အရှေ့အလယ်ပိုင်းဒေသတွင် တင်းမာမှုများမြင့်တက်လာမှုနှင့်အတူ ကမ္ဘာ့ရေနံဈေးနှုန်း ပိုမိုမြင့်တက်လာ
Pika (NSS)- အောက်တိုဘာ ၁၉
အစ္စရေး-ဟားမက် စစ်ပွဲသည် အရှေ့အလယ်ပိုင်း ဒေသရှိ အခြားနိုင်ငံများသို့ ပျံ့နှံ့သွားကာ ကမ္ဘာ့ရေနံထောက်ပံ့မှုကို ထိခိုက်စေနိုင်သည်ဆိုသည့် စိုးရိမ်မှုများမြင့်တက်လာမှုနှင့်အတူ အောက်တိုဘာလ(၁၈)ရက်တွင် ကမ္ဘာ့ရေနံဈေးနှုန်း သိသိသာသာမြင့်တက်လာခဲ့ကြောင်းသိရသည်။
ဂါဇာကမ်းမြောင်ဒေသရှိ ဆေးရုံ ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် ဆရာဝန်များ၊ လူနာများအပါအဝင် အရပ်သားရာချီသေဆုံးခဲ့ပြီးနောက် ယခုကဲ့သို့ ရေနံဈေးနှုန်းမြင့်တက်လာခဲ့ခြင်းဖြစ်သည်။ အဆိုပါဗုံးကြဲတိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး ဟားမက်စစ်သွေးကြွအဖွဲ့နှင့် အစ္စရေးတို့က အပြန်အလှန်ပြစ်တင်ဝေဖန်ပြောဆိုနေကြကြောင်းလည်း သိရသည်။ Brent ရေနံစိမ်းတစ်စည်လျှင် အမေရိကန်ဒေါ်လာ(၉၂ ဒသမ ၅၀)ထိရှိလာကာ (၃)ရာခိုင်နှုန်းနီးပါး မြင့်တက်လာခဲ့ပြီး US West Texas Intermediate ရေနံစိမ်းတစ်စည်လျှင် အမေရိကန်ဒေါ်လာ(၈၉ ဒသမ ၂၇)ထိ ရောက်ရှိကာ (၃)ရာခိုင်နှုန်းကျော်မြင့်တက်ခဲ့ကြောင်းသိရသည်။
ပထဝီဝင်နိုင်ငံရေးတင်းမာမှုများအပြင် အောက်တိုဘာလ(၁၃)ရက်က ရေနံစိမ်းသိုလှောင်မှု (၄ ဒသမ ၄)သန်းနီးပါး ကျဆင်းခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းများ ပိုမိုမြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အမေရိကန်၏ ရေနံစိမ်းသိုလှောင်မှုသည် စည်ပေါင်း(၃)သိန်းခန့်သာ ကျဆင်းသွားမည်ဟု လေ့လာသုံးသပ်သူများက ခန့်မှန်းထားခဲ့သော်လည်း ယခုကဲ့သို့ (၄ ဒသမ ၄)သန်းနီးပါး ကျဆင်းသွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေး-ဟားမက်စ်နှင့်ပတ်သက်သည့် အဓိကရုဏ်းများ ဖြစ်ပွားလာနိုင်မှုနှင့်အတူ တူရကီရှိကောင်စစ်ဝန်ရုံးကို အကန့်အသတ်မရှိပိတ်ပစ်လိုက်ပြီဖြစ်ကြောင်း အမေရိကန်အစိုးရပြော
RELATED POSTS
20 Sep 2024 | စီးပွားရေး,ပြည်တွင်း
20 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,နိုင်ငံတကာ