ရန်ကုန်မြို့ နှင့် ဘန်ကောက်မြို့အကြား လေကြောင်းလိုင်းများ တိုးချဲ့ပျံသန်းပြေးဆွဲရန်စီစဉ်နေ
Pearl (NSS) - အောက်တိုဘာ ၂၁
ရန်ကုန်မြို့ နှင့် ဘန်ကောက်မြို့အကြား လေကြောင်းလိုင်းများ တိုးချဲ့ပျံသန်းပြေးဆွဲရန် နှစ်နိုင်ငံအကြား စီစဉ်နေကြောင်း နစကထံမှသတင်းရရှိသည်။
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဒေါက်တာသက်သက်ခိုင် နှင့် ထိုင်းနိုင်ငံ အခြေစိုက် Best International Travel & Agency မှ အမှုဆောင်အရာရှိ Ms. Kulchalee Preechaya-deekul ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့သည် ယမန်နေ့ (အောက်တိုဘာလ ၂၀ ရက်) တွင် နေပြည်တော်၌တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံစဉ် ထိုင်းခရီးသွားများ အများဆုံးလည်ပတ်လေ့ရှိသော ရန်ကုန်၊ ပဲခူး၊ ကျိုက်ထီးရိုး ခရီးစဉ်များအပြင် ခရီးစဉ်အသစ်များသို့လည်း လာရောက်လည်ပတ်ရေး နှင့် မြန်မာ နိုင်ငံ၏ ခရီးစဉ်ဒေသများကို ရုပ်သံဗီဒီယိုများရိုက်ကူး၍ ထိုင်းနိုင်ငံရှိ သတင်းမီဒီယာများ၌ လွှင့်တင်ရေးတို့အတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်နှင့် ဘန်ကောက်အကြား လေကြောင်းလိုင်းများ တိုးချဲ့ပျံသန်းပြေးဆွဲပေးနိုင်ရေး နှင့် မြန်မာ-ထိုင်းနှစ်နိုင်ငံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင် ရွက်သွားမည့် ကိစ္စရပ်များကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ရန်ကုန် - ထိုင်း လေကြောင်းခရီးစဉ်များကို အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI)၊ မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA)၊ Thai AirAsia ၊ THAI Airways စသည့် လေကြောင်းလိုင်းများက ပျံသန်းလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
FDA က စားသုံးရန်မသင့်သည့် ကုန်စည် ၁၉၀ ကျော်ကို ထုတ်လုပ်သည့်လုပ်ငန်းများအား အရေးယူထား
RELATED POSTS
21 Sep 2024 | ခရီးသွား,ပြည်တွင်း
31 Aug 2024 | ခရီးသွား,ပြည်တွင်း
31 Aug 2024 | ခရီးသွား,ပြည်တွင်း