သပိတ်ကျင်းမြို့နယ် မန္တလေး-ဗန်းမော်ကားလမ်းတွင် မိုင်း(၂)လုံးပေါက်ကွဲမှုကြောင့် ကုန်တင်ယာဉ်နောက်လိုက် အမျိုးသားတစ်ဦးသေဆုံး
NSS - အောက်တိုဘာ ၁၉
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ မန္တလေး-ဗန်းမော်သွားကားလမ်းတွင် PDF အဖွဲ့မှ ထောင်ထားသည့် မိုင်း(၂)လုံးပေါက်ကွဲမှုကြောင့် (၂၂)ဘီးကားပေါ်မှ ယာဉ်နောက်လိုက်အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော အောက်တိုဘာလ ၁၆ ရက်၊ ညနေ ၅နာရီခွဲအချိန်တွင် သပိတ်ကျင်းမြို့နယ်၊ ပေါက်တပင်ကျေးရွာနှင့် ရွှေကျွန်းပင်ကျေးရွာအကြား မန္တလေး-ဗန်းမော်ကားလမ်း မိုင်တိုင်အမှတ် ၂၄ မိုင်၊ ၄ဖာလုံနှင့် ၅ဖာလုံအကြားတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါလမ်းပေါ်တွင် မန္တလေးမှ မြစ်ကြီးနားသို့ ကုန်စုံများတင်ဆောင်၍ ဦးနောင်နောင်(၄၃)နှစ်မောင်းနှင်ပြီး ကိုထက်ဝေအောင်(၂၀)နှစ် လိုက်ပါလာသည့် (၂၂)ဘီးယာဉ်သည် အထက်ပါနေရာအရောက်၌ PDF အဖွဲ့မှထောင်ထားသည့် မိုင်း(၂)လုံး ပေါက်ကွဲသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ထိုသို့ မိုင်းပေါက်ကွဲမှုကြောင့် အဆိုပါ(၂၂)ဘီးယာဉ်၏ ရှေ့ဘီးနှင့် ဆီတိုင်ကီတို့မိုင်းစထိမှန်ကာ ပျက်စီးသွားခဲ့ပြီး မတ္တရာမြို့နယ်၊ တံငါကျေးရွာတွင်နေထိုင်သည့် ယာဉ်နောက်လိုက်ဖြစ်သူ ကိုထက်ဝေအောင်တွင်လည်း မိုင်းစထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အထက်ပါမိုင်းထောင်ဖောက်ခွဲမှုများတွင် ပါဝင်ပတ်သက်သူများကို ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အီဂျစ်နိုင်ငံကိုဖြတ်သန်းပြီး ဂါဇာဒေသကို လူသာချင်းဆိုင်ရာစာနာမှုအကူအညီတွေပေးဖို့ ခွင့်ပြုပေးမယ်လို့ အစ္စရေးဝန်ကြီးချုပ်ပြော
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း