အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Oct-19 / 5:30 PM)
ဂျန်ဇက် (NSS) - အောက်တိုဘာ ၁၉
ဆီးရီးယားနိုင်ငံရှိ အမေရိကန်တပ်ဖွဲ့ဝင်များအခြေစိုက်ထားတဲ့ al-Tanf base အခြေစိုက်စခန်းဟာ ဒရုန်းတွေနဲ့ တိုက်ခိုက်ခံရကြောင်း လက်ဘနွန်အခြေစိုက်သတင်းတွေကဖော်ပြထားပါတယ်။ ဟားမက်စ်နဲ့ အစ္စရေးတို့စစ်ပွဲစတင်ခဲ့ပြီးနောက် ဆီးရီးယားရှိ လက်နက်ကိုင်အဖွဲ့တွေဟာ အစ္စရေးကို တိုက်ခိုက်မှုများရှိခဲ့သလို အမေရိကန်ကိုလည်း တိုက်ခိုက်ဖို့ စီစဉ်နေကြောင်းသိရပါတယ်။
အစ္စရေးဟာ အောက်တိုဘာလ ၁၈ ရက်က လက်ဘနွန်တောင်ပိုင်းရှိ ကျေးရွာနှစ်ခုကို ပစ်မှတ်ထားပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ အစ္စရေးတိုက်လေယာဉ်တွေက ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တွေဟာ လက်ဘနွန်တောင်ပိုင်းရှိ Kafr Shuba ရွာနဲ့ Odaisseh ရွာအနီးကို ကျရောက် ပေါက်ကွဲခဲ့ကြောင်းသိရပါတယ်။
အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့် ဂါဇာဒေသရှိ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Jehad Mheisen နဲ့ မိသားစုဝင်များကို ၎င်းတို့အိမ်အတွင်းသေဆုံးသွားခဲ့ရကြောင်းသတင်းတွေထွက်ပေါ်နေပါတယ်။
အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားစစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း အစ္စရေးစစ်သား အနည်းဆုံး ၃၀၆ ဦးသေဆုံးထားကြောင်း အစ္စရေးစစ်ဘက်က ပြောပါတယ်။ ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ ဟားမက်စ်ဟာ ကြိုတင်သတိပေးချက်မရှိဘဲ အစ္စရေးကိုစတင်တိုက် ခိုက်ခဲ့ပြီးနောက်ပိုင်း စစ်ပွဲစတင်ခဲ့ပြီး အစ္စရေးက လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့သလို ဟားမက်စ်အဖွဲ့ကလည်း ရော့ကတ်ဒုံးကျည်များနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။
အမေရိကန်နိုင်ငံက အစ္စရေးအနေနဲ့ ဟားမက်စ်အဖွဲ့ကို အပြီးတိုင်ဖျက်ဆီးနိုင်ဖို့ အနည်းဆုံးအချိန် ၆ လကနေ ၈လအထိ အချိန်ယူရဖွယ်ရှိနေတယ်လို့ မျှော်လင့်နေပါတယ်။ အစ္စရေးကာကွယ်ရေးဦးစီးချုပ်ဟောင်းတစ်ဦးက အစ္စရေးဟာ ဟားမက်စ်အဖွဲ့ကို အပြီးသတ် အနိုင်မရမချင်းစစ်ပွဲကို အဆုံးသတ်မှာမဟုတ်ကြောင်း၊ ဟားမက်စ်အဖွဲ့လက်နက်ဖျက်သိမ်းနိုင်ချိန်အထိ တိုက်ခိုက်သွားရမှာဖြစ်ကြောင်းပြောပါတယ်။
အစ္စရေး စစ်တပ်အနေနဲ့ အီရန်စစ်တပ် ကျောထောက်နောက်ခံပြုပေးထားတဲ့ လက်ဘနွန်လက်ကိုင်အဖွဲ့ နဲ့တိုက်ခိုက်ဖို့ နိုင်ငံမြောက်ဘက်စစ်မျက်နှာအတွက် ကြိုတင်ပြင်ဆင်ထားရမှာဖြစ်ကြောင်း၊ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ဟာ ဟားမက်စ်အဖွဲ့ထက် ၁၀ ဆ အင်အားတောင့်တင်းကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီးကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒူးဒဏ်ရာကြောင့် ခွဲစိတ်ကုသမှုတွေ လုပ်ဆောင်ရတော့မယ့် ဘရာဇီးတိုက်စစ်မှူးနေမာ
RELATED POSTS
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ