Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပါလက်စတိုင်းလိုလားသူ အုပ်စုများ အမေရိကန် ကွန်ဂရက်လွှတ်တော် အဆောက်အအုံအတွင်း ဝင်ရောက်စီးနင်း

Htay Oung (NSS) - အောက်တိုဘာ ၁၉

ပါလက်စတိုင်း လိုလားတဲ့ အုပ်စုတွေဟာ အမေရိကန် အထက်-အောက် လွှတ်တော်နှစ်ရပ်တည်ရှိရာ ကက်ပီတိုလ်ဟေးလ် အဆောက်အအုံအတွင်း ဝင်ရောက်စီးနင်းကြပြီး ဟားမတ်စ်တို့နဲ့ ချက်ချင်း အပစ်အခတ်ရပ်စဲပေးဖို့ တောင်းဆိုခဲ့ကြတယ်လို့  Business Today က အရေးကြီး ကြားဖြတ်သတင်းအဖြစ် ယနေ့ (အောက်တိုဘာလ ၁၉ ရက်)က ရေးသားပါတယ်။


လွှတ်တော် အဆောက်အအုံအနီး ဆန္ဒပြဖို့အတွက် အလုံးအရင်းနဲ့ စုဝေးနေသူများအနက် လူ ၄၀၀ ခန့်ဟာ  အဆောက်အအုံအတွင်း ၀င်ရောက်သောင်းကျန်းကြပြီး လူ ၃၀၀ ထက်မနည်း ဖမ်းဆီးခံလိုက်ရကြောင်း သိရှိရပါတယ်။

ပါလက်စတိုင်းလိုလားတဲ့ တက်ကြွလှုပ်ရှားသူတွေက နောက်ထပ် ဆန္ဒပြပွဲတွေလုပ်ဖို့ စီစဉ်နေပါတယ်။

အဲဒီ ချီတက်ပွဲကို ဂျူး-ဇီယွန်ဝါဒီ ဆန့်ကျင်ရေး အဖွဲ့နှစ်ဖွဲ့ဖြစ်ကြတဲ့ “ငြိမ်းချမ်းရေးအတွက် ဂျူးအသံ” နဲ့ “If Not Now" တို့က စီစဉ်ခဲ့ခြင်းဖြစ်တယ်လို့ နယူးယောက်တိုင်းမ်သတင်းစာက ဆိုပါတယ်။ ဆန္ဒပြသူ ၄၀၀ ခန့်ဟာ အမေရိကန် ကွန်ဂရက်လွှတ်တော်အဆောက်အအုံအနက် ရှေးအကျဆုံးဖြစ်တဲ့ “ကင်နွန်ဟောက်စ်" ရုံးခန်းရှေ့ စက်ဝိုင်းပုံ ခန်းမမှာ စုဝေးခဲ့ကြကြောင်း၊ ဂျူးဓမ္မဆရာ ၂၅ ခန့်ဟာ ဂျူးဒစ်ကျမ်းလာ ဂါဇာရှိ ပါလက်စတိုင်းလူမျိုးများနဲ့ ဆိုင်တဲ့ သက်သေခံချက်များကို ဖတ်ကြားပြီး ဆုတောင်းစာများ ရွတ်ဆိုကြပါတယ်။

အနက်ရောင်၀တ်စုံ၀တ် ဆန္ဒပြသူတွေရဲ့ “ချက်ချင်း အပစ်အခတ် ရပ်စဲရေး" ဆိုတဲ့ ကြွေးကြော်သံတွေဟာ အဆောက်အအုံအတွင်း ပဲ့တင် ထပ်သွားကြောင်း၊ ဟီဘရူးအပြင် အင်္ဂလိပ်ဘာသာဖြင့်လည်း သီချင်းတွေ သီဆိုခဲ့ကြတယ်လို့ ရေးသားပါတယ်။

ရဲအရာရှိများကို ကိုယ်ထိလက်ရောက်ပြုမှုနဲ့ လူ ၃ ဦးကို တရားစွဲဆိုထားတယ်လို့ ကက်ပီတိုလ်ဟေး ရဲတပ် ဖွဲ့က ပြောပါတယ်။ ဆန္ဒပြသူတွေကို ဇစ်လက်ထိပ်ကြိုးနဲ့ ချည်နှောင်ပြီး အချုပ်ကားအတွင်း ခေါ်ဆောင်သွား ပုံကိုလည်း တွေ့မြင်ရပါတယ်။

ကွန်ဂရက်အဆောက်အအုံအတွင်း ပါလက်စတိုင်းလိုလားတဲ့ ဆန္ဒပြပွဲမှာ ပါဝင်သူတွေကို ဥပဒေအရ ထိထိ ရောက်ရောက် အရေးယူပေးဖို့ အောက်လွှတ်တော် ရီပတ်ဘလစ်ကင် အမျိုးသမီးအမတ် မာဂျိုရီတေလာဂရင်းနီက တောင်းဆိုပါတယ်။ ခုလုပ်ရပ်ဟာ ပုန်ကန်မှုဖြစ်ပြီး ရဲတပ်ဖွဲ့အနေနဲ့ အားလုံးကို အရေးယူသင့်တယ်လို့လည်း ပြောပါတယ်။

ကွန်ဂရက်လွှတ်တော် အဆောက်အအုံများအတွင်း ဆန္ဒပြခွင့် မရှိပါဘူး။ တနင်္လာနေ့ အိမ်ဖြူတော်အနီး ဆန္ဒပြပွဲများအပြီး နှစ်ရက်အကြာမှာ ယခုလို ကွန်ဂရက်အဆောက်အအုံအတွင်း ၀င်ရောက်မှုဖြစ်ပွားခဲ့ကြောင်း တွေ့ရှိရပါတယ်။ ယခင် ဆန္ဒပြပွဲတုန်းက လူပေါင်း ၅,၀၀၀ နီးပါး ပါဝင်ခဲ့ကြောင်း သိရပါတယ်။

ကက်ပီတိုလ် ဆန္ဒပြပွဲမှ တက်ကြွလှုပ်ရှားသူတွေကတော့ ဒီနေ့ ညနေပိုင်း ဝါရှင်တန်ရှိ အစ္စရေးသံရုံးအနီးမှာ နောက်ထပ်ဆန္ဒပြကြဖို့ စုဝေးသူများကို တောင်းဆိုလိုက်ပါတယ်။ အဲ့ဒီ အုပ်စု ၂ ခုဟာ မနက်ဖန် သောကြာနေ့ ဝါရှင်တန်ဒီစီ အမျိုးသားဥယျာဉ်မှာ အခြားစုဝေးပွဲတစ်ခု ထပ်မံပြုလုပ်ဖို့ စီစဉ်ထားပါတယ်။

အမေရိကန်နိုင်ငံ ပြင်ပမှာတော့ အစ္စရေးတို့သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်း အနောက်ဘက်ကမ်း၊ အီရန်၊ ဂျော်ဒန်၊ လက်ဘနွန်၊ တူနီးရှားနဲ့ ကျန်အရှေ့အလယ်ပိုင်း အခြားတိုင်းပြည်များမှာ ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပါတယ်။ ဂါဇာရှိ အယ်လ်အာလီအာရပ်ဆေးရုံမှာ လူ ၅၀၀ သေဆုံးရတဲ့ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လူစုလူဝေးနဲ့ ကန့်ကွက် ရှုတ်ချမှုများဟာ ကမ္ဘာတစ်ဝှမ်းလုံး ဖြစ်ပေါ်လာရပါတယ်။

ဗုံးပေါက်ကွဲမှုမှာ ပါဝင်ပတ်သက်ခြင်း မရှိကြောင်း အစ္စရေးတပ်မတော် IDF က ငြင်းဆိုထားပြီး ပါလက်စတိုင်း အစ္စလာမ်မစ်ဂျီဟတ်ဝါဒီတို့ရဲ့ (ဒုံးကျည်ထိပ်ဖူးများ ပေါက်ကွဲရာမှ) ယခုလိုဖြစ်ရတယ်လို့ ပြောပါတယ်။ ပါလက်စတိုင်းအာဏာပိုင်တွေကတော့ အစ္စရေးတို့ရဲ့ ဆေးရုံတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်လို့ စွပ်စွဲနေပါတယ်။

၁၄ ရက်မြောက်အတွင်း ၀င်ရောက်လာတဲ့ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခမှာ နှစ်ဖက်စလုံးမှ လူပေါင်း ၄,၉၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။ ပါလက်စတိုင်းတို့ဘက်မှာ စုစုပေါင်း ၃,၅၄၀ သေဆုံးခဲ့ပြီး ၁၃,၃၀၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။ အစ္စရေးဘက်မှာတော့ လူပေါင်း ၁,၄၀၀ ကျော် သေဆုံးကာ ၄၄၇၅ ဦးကျော် ဒဏ်ရာ ရရှိခဲ့ပါတယ်။

(Business Today., 19 October 2023,” Israel-Hamas war: Pro-Palestine groups storm US Capitol, demand ‘ceasefire now’” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အရှေ့အလယ်ပိုင်းဒေသတွင် တင်းမာမှုများမြင့်တက်လာမှုနှင့်အတူ ကမ္ဘာ့ရေနံဈေးနှုန်း ပိုမိုမြင့်တက်လာ

RECENT POSTS
မန္တလေးတွင် အုတ်တံတိုင်းပြိုကျကာ အဖီဆွဲနေထိုင်သူများအပေါ် ပိမိသောကြောင့် (၁)ဦးသေဆုံးကာ (၃)ဦး အပြင်းအထန်ဒဏ်ရာရ
24 Sep 2024
ဝန်ကြီးချုပ်နေတန်ရာဟု နှင့် အစ္စရေးအစိုးရထိပ်တန်း အရာရှိကြီးများကို လုပ်ကြံမည့် ဂျူးလူမျိုးတစ်ဦး ဖမ်းဆီးခံရ
24 Sep 2024
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေပိုမိုမြင့်တက်လာတာက ဘယ်နိုင်ငံအတွက်မှ အကျိုးအမြတ်မရှိဘူးလို့ G7 အဖွဲ့ပြော
24 Sep 2024
ယူကရိန်းသမ္မတက အမေရိကန်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်တွေကို အနိုင်ရစေလိုနေတယ်လို့ ဒေါ်နယ်ထရမ့်ပြော
24 Sep 2024
ယူနွတ်၏ဖိတ်ကြားချက်အရ လူထုအုံကြွမှုတော်လှန်ရေး၌ ဒဏ်ရာရသူများကို ကုသပြုစုရန်ဟုဆိုကာ တရုတ်ဆေးအဖွဲ့ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိ
24 Sep 2024
မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို တုံ့ပြန်နိုင်ကြောင်း တောင်ကိုရီးယားအစိုးရပြော
24 Sep 2024
ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ သွယ်ဝိုက်ကူညီနေသည်ဆိုသော သတင်းများကို အိန္ဒိယအစိုးရ ငြင်းဆန်
24 Sep 2024
နိုင်ငံအနှံ့ ရေဘေးဒဏ်ခံစားနေရသော်လည်း NUG-PDF များက အရပ်သားများကို အကြမ်းဖက်သတ်ဖြတ်နေမှု ဆက်လက်မြင့်တက်
24 Sep 2024
ပြင်သစ်သမ္မတက ရွေးချယ်ခန့်အပ်ထားသည့် ဝန်ကြီးချုပ်အသစ် နုတ်ထွက်ရဖွယ်ရှိနေ
24 Sep 2024
ယူကရိန်းစစ်ပွဲအတွက် ဒရုန်း အစင်းရေ တစ်သန်းခွဲနီးပါး တိုးမြှင့်ထုတ်လုပ်မည်ဟု ရုရှားသမ္မတပူတင် ပြော
24 Sep 2024
ကျောက်မဲမှထွက်ခွာသူများကို TNLA က လူသားတံတိုင်းလုပ်ရန် ခြိမ်း ခြောက်ပြီးပြန်ခေါ်နေ
24 Sep 2024
ထိုင်ဝမ်အရေး၌ အမေရိကန်စစ်တပ်နှင့်ဆက်နွှယ်နေသည့် ကုမ္ပဏီ(၉)ခုကို တရုတ်အစိုးရ ပိတ်ဆို့မှုချမှတ်
24 Sep 2024
ဂျိုးဘိုင်ဒန် သက်တမ်းမကုန်ဆုံးမီ ဂါဇာအပစ်ရပ်စာချုပ် ဖြစ်လာနိုင်ဖွယ် မရှိဟု အမေရိကန်အရာရှိများယုံကြည်နေ
24 Sep 2024
အိန္ဒိယ-မြန်မာ ကုန်သွယ်မှုတွင် ရူးပီးနှင့် ကျပ်ငွေပေးချေမှုကို တိုးမြှင့်ရန်စီစဉ်
23 Sep 2024
ရခိုင်စစ်ဘေးရှောင် (၅ဝဝ)နီးပါး အရေပြားရောဂါဖြစ်နေသော်လည်း AA မကူညီနိုင်
23 Sep 2024
‘‘ရေဘေးဖြစ်စဉ်မှ ပြန်လည်တွေ့မြင်လာရတဲ့ မြန်မာတို့ရဲ့လေးစားဖွယ်အပြုအမူတွေနဲ့ အကြမ်းဖက်အားပေးတို့ရဲ့ မနာလိုမှု” (အနုပညာဆောင်းပါး)
23 Sep 2024
အမေရိကန်နိုင်ငံမှာ ရွေးကောက်ပွဲမတိုင်မီ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုတွေ တစ်ကျော့ပြန်လည်ဖြစ်ပွားလာနေ
23 Sep 2024
အလေးချိန်(၃၀၀)ကီလိုဂရမ်ရှိတဲ့ ပထမကမ္ဘာစစ်အတွင်းက ဗုံးတစ်လုံးကို အောင်မြင်စွာ ဖယ်ရှားပစ်နိုင်ခဲ့တယ်လို့ ဆားဘီးယားရဲတပ်ဖွဲ့ပြော
23 Sep 2024
လာမယ့်အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ၂ဝ၂၈ ခုနှစ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့်ပြော
23 Sep 2024
PDF များက ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ရွာသား(၅ဝ)ကျော်ကို ဖမ်းဆီးသွားမှု ချောင်းဦး၌ဖြစ်ပွား
23 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved