မြစ်ကြီးနားမြို့၌ ငွေကျပ်သိန်း(၁၀၀၀)ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
သန့်ဇင် (NSS) - အောက်တိုဘာ ၁၉
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ငွေကျပ်သိန်း(၁၀၀၀)ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ပြီးခဲ့သော အောက်တိုဘာလ ၁၇ ရက်၊ နံနက် ၁၁နာရီ ၄၅မိနစ်အချိန်တွင် မြစ်ကြီးနားမြို့၊ အေးမြသာယာရပ်ကွက်ရှိ နေအိမ်တွင် အထက်ပါကဲ့သို့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်၊
အဆိုပါရပ်ကွက်ရှိ ကျော်သူဝင်း(ခ)နေမင်းခန့်(၃၁)နှစ်၏နေအိမ်အား သတင်းအရ ဝင်ရောက် ရှာဖွေခဲ့ရာ နေအိမ်အတွင်းမှ ငွေကျပ် (၁၀၇၇ ဒသမ ၆) သိန်း တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် (Happy Water)အလေးချိန် (၈၉၈) ဂရမ်နှင့် လက်ကိုင်ဖုန်းတစ်လုံး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် အဆိုပါနေအိမ်ခြုံဝန်းအတွင်း ရပ်ထားသည့် TOYOTA MARK X အမျိုးအစားကားပေါ်မှ ငွေကျပ်(၁ ဒသမ ၂)သိန်း တန်ဖိုးရှိ ကက်တမင်း အလေးချိန်(၁ ဒသမ ၅) ဂရမ် ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းအား မြစ်ကြီးနားနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များအား ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပါလက်စတိုင်းလိုလားသူ အုပ်စုများ အမေရိကန် ကွန်ဂရက်လွှတ်တော် အဆောက်အအုံအတွင်း ဝင်ရောက်စီးနင်း
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း