အင်းစိန်မြို့၌ အန်စာတုံးကား နှင့် Light Truck ကားတို့ တိုက်မိခဲ့ရာ လူ(၂)ဦး ထိခိုက်ဒဏ်ရာရရှိ
စော(NSS) - အောက်တိုဘာ ၁၉
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် အန်စာတုံးကားနှင့် Light Truck ကားတို့ တိုက်မိခဲ့ရာ လူ (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(အောက်တိုဘာလ ၁၈ ရက်)၊ ည(၇)နာရီခွဲဝန်းကျင်အချိန်တွင် အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက်၊ ခရေပင်လမ်းတွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သွေးဒါနမျိုးဆက်အသင်းထံမှ သိရသည်။
“Light Truck ကားက ဆိုင်ကယ်ကိုရှောင်လိုက်ရင်း တစ်ဖက်လမ်းကြောင်းကို ရောက်သွားတာပါ။ ရောက်သွားတော့ အန်စာတုံးကားရဲ့ ခေါင်းကိုသွားတိုက်မိတာပါ”ဟု သွေးဒါနမျိုးဆက်အသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
ယာဉ်တိုက်မှုကြောင့် Light Truck ကားပေါ်တွင် လိုက်ပါလာသော အမျိုးသား (၁)ဦး နှင့် အမျိုးသမီး (၁)ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူများကို သွေးဒါနမျိုးဆက်အသင်းမှ အင်းစိန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Oct-19 / 11:30 AM)
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း