မလေးရှားမှာ ၂၀၂၃ ခုနှစ်အတွင်း လိမ်လည်ငွေညှစ်မှုတွေပြုလုပ်နေတဲ့ သံသယရှိသူ ၁၀၀၀ ကျော်ထိ ဖမ်းဆီးထား
ရောင်နီ (NSS) - အောက်တိုဘာ ၂၁
မလေးရှားနိုင်ငံမှာ ယခုနှစ် ကိုးလအတွင်း Call Centre ကနေ လိမ်လည်ငွေညှစ်မှုတွေ ပြုလုပ်နေတဲ့ သံသယရှိသူ ၁,၁၆၀ ကို ဖမ်းဆီးထားနိုင်ခဲ့ပြီဖြစ်တယ်လို့ မလေးရှား သတင်းဌာန Bernama က သောကြာနေ့ (အောက်တိုဘာလ ၂၀ ရက်)မှာ ဖော်ပြခဲ့ပါတယ်။
၎င်းတို့မှာ မလေးရှားမှ ၇၉၁ ဦး၊ တရုတ်နိုင်ငံမှ ၃၀၀ ဦး၊ အင်ဒိုနီးရှားမှ ၂၀ ဦး၊ ထိုင်ဝမ်မှ ၁၃ ဦး၊ ဘင်္ဂလားဒေ့ရှ် ရှစ်ဦး၊ ဗီယက်နမ်မှ ခြောက်ဦး၊ ပါကစ္စတန်မှ လေးဦး၊ ထိုင်းနိုင်ငံမှ သုံးဦး၊ စင်ကာပူမှ သုံးဦး၊ ဖိလစ်ပိုင်မှ နှစ်ဦး နဲ့ အိန္ဒိယနိုင်ငံမှ နှစ်ဦး၊ ဗြိတိန်၊ ပြင်သစ်၊ နိုင်ဂျီးရီးယား၊ နီပေါ၊ တောင်ကိုရီးယား၊ ကာဇက်စတန်၊ ဂျော်ဒန်နဲ့ အီရန်မှ တစ်ဦးစီ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
Bukit Aman စီးပွားဖြစ်ရာဇ၀တ်မှုစုံစမ်းစစ်ဆေးရေးဌာန ဒါရိုက်တာ ဒါတက်ခ်ဆီရီရာလီမိုဟာမတ်ရိုးဆက်ဖ်က ၎င်းတို့ထဲမှ လူ ၅၀၁ ဦးကို ပြစ်မှုအမျိုးမျိုးနဲ့ စွဲချက်တင်ထားပြီး ကျန် ၆၅၉ ဦးကိုတော့ စုံစမ်းနေဆဲဖြစ်ကာ အများစုကို ရဲအာမခံနဲ့ ပြန်လွှတ်ပေးခဲ့တယ်လို့ သော ကြာနေ့(အောက်တိုဘာလ ၂၀ ရက်)မှာ ထုတ်ပြန်ခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လိမ်လည် ငွေညှစ်မှုတွေ ပြုလုပ်နေတဲ့ Call Centre တွေကို ဖြိုခွင်းဖို့အတွက် ရဲတပ်ဖွဲ့က စီးနင်း ရှာဖွေမှုတွေ ပြုလုပ်နေပြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လိမ်လည်မှု ၄၆ မှု၊ အခြားအွန်လိုင်းရောင်းချမှု၊ ဖုန်း၊ လောင်းကစား၊ ငွေထုတ်ချေးမှု၊ မရှိသော ချေးငွေ၊ အချစ်နဲ့ ဘဏ်အကောင့် လိမ်လည်လှည့်စားမှုတွေကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။
ရဲတပ်ဖွဲ့ဟာ လိမ်လည်လှည့်စားတဲ့ ခေါ်ဆိုရေးစင်တာတွေကို စဉ်ဆက်မပြတ် အရေးယူဆောင်ရွက်ဖို့ ကတိကဝတ်ပြုထားပြီး အဆိုပါ လှုပ်ရှားမှုတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေအတွက် ပူးပေါင်းပါဝင်ပေးတဲ့ ပြည်သူတွေကို ကျေးဇူးတင်ကြောင်း ဒါရိုက်တာရိုးဆက်ဖ်က ပြောကြားခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်မြို့ နှင့် ဘန်ကောက်မြို့အကြား လေကြောင်းလိုင်းများ တိုးချဲ့ပျံသန်းပြေးဆွဲရန်စီစဉ်နေ
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း