာႏွစ္တြင္ ျပည္ပသို႔ ဆန္ႏွင့္ဆန္ကြဲတန္ခ်ိန္ (၂)သန္းတင္ပို႔ရန္ လ်ာထားေၾကာင္းသိရသည္။ ၿပီးခဲ့သည့္ ဇန္နဝါရီလကုန္အထိ တန္ခ်ိန္ (၁ ဒသမ ၉)သန္းကိုလည္း တင္ပို႔ထားၿပီးျဖစ္ေၾကာင္းသိရသည္။

ျမန္မာႏိုင္ငံ၏ ဆန္ႏွင့္ ဆန္ကြဲကို ဥေရာပႏိုင္ငံမ်ားႏွင့္ တ႐ုတ္ႏိုင္ငံတို႔က အမ်ားဆုံးဝယ္ယူေၾကာင္း သိရသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

လှိုင်မြို့နယ်တွင် လမ်းဖြတ်ကူးနေသည့် အမျိုးသားတစ်ဦး ကားတိုက်ခံရ

RELATED POSTS
RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved