Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Oct-19 / 11:30 AM)

ဂျန်ဇက် (NSS) - အောက်တိုဘာ ၁၉

အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်ခံမှုဒဏ်ကို ခံနေရတဲ့ ဂါဇာဒေသခံတွေဟာ လူသားချင်းဆိုင်ရာစာနာမှုအကူအညီများစွာလိုအပ်နေပြီး တစ်ရက်ကိုလူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးမယ့် ကုန်ကားအစီးရေ ၁၀၀ ခန့်လိုအပ်ကြောင်း ကုလသမဂ္ဂကပြောပါတယ်။ အစ္စရေးဟာ ဟားမက်စ်အဖွဲ့ရဲ့တိုက်ခိုက်မှုတွေကို လက်တုံ့ပြန်မှုအဖြစ် ဂါဇာဒေသကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူပေါင်း ထောင်ချီသေဆုံးကာ လူပေါင်းသိန်းချီနေရပ်စွန့်ခွာထွက်ပြေးနေရကြောင်းသိရပါတယ်။ ဂါဇာဒေသကို အစ္စရေးရဲ့ပိတ်ဆို့ထားမှုတွေကြောင့် ဒေသခံတွေဟာ အစားအစာနဲ့ လောင်စာဆီလိုအပ်ချက်များရှိနေကြောင်း သိရပါတယ်။


ဂျာမနီအစိုးရဟာ ရုရှားနဲ့စစ်ဖြစ်နေတဲ့ ယူကရိန်းထက် အစ္စရေးနိုင်ငံကို စစ်လက်နက်ပစ္စည်းများပိုမိုတင်ပို့မှုတွေ လုပ်ဆောင်သွားဖွယ်ရှိနေကြောင်း ဂျာမနီအခြေစိုက်သတင်းက ဖော်ပြထားပါတယ်။ အရှေ့အ လယ်ပိုင်းဒေသရဲ့လက်ရှိအခြေအနေတွေကြောင့် ဂျာမနီအခြေစိုက်လက်နက်ကုမ္ပဏီတွေကို အစ္စရေးနိုင်ငံဘက်ခြမ်းထံ လက်နက်တင်ပို့မှုတွေ ပိုမိုလုပ်ဆောင်နိုင်အောင်ခွင့်ပြုပေးမယ်လို့ အမည်မဖော်လိုတဲ့ ဂျာမနီအရာရှိတစ်ဦးက ပြောပါတယ်။

ဆော်ဒီအာရေဗျ နိုင်ငံက ၎င်းနိုင်ငံသားတွေကို လက်ဘနွန်နိုင်ငံအတွင်းကနေ အမြန်ဆုံးထွက်ခွာဖို့ တိုက် တွန်းတောင်းဆိုလိုက်ပါတယ်။ လက်ဘနွန်နိုင်ငံရှိ ဆော်ဒီအာရေဗျ သံရုံးဟာ လက်ဘနွန်တောင်ပိုင်းအခြေအနေများကို လေ့လာစောင့်ကြည့်ပြီးနောက် လုံခြုံရေးနဲ့ပတ်သက်ပြီး စိုးရိမ်ရတဲ့အတွက်

ဆော်ဒီအာရေဗျ နိုင်ငံသားတွေကို လက်ဘနွန်နိုင်ငံအတွင်းကနေ အမြန်ဆုံးထွက်ခွာဖို့ တောင်းဆိုလိုက်တာဖြစ်ပါတယ်။ လက်ဘနွန်လက်နက်ကိုင်အဖွဲ့ ဟားမက်စ်ဟာ အစ္စရေးနဲ့ ဟားမက်စ်တို့ စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်းကတည်းက အစ္စရေးနိုင်ငံကို ရော့ကတ်ဒုံးကျည်တွေနဲ့ ပစ်ခတ်နေရာနယ်စပ်ဒေသမှာအပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားနေပြီး အစ္စရေးက နယ်စပ်ဒေသမှာနေထိုင်နေတဲ့ အစ္စရေးနိုင်ငံသားတွေကိုဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ရကြောင်းသိရပါတယ်။

ဟားမက်စ်အဖွဲ့ထိန်းချုပ်ထားတဲ့ ဂါဇာဒေသရှိ ဆေးရုံတိုက်ခိုက်ခံရမှုနဲ့ လူရာချီသေဆုံးမှုတွေအတွက် တူရကီနိုင်ငံအတွင်း ဝမ်းနည်းကြောင်းအထိမ်းအမှတ် သုံးရက်ကြာလုပ်ဆောင်မယ်လို့ တူရကီသမ္မတ အာဒိုဂမ်ကကြေညာလိုက်ပါတယ်။ ဂါဇာဒေသမှာဖြစ်ပွားနေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ရပ်တန့်အောင် ကမ္ဘာတဝှမ်းရှိ နိုင်ငံများ ဝိုင်းဝန်းကြိုးပမ်းဖို့လည်း အာဒိုဂမ်က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင့်က အရှေ့အလယ်ပိုင်းဒေသ ပိုမိုတည်ငြိမ်ရေးအတွက် အီဂျစ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှုမြင့်တက်သွားမှာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ တရုတ်သမ္မတက"လက်ရှိအချိန်မှာ ဟားမက်စ်နဲ့ အစ္စရေးကြားစစ်ပွဲဖြစ်နေတဲ့အတွက် အရှေ့အလယ်ပိုင်းဒေသဟာ တည်ငြိမ်မှုမရှိဘူး။ အဲဒီအတွက်အရှေ့အလယ်ပိုင်းဒေသ ပိုမိုတည်ငြိမ်စေဖို့ အီဂျစ်နဲ့ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင် ဆောင်ရွက်သွားမယ်။"လို့ ပြောပါတယ်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မွန်ပြည်နယ်ရှိ ကွမ်းသီး နှင့် သစ်သီးဝလံများကို တရုတ်ဈေးကွက်သို့တင်ပို့နိုင်ရန် စီစဉ်နေ

RECENT POSTS
မန္တလေးတွင် အုတ်တံတိုင်းပြိုကျကာ အဖီဆွဲနေထိုင်သူများအပေါ် ပိမိသောကြောင့် (၁)ဦးသေဆုံးကာ (၃)ဦး အပြင်းအထန်ဒဏ်ရာရ
24 Sep 2024
ဝန်ကြီးချုပ်နေတန်ရာဟု နှင့် အစ္စရေးအစိုးရထိပ်တန်း အရာရှိကြီးများကို လုပ်ကြံမည့် ဂျူးလူမျိုးတစ်ဦး ဖမ်းဆီးခံရ
24 Sep 2024
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေပိုမိုမြင့်တက်လာတာက ဘယ်နိုင်ငံအတွက်မှ အကျိုးအမြတ်မရှိဘူးလို့ G7 အဖွဲ့ပြော
24 Sep 2024
ယူကရိန်းသမ္မတက အမေရိကန်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်တွေကို အနိုင်ရစေလိုနေတယ်လို့ ဒေါ်နယ်ထရမ့်ပြော
24 Sep 2024
ယူနွတ်၏ဖိတ်ကြားချက်အရ လူထုအုံကြွမှုတော်လှန်ရေး၌ ဒဏ်ရာရသူများကို ကုသပြုစုရန်ဟုဆိုကာ တရုတ်ဆေးအဖွဲ့ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိ
24 Sep 2024
မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို တုံ့ပြန်နိုင်ကြောင်း တောင်ကိုရီးယားအစိုးရပြော
24 Sep 2024
ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ သွယ်ဝိုက်ကူညီနေသည်ဆိုသော သတင်းများကို အိန္ဒိယအစိုးရ ငြင်းဆန်
24 Sep 2024
နိုင်ငံအနှံ့ ရေဘေးဒဏ်ခံစားနေရသော်လည်း NUG-PDF များက အရပ်သားများကို အကြမ်းဖက်သတ်ဖြတ်နေမှု ဆက်လက်မြင့်တက်
24 Sep 2024
ပြင်သစ်သမ္မတက ရွေးချယ်ခန့်အပ်ထားသည့် ဝန်ကြီးချုပ်အသစ် နုတ်ထွက်ရဖွယ်ရှိနေ
24 Sep 2024
ယူကရိန်းစစ်ပွဲအတွက် ဒရုန်း အစင်းရေ တစ်သန်းခွဲနီးပါး တိုးမြှင့်ထုတ်လုပ်မည်ဟု ရုရှားသမ္မတပူတင် ပြော
24 Sep 2024
ကျောက်မဲမှထွက်ခွာသူများကို TNLA က လူသားတံတိုင်းလုပ်ရန် ခြိမ်း ခြောက်ပြီးပြန်ခေါ်နေ
24 Sep 2024
ထိုင်ဝမ်အရေး၌ အမေရိကန်စစ်တပ်နှင့်ဆက်နွှယ်နေသည့် ကုမ္ပဏီ(၉)ခုကို တရုတ်အစိုးရ ပိတ်ဆို့မှုချမှတ်
24 Sep 2024
ဂျိုးဘိုင်ဒန် သက်တမ်းမကုန်ဆုံးမီ ဂါဇာအပစ်ရပ်စာချုပ် ဖြစ်လာနိုင်ဖွယ် မရှိဟု အမေရိကန်အရာရှိများယုံကြည်နေ
24 Sep 2024
အိန္ဒိယ-မြန်မာ ကုန်သွယ်မှုတွင် ရူးပီးနှင့် ကျပ်ငွေပေးချေမှုကို တိုးမြှင့်ရန်စီစဉ်
23 Sep 2024
ရခိုင်စစ်ဘေးရှောင် (၅ဝဝ)နီးပါး အရေပြားရောဂါဖြစ်နေသော်လည်း AA မကူညီနိုင်
23 Sep 2024
‘‘ရေဘေးဖြစ်စဉ်မှ ပြန်လည်တွေ့မြင်လာရတဲ့ မြန်မာတို့ရဲ့လေးစားဖွယ်အပြုအမူတွေနဲ့ အကြမ်းဖက်အားပေးတို့ရဲ့ မနာလိုမှု” (အနုပညာဆောင်းပါး)
23 Sep 2024
အမေရိကန်နိုင်ငံမှာ ရွေးကောက်ပွဲမတိုင်မီ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုတွေ တစ်ကျော့ပြန်လည်ဖြစ်ပွားလာနေ
23 Sep 2024
အလေးချိန်(၃၀၀)ကီလိုဂရမ်ရှိတဲ့ ပထမကမ္ဘာစစ်အတွင်းက ဗုံးတစ်လုံးကို အောင်မြင်စွာ ဖယ်ရှားပစ်နိုင်ခဲ့တယ်လို့ ဆားဘီးယားရဲတပ်ဖွဲ့ပြော
23 Sep 2024
လာမယ့်အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ၂ဝ၂၈ ခုနှစ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့်ပြော
23 Sep 2024
PDF များက ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ရွာသား(၅ဝ)ကျော်ကို ဖမ်းဆီးသွားမှု ချောင်းဦး၌ဖြစ်ပွား
23 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved