Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အစ္စရေး-ဟားမက်စ်နှင့်ပတ်သက်သည့် အဓိကရုဏ်းများ ဖြစ်ပွားလာနိုင်မှုနှင့်အတူ တူရကီရှိကောင်စစ်ဝန်ရုံးကို အကန့်အသတ်မရှိပိတ်ပစ်လိုက်ပြီဖြစ်ကြောင်း အမေရိကန်အစိုးရပြော

Pika (NSS) - အောက်တိုဘာ ၁၉

တူရကီနိုင်ငံတွင် အစ္စရေး-ဟားမက်စ်စစ်ပွဲနှင့်ဆက်စပ်သည့် ဆန္ဒပြပွဲများ သီတင်းပတ်များစွာ ဖြစ်ပွားနိုင်ခြေရှိသည်ဆိုသည့် ခန့်မှန်းချက်များနှင့်အတူ အမေရိကန်အစိုးရသည် တူရကီနိုင်ငံတောင်ပိုင်းရှိ ၎င်း၏ ကောင်စစ်ဝန်ရုံးကို အကန့်အသတ်မရှိ ပိတ်ပစ်လိုက်ပြီဖြစ် ကြောင်းသိရသည်။


တူရကီရှိ အမေရိကန်သံရုံးက "နောက်ထပ်သတိပေးချက်တွေ မရမချင်း Adana မြို့မှာရှိတဲ့ ကောင်စစ်ဝန်ရုံးကို ပိတ်ထားမှာပါ။ အဲဒီဒေသကို သွားရောက်လည်ပတ်တာမျိုးတွေ ရှောင်ရှားဖို့ အမေရိကန်နိုင်ငံသားတွေကို တိုက်တွန်းထားပါတယ်။ တူရကီမှာ အစ္စရေး-ဟားမက်စစ်ပွဲနဲ့ပတ်သက်တဲ့ ဆန္ဒပြပွဲတွေဟာ သီတင်းပတ်များစွာကြာအောင် ဖြစ်ပွားလာနိုင်ဖွယ်ရှိတယ်လို့ ကျွန်တော်တို့ ခန့်မှန်းထားပါတယ်။ ငြိမ်းချမ်းမှုတွေရစေဖို့ ရည်ရွယ်ပြီး လုပ် ဆောင်တဲ့ ဆန္ဒပြပွဲတွေဟာ အကြမ်းဖက်မှုတွေကို ဖြစ်ပွားလာစေနိုင်ပါတယ်။ ဆန္ဒပြပွဲတွေကြောင့် ရဲတပ်ဖွဲ့ဝင်တွေပိုမိုများပြားလာတာမျိုးတွေ၊ လမ်းပိတ်ဆို့တာမျိုးတွေနဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေလည်းဖြစ်လာနိုင်ပါတယ်"ဟု ထုတ်ပြန်ထားသည်။

ယခုလအစောပိုင်းတွင် အစ္စရေးနှင့်ဟားမက်စ်အဖွဲ့ကြား စစ်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက် ကမ္ဘာတစ်ဝှမ်းရှိ မြို့များတွင် ဆန္ဒပြပွဲများ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ပါလက်စတိုင်းနယ်မြေရှိ ဆေးရုံတစ်ရုံ ဗုံးကြဲတိုက်ခိုက်ခံရကာ အနည်းဆုံးလူ(၅၀၀)ဦးသေဆုံးပြီးနောက် မွတ်စလင်အများဆုံးနေထိုင်သော နိုင်ငံများတွင် ဆန္ဒပြမှုများ ပိုမိုပြင်းထန်လာခဲ့ကြောင်းသိရသည်။ ဆေးရုံအား ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကို အစ္စရေးဘက်ကလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဂါဇာကမ်းမြောင်ဒေသတာဝန်ရှိသူများကပြောကြားခဲ့သလို အဆိုပါဆေးရုံကို ဟားမက်စ်စစ်သွေးကြွအဖွဲ့က ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အစ္စရေးဘက်က ပြန်လည်စွပ်စွဲပြောဆိုခဲ့သည်။

လက်ဘနွန်၊ ဂျော်ဒန်နှင့် အီဂျစ်နိုင်ငံတစ်ဝှမ်းရှိ မြို့များအပြင် တူရကီမြို့များဖြစ်သော အစ္စတန်ဘူလ်၊ မာလာတီယာ၊ Gaziantep နှင့် Kayseri မြို့များတွင်လည်း ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ကြောင်းသိရသည်။ လက်ဘနွန်နိုင်ငံ Beirut မြို့တွင် ဆန္ဒပြသူများသည် အမေရိကန်၏ သံတမန်မစ်ရှင်တစ်ခုကို ဝင်ရောက်စီးနင်းမှုများလုပ်ဆောင်ခဲ့ပြီး ရဲများနှင့်ထိပ်တိုက်တွေ့ဆုံမှုများဖြစ်ပွားခဲ့ကြောင်းသိရသည်။ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ရှိ အမေရိကန်သံရုံးသည် ၎င်း၏ နိုင်ငံသားများကို စုဝေးခြင်းများ မပြုလုပ်ရန်နှင့် ကိုယ်ရေးကိုယ်တာအချက်အလက်များကို ထုတ်ဖော်ပြသခြင်းမျိုး မပြုလုပ်ရန် သတိပေးထားကြောင်းသိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Oct-19 / 5:30 PM)

RELATED POSTS
RECENT POSTS
အမေရိကန်နိုင်ငံ၊ မိန်းပြည်နယ်ရှိ လယ်ယာအိမ်တစ်ခုမှာ ၁၈ ရာစုကတည်းက ရှိနေတဲ့ ပျားအုံကြီးတွေ့ရှိ
23 Sep 2024
တရုတ်နိုင်ငံ၊ ဂွမ်ဒေါင်းရှိ တိရစ္ဆာန်ရုံတစ်ခုမှာ ပန်ဒါပုံစံခွေးလေးတွေ ခရီးသွားတွေကြား ရေပန်းစားနေ
23 Sep 2024
EXO အဖွဲ့ဝင် ဒိုကွမ်ဆို (D.O.) ကို ရည်ညွှန်းတဲ့ ညစ်ညမ်းတဲ့ပိုစ့်တွေနဲ့ ကောလဟာတွေ ပြောဆိုသူတွေကို တရားဥပဒေအရ အရေးယူမည်
23 Sep 2024
မြောက်ကိုရီးယားက ပေးပို့ခဲ့တဲ့မိုးပျံပူဖောင်းတွေက တောင်ကိုရီးယားရဲ့အစိုးရအဆောက်အဦးတွေအထိကို ရောက်ရှိလာ
22 Sep 2024
မနက်ဖြန်မှစ၍ စားအုန်းဆီ အိမ်အရောက်ပို့သည့်စနစ်၌ ဆီပိဿာချိန် နှင့် သယ်ယူပို့ဆောင်ခ အနည်းငယ် ပြောင်းလဲမည်
22 Sep 2024
ဒါဇင်နဲ့ချီတဲ့ အစ္စရေးစစ်လေယာဉ်တွေက လက်ဘနွန်နိုင်ငံတောင်ပိုင်းကို ကြီးမားတဲ့လေကြောင်း တိုက်ခိုက်မှု ပြုလုပ်
22 Sep 2024
ဒုတိယအကြိမ်မြောက်စကားစစ်ထိုးပွဲ လုပ်ဆောင်ဖို့အတွက် ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်ရဲ့ တောင်းဆိုမှုကို ဒေါ်နယ်ထရမ့် ငြင်းဆန်ပယ်ချ
22 Sep 2024
နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် ၃ဝ ဘီလျံ သုံးစွဲရန် လျာထား
22 Sep 2024
မန္တလေးနဲ့ ငါးမိုင်အကွာက PDF အသိုက်ကို တပ်မတော် ဝင်ရှင်းပြီ၊ ထုတ်ပြန်ချက်အပြီးမှာ MNDAA တို့ စစ်သား အဓမ္မစုဆောင်းမှုလုပ်နေပြီ၊ ရထားရဲကို ရက်ရက်စက်စက် သတ်ခဲ့သူ ငါးဦးက နိုင်ငံရေးသမား/ဒီမိုကရေစီသမားတွေတဲ့လား၊ ရခိုင်မှာ အရက်ဘီယာ မရောင်းရဆိုတဲ့ AA (၂၁-၉-၂ဝ၂၄)
22 Sep 2024
ဂျပန်နိုင်ငံအလယ်ပိုင်း၊ အိုက်ရှီကာဝါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် ပျောက်ဆုံး သေဆုံးသူများရှိနေ
22 Sep 2024
မိုးကုတ်-မိုးမိတ်မှာ သပြေပန်းတွေ အစွမ်းပြပြီ၊ တောင်ဒဂုံ အုပ်ကြီးတို့ သတ်ဖြတ်ခံရမှု နဲ့ အုပ်ကြီးတို့ သတိပြုစရာများ၊ KIA ၊ PDF ဖျက်ဆီးတဲ့ သင်္ဘော (၆) စင်း နဲ့ ဖားကန့် တိုက်ပွဲ၊ ရေ‌ဘေး သေဆုံး ပျက်စီးမှုစာရင်း (၂ဝ-၉-၂ဝ၂၄)
21 Sep 2024
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved