အီဂျစ်နိုင်ငံကိုဖြတ်သန်းပြီး ဂါဇာဒေသကို လူသာချင်းဆိုင်ရာစာနာမှုအကူအညီတွေပေးဖို့ ခွင့်ပြုပေးမယ်လို့ အစ္စရေးဝန်ကြီးချုပ်ပြော
ဂျန်ဇက် (NSS) - အောက်တိုဘာ ၁၉
အစ္စရေးနိုင်ငံအနေနဲ့ အီဂျစ်နိုင်ငံကိုဖြတ်သန်းပြီး ဂါဇာဒေသကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီတွေပေးပို့ဖို့ ခွင့်ပြုပေးသွားဖွယ်ရှိနေကြောင်း အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုရဲ့ရုံးက သတင်းထုတ်ပြန်လိုက်ပါတယ်။
အစားအစာ၊ ရေ နဲ့ ဆေးဝါးကဲ့သို့သော လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးပစ္စည်းတွေကို ဂါဇာဒေသကို ပေးပို့ခွင့်ပေးသွားမှာဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ်ရုံးက ပြောပါတယ်။ ဒါ့ပြင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကလည်း အီဂျစ်နိုင်ငံသမ္မတ အယ်စီစီဟာ ဂါဇာဒေသကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီများပေးပို့နိုင်ဖို့ ရာဖယ်နယ်စပ်ကို ဖွင့်လှစ်ပေးဖို့သဘောတူညီခဲ့ကြောင်း ထပ်မံပြောဆိုထားပါတယ်။
အမေရိကန်သမ္မတက "အီဂျစ်သမ္မတဟာ ဂါဇာဒေသကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီတွေ ပေးပို့မယ့် ကုန်ကားအစီးရေ ၂၀ ကို နယ်စပ်ဒေသစတင်ဖြတ်သန်းခွင့်ပေးဖို့ သဘောတူညီခဲ့ပါတယ်"လို့ ပြောပါတယ်။
နယ်စပ်ဒေသလမ်းတွေကို ပြင်ဆင်ဖို့လိုအပ်နေခြင်းကြောင့် လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေး သင်္ဘောတွေဟာ လာမယ့် အောက်တိုဘာလ ၂၀ ရက်အထိ အီဂျစ်နယ်စပ်ကို ရောက်ရှိမှာမဟုတ်သေးကြောင်း အမေရိကန်သမ္မတကပြောပါတယ်။
အမေရိကန်သမ္မတက ကုလသမဂ္ဂအဖွဲ့အစည်းဟာ ဂါဇာဒေသကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီတွေပေးနိုင်ဖို့ အခြားဘက်အခြမ်းကနေ ကူညီပံ့ပိုးပေးရဖွယ်ရှိနေကြောင်း ဆိုပါတယ်။ အစ္စရေးဟာ အောက်တိုဘာလ ၇ ရက်ကစတင်ပြီး ဟားမက်စ်တွေထိန်းချုပ်ထားတဲ့ ဂါဇာဒေသကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် လူပေါင်း သိန်းချီနေရပ်စွန့်ခွာထွက်ပြေးခဲ့ရသလို ဂါဇာဒေသကို ဖြတ်လေးဖြတ်ပုံစံမျိုးနဲ့ ဝန်းရံပိတ်ဆို့ထားတဲ့အတွက် ဒေသခံတွေဟာ လူသားချင်းဆိုင်ရာစာနာမှုအကူအညီအများအပြားလိုအပ်နေကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အင်းစိန်မြို့၌ အန်စာတုံးကား နှင့် Light Truck ကားတို့ တိုက်မိခဲ့ရာ လူ(၂)ဦး ထိခိုက်ဒဏ်ရာရရှိ
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ