Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Oct-18 / 6:30 PM)

ဂျန်ဇက် (NSS) - အောက်တိုဘာ ၁၈

အစ္စရေးနဲ့ ဟားမက်စ်အဖွဲ့ကြားဖြစ်ပွားနေတဲ့ စစ်ပွဲနဲ့ဆက်နွယ်ပြီး အစ္စရေးအလံကို ဂျာမနီနိုင်ငံရှိ မြို့ကြီးများမှာ မီးရှို့ဆန္ဒပြပွဲများဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။ ဆန္ဒပြအုပ်စုတွေဟာ အစ္စရေးနဲ့ သွေးစည်းညီညွှတ်မှုရှိတဲ့ ဂျာမနီ နိုင်ငံရှိ မြို့တော်ခန်းမ အပါအဝင် အခြားအဆောက်အဦးရှေ့တွေမှာ ဆန္ဒပြကာ အစ္စရေးအလံကို မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံက သူနိုင်ငံသားတွေကို လက်ဘနွန်နိုင်ငံကို ခရီးမသွားဖို့ သတိပေးချက်ထုတ်ပြန်ခဲ့ပြီးနောက် မကြာမီပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ပြင်သစ်နိုင်ငံသားတွေကို အရှေ့အလယ်ပိုင်းဒေသ လုံခြုံရေး အခြေအနေများကြောင့် လက်ဘနွန်နိုင်ငံကို ချစ်ကြည်ရေးခရီးမသွားဖို့ထပ်မံသတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။

အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်  Daniel Hagari က အောက်တိုဘာ ၁၇ ရက်က ဂါဇာဒေသရှိ ဆေးရုံ တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး အပြည့်အဝစုံစမ်းစစ်ဆေးသွားမှာဖြစ်ကြောင်း၊ အဲဒီတိုက်ခိုက်မှုကို ၎င်းတို့ လုပ်ဆောင်ခြင်းမရှိကြောင်း၊ ပါလက်စတိုင်းစစ်သွေးကြွအုပ်စုဘက်က လုပ်ဆောင်ခြင်းဖြစ်ကြောင်း တုံ့ပြန်ထားပါ တယ်။


အစ္စရေးအစိုးရက ၎င်းနိုင်ငံသားတွေကို တူရကီနိုင်ငံအတွင်းကနေ ချက်ချင်းထွက်ခွာဖို့ တောင်းဆိုလိုက်ကြောင်း သိရပါတယ်။ ဂါဇာဒေသရှိ ဆေးရုံတိုက်ခိုက်ခံရပြီးနောက် စိတ်ဆိုးဒေါသဖြစ်မှုများ ကျယ်ပြန့်စွာဖြစ်ပွားနေချိန်မှာ အကြမ်းဖက်တိုက်ခိုက်တာတွေဖြစ်လာနိုင်တဲ့အတွက် အစ္စရေးအာဏာပိုင်တွေဟာ တူရကီနိုင်ငံအတွင်းရှိ အစ္စရေး နိုင်ငံသားတွေကို တူရကီနိုင်ငံအတွင်းကနေ ချက်ချင်းထွက်ခွာဖို့ တိုက်တွန်းခဲ့တာဖြစ်ပါတယ်။ 

အစ္စရေးစစ်ထောက်လှမ်းရေးအဖွဲ့အကြီးကဲဖြစ်သူ ဗိုလ်ချုပ်အာရွန်ဟာလီဗာက အစ္စရေးထောက်လှမ်းရေးဟာ အဓိကအရေးကြီးဆုံးမစ်ရှင်ကို အောင်မြင်အောင်လုပ်ဆောင်နိုင်မျိုးမရှိခဲ့ကြောင်း ဝန်ခံပြောဆိုခဲ့ပါတယ်။ အစ္စရေး ထောက်လှမ်းရေးအဖွဲ့ဟာ ဟားမက်စ်အဖွဲ့က တိုက်ခိုက်မယ့်အစီစဉ်တွေကို ကြိုတင်လက်ဦးမှုယူ တိုက်ခိုက် တားဆီးနိုင်ဖို့ မစွမ်းဆောင်နိုင်ခဲ့ကြောင်း၊ ဟားမက်စ်အဖွဲ့တိုက်ခိုက်မယ့်အစီအစဉ်ကို ကြိုတင်သိရှိဖို့ မစွမ်းဆောင် နိုင်ခဲ့ကြောင်း ပြောပါတယ်။

အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက အစ္စရေးတပ်ဖွဲ့များအနေနဲ့ ဂါဇာဒေသစစ်ပွဲအတွင်းမှာ အရပ်သားတွေ ထိခိုက် သေဆုံးခြင်းကို အတတ်နိုင်ဆုံးရှောင်ရှားသွားမှာဖြစ်ကြောင်း အမေရိကန်သမ္မတကို ကတိပြုခဲ့ပါတယ်။ အစ္စရေး ဝန်ကြီးချုပ်က "ဟားမက်စ်လက်နက်ကိုင်အဖွဲ့တွေကြောင့် စစ်ပွဲဟာ မတူကွဲပြား ခြားနားမှုတွေဖြစ်လာဖွယ်ရှိနေပါ တယ်။ စစ်ပွဲအတွင်း အစ္စရေးတပ်ဖွဲ့တွေဟာ အရပ်သားတွေ ထိခိုက်ပျက်စီးတာမျိုးမဖြစ်ရအောင် အတတ်နိုင်ဆုံး လုပ်ဆောင်မှာဖြစ်တယ်" လို့ ပြောပါတယ်။ 

အစ္စရေးနှင့် ပါလက်စတိုင်းကြားဖြစ်ပွားနေတဲ့စစ်ပွဲနဲ့ဆက်နွယ်ပြီး အီတလီ၊ ပြင်သစ်တို့မှာ အကြမ်းဖက်တိုက်ခိုက် မယ်လို့ ခြိမ်းခြောက်မှုတွေကြောင့် လူအများအပြားကို ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းခဲ့ရပါတယ်။ အီတလီနိုင်ငံရှိ ဂျူးစာသင်ကျောင်းတွင် ဗုံးဖြင့်တိုက်ခိုက်မည်ဆိုသော ခြိမ်းခြောက်မှုဖြစ်ပွားခဲ့သလို ပြင်သစ်နိုင်ငံရှိ လေဆိပ် ခြောက်ခုကိုလည်း အကြမ်းဖက်တိုက်ခိုက်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ အောက်တိုဘာ ၁၈ ရက်က ဖြစ်ပွားခဲ့တယ် လို့ ဆိုပါတယ်။ 

အစ္စရေးနဲ့ ဟားမက်စ်အဖွဲ့ကြားဖြစ်ပွားနေတဲ့စစ်ပွဲတွေဟာ ဗြိတိန်နိုင်ငံအထိ ကူးစက်လာနိုင်ပြီး အကြမ်းဖက်သမား တွေဟာ ဗြိတိန်နိုင်ငံကို အကြမ်းဖက်တိုက်လာနိုင်ကြောင်း ဗြိတိန်ထောက်လှမ်းရေးအဖွဲ့  MI5 အဖွဲ့အကြီးအကဲက ထုတ်ဖော်သတိပေးလိုက်ပါတယ်။ 

အစ္စရေးနဲ့ ဟားမက်စ်အဖွဲ့ကြားဖြစ်ပွားနေတဲ့စစ်ပွဲဟာ ၁၁ ရက်ကြာနေပြီး ပါလက်စတိုင်းလူမျိုး ၃ဝဝဝ ကျော် သေဆုံးထားကြောင်း ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။ စစ်ပွဲစတင်ခဲ့ပြီးနောက် မကြာမီ ဗြိတိန်နိုင်ငံရှိ ပါလက်စတိုင်းထောက်ခံသူအုပ်စုများဟာ ဆန္ဒပြပွဲများကို လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။ 

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ၎င်းအနေနဲ့ အစ္စရေးနိုင်ငံကိုထောက်ခံကြောင်း၊ ဟားမက်စ်အဖွဲ့ ထိခိုက်နစ်ရာမှာ ဖြစ်ကြောင်း အောက်တိုဘာ ၁၈ ရက်က အစ္စရေးနိုင်ငံကိုရောက်ရှိလာချိန်အတွင်း ပြောခဲ့ပါတယ်။ အမေရိကန် သမ္မတက "ကျွန်တော်တွေ့မြင်ရသမျှကိုအခြေခံပြီးပြောမယ်ဆိုရင် အဲဒီတိုက်ခိုက်မှုကို အခြားအဖွဲ့အစည်းတစ်ခုက လုပ်ခဲ့တာပါ" လို့ ထပ်မံပြောထားပါတယ်။ 


အစ္စရေးက ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဒုံးကျည်ကို မှားယွင်းပစ်ခတ်ခဲ့တယ်ဆိုတဲ့ သက်သေများရရှိ ထားကြောင်း ပြောဆိုထားပါတယ်။ အဆိုပါ ဒုံးကျည်ကျည်ဆံတွေဟာ အစ္စရေးနိုင်ငံအသုံးပြုတာမျိုးမဟုတ် ကြောင်း အစ္စရေးစစ်ဘက်က ပြောပါတယ်။

ဟားမက်စ်အဖွဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Osama Hamdan က ဂါဇာဒေသရှိ ပါလက်စတိုင်းပြည်သူတွေအပေါ် ပြုလုပ်နေတဲ့ အစ္စရေးရဲ့စစ်ရေးဆောင်ရွက်ချက်များကို အမေရိကန် နဲ့ အနောက်အုပ်စုနိုင်ငံများအားလုံး ကူညီ ထောက်ခံပေးနေကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အစ္စရေးနဲ့ ဟားမက်စ်တို့ကြားဖြစ်ပွားနေတဲ့စစ်ပွဲဟာ အောက်တိုဘာ ၇ ရက်အထိ စတင်ခဲ့ပြီး ၁၁ ရက်အတွင်း အစ္စရေးနိုင်ငံသား ၁၄ဝဝ ကျော် နဲ့ ပါလက်စတိုင်းလူမျိုး ၃ဝဝဝ ကျော် အနည်းဆုံးသေဆုံးထားကြောင်း သိရပါတယ်။

အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) အဖွဲ့ဝင်နိုင်ငံများအနေနဲ့ အစ္စရေးနိုင်ငံအပေါ် ရေနံတင်ပို့မှုနဲ့ အခြားကုန်ပစ္စည်းများတင်ပို့ခြင်းကို ပိတ်ပင်မှုများချမှတ်ရမှာဖြစ်သလို (OIC) အဖွဲ့ဝင်နိုင်ငံများအတွင်းရှိ အစ္စရေး သံတမန်အားလုံးကို နှင်ထုတ်ရမယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ 

အီရန်နိုင်ငံခြားရေးဝန်ကြီးက (OIC) အဖွဲ့ဝင်နိုင်ငံများကြား အရေးပေါ်အစည်းအဝေးပြုလုပ်ပြီး၊ အစ္စရေးနဲ့ ပါလက်စတိုင်းကြားစစ်ပွဲကို ဆွေးနွေးသင့်ကြောင်း ပြောပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ယခုနှစ်အတွင်း ပြည်ပရောက် မြန်မာများထံမှ လွှဲပို့ငွေ အမေရိကန်ဒေါ်လာ (၁ ဒသမ ၅)ဘီလျံကျော် နိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်ထား

RECENT POSTS
မန္တလေးတွင် အုတ်တံတိုင်းပြိုကျကာ အဖီဆွဲနေထိုင်သူများအပေါ် ပိမိသောကြောင့် (၁)ဦးသေဆုံးကာ (၃)ဦး အပြင်းအထန်ဒဏ်ရာရ
24 Sep 2024
ဝန်ကြီးချုပ်နေတန်ရာဟု နှင့် အစ္စရေးအစိုးရထိပ်တန်း အရာရှိကြီးများကို လုပ်ကြံမည့် ဂျူးလူမျိုးတစ်ဦး ဖမ်းဆီးခံရ
24 Sep 2024
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေပိုမိုမြင့်တက်လာတာက ဘယ်နိုင်ငံအတွက်မှ အကျိုးအမြတ်မရှိဘူးလို့ G7 အဖွဲ့ပြော
24 Sep 2024
ယူကရိန်းသမ္မတက အမေရိကန်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်တွေကို အနိုင်ရစေလိုနေတယ်လို့ ဒေါ်နယ်ထရမ့်ပြော
24 Sep 2024
ယူနွတ်၏ဖိတ်ကြားချက်အရ လူထုအုံကြွမှုတော်လှန်ရေး၌ ဒဏ်ရာရသူများကို ကုသပြုစုရန်ဟုဆိုကာ တရုတ်ဆေးအဖွဲ့ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိ
24 Sep 2024
မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို တုံ့ပြန်နိုင်ကြောင်း တောင်ကိုရီးယားအစိုးရပြော
24 Sep 2024
ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ သွယ်ဝိုက်ကူညီနေသည်ဆိုသော သတင်းများကို အိန္ဒိယအစိုးရ ငြင်းဆန်
24 Sep 2024
နိုင်ငံအနှံ့ ရေဘေးဒဏ်ခံစားနေရသော်လည်း NUG-PDF များက အရပ်သားများကို အကြမ်းဖက်သတ်ဖြတ်နေမှု ဆက်လက်မြင့်တက်
24 Sep 2024
ပြင်သစ်သမ္မတက ရွေးချယ်ခန့်အပ်ထားသည့် ဝန်ကြီးချုပ်အသစ် နုတ်ထွက်ရဖွယ်ရှိနေ
24 Sep 2024
ယူကရိန်းစစ်ပွဲအတွက် ဒရုန်း အစင်းရေ တစ်သန်းခွဲနီးပါး တိုးမြှင့်ထုတ်လုပ်မည်ဟု ရုရှားသမ္မတပူတင် ပြော
24 Sep 2024
ကျောက်မဲမှထွက်ခွာသူများကို TNLA က လူသားတံတိုင်းလုပ်ရန် ခြိမ်း ခြောက်ပြီးပြန်ခေါ်နေ
24 Sep 2024
ထိုင်ဝမ်အရေး၌ အမေရိကန်စစ်တပ်နှင့်ဆက်နွှယ်နေသည့် ကုမ္ပဏီ(၉)ခုကို တရုတ်အစိုးရ ပိတ်ဆို့မှုချမှတ်
24 Sep 2024
ဂျိုးဘိုင်ဒန် သက်တမ်းမကုန်ဆုံးမီ ဂါဇာအပစ်ရပ်စာချုပ် ဖြစ်လာနိုင်ဖွယ် မရှိဟု အမေရိကန်အရာရှိများယုံကြည်နေ
24 Sep 2024
အိန္ဒိယ-မြန်မာ ကုန်သွယ်မှုတွင် ရူးပီးနှင့် ကျပ်ငွေပေးချေမှုကို တိုးမြှင့်ရန်စီစဉ်
23 Sep 2024
ရခိုင်စစ်ဘေးရှောင် (၅ဝဝ)နီးပါး အရေပြားရောဂါဖြစ်နေသော်လည်း AA မကူညီနိုင်
23 Sep 2024
‘‘ရေဘေးဖြစ်စဉ်မှ ပြန်လည်တွေ့မြင်လာရတဲ့ မြန်မာတို့ရဲ့လေးစားဖွယ်အပြုအမူတွေနဲ့ အကြမ်းဖက်အားပေးတို့ရဲ့ မနာလိုမှု” (အနုပညာဆောင်းပါး)
23 Sep 2024
အမေရိကန်နိုင်ငံမှာ ရွေးကောက်ပွဲမတိုင်မီ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုတွေ တစ်ကျော့ပြန်လည်ဖြစ်ပွားလာနေ
23 Sep 2024
အလေးချိန်(၃၀၀)ကီလိုဂရမ်ရှိတဲ့ ပထမကမ္ဘာစစ်အတွင်းက ဗုံးတစ်လုံးကို အောင်မြင်စွာ ဖယ်ရှားပစ်နိုင်ခဲ့တယ်လို့ ဆားဘီးယားရဲတပ်ဖွဲ့ပြော
23 Sep 2024
လာမယ့်အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ၂ဝ၂၈ ခုနှစ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့်ပြော
23 Sep 2024
PDF များက ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ရွာသား(၅ဝ)ကျော်ကို ဖမ်းဆီးသွားမှု ချောင်းဦး၌ဖြစ်ပွား
23 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved