ဖားကန့်မြို့၌ မြေစာပုံပြိုကျမှုကြောင့် ကျောက်တူးနေသည့် အမျိုးသားတစ်ဦး သေဆုံး
စော(NSS) - အောက်တိုဘာ ၁၉
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် မြေစာပုံပြိုကျမှုကြောင့် ကျောက်တူးနေသည့် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(အောက်တိုဘာလ ၁၈ ရက်)၊ ည (၉)နာရီခွဲဝန်းကျင်အချိန်တွင် ဖားကန့်မြို့နယ်၊ ဆန်ခါကျေးရွာ၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း ဆန်ခါကျေးရွာရှိ ရေမဆေးကျောက်ရှာဖွေသူတစ်ဦးထံမှ သိရသည်။
“မြေစာအဟောင်းကို ဖယ်ရှားနေတဲ့အချိန်မှာ ပြိုကျတာပါ။ သူတို့က ကျောက်တူးနေတာပါ။ သေဆုံးတဲ့လူက တစ်ယောက်။ နှစ်ယောက်ကတော့ ထိခိုက်ဒဏ်ရာရသွားတာပေါ့”ဟု ဆန်ခါကျေးရွာရှိ ရေမဆေးကျောက်ရှာဖွေသူတစ်ဦးက NSS ကိုပြောသည်။
သေဆုံးသူအမျိုးသားသည် ကိုလှကျော်စံ (၁၈)နှစ်ဖြစ်ပြီး ဦးစိုးမိုး (၃၁)နှစ် နှင့် ဦးကျော်ထက် (၂၆)နှစ်တို့သည် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာရရှိသူနှစ်ဦးအား မြင့်မြတ်သူ လူမှုကူညီရေးအသင်းမှ မိုင်ဆေးခန်းသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြစ်ကြီးနားမြို့၌ ငွေကျပ်သိန်း(၁၀၀၀)ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း