နေအိမ်၌ အိပ်ပျော်နေသည့်လင်မယား(၂)ဦးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်မှု ငါန်းဇွန်မြို့နယ်၌ဖြစ်ပွား
NSS - အောက်တိုဘာ ၁၈
မန္တလေးတိုင်း၊ ငါးဇွန်မြို့နယ်တွင် နေအိမ်၌ အိပ်ပျော်နေသည့်လင်မယား(၂)ဦးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော အောက်တိုဘာလ ၁၅ ရက်၊ နံနက် ၁နာရီအချိန်တွင် ငါန်းဇွန်မြို့နယ်၊ ဆင်ဖြူကုန်းကျေးရွာတွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
အဆိုပါကျေးရွာတွင် နေထိုင်သည့် ဦးမိုးကြည်နှင့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်နုလှိုင်တို့(၂)ဦးသည် နေအိမ်၌ အိပ်ပျော်နေစဉ် PDF အဖွဲ့အင်အား (၈)ဦးခန့်မှရောက်ရှိလာကာ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။
ထိုသို့ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးမိုးကြည်(၄၉)နှစ် နှင့် ဒေါ်နုလှိုင် (၅၃)နှစ်တို့ (၂)ဦးသည် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အလားတူ အဆိုပါနေ့ ည ၈ နာရီခွဲအချိန်တွင် တောင်သာမြို့နယ်၊ ဘိန်းနွယ်ကုန်းကျေးရွာ၌ ကျေးရွာရာအိမ်မှူးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း ရဲတပ်ဖွဲ့က ဆက်လက်ထုတ်ပြန်ထားသည်။
အဆိုပါကျေးရွာတွင်နေထိုင်သည့် ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးတင်ထွန်း(၆၃)နှစ်သည် သားမက်ဖြစ်သူ ရာအိမ်မှူး ကိုဆန်းမင်း (၃၈)နှစ်နှင့် အတူ၎င်း၏နေအိမ်ရှေ့ရှိအဖီအောက်၌ ထိုင်နေစဉ် PDF အဖွဲ့အင်အား(၄)ဦးက ဆိုင်ကယ်(၂)စီးဖြင့်ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ထိုသို့ သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ကိုဆန်းမင်းတွင် ယာဘက်လက်မောင်းကျည်ထိမှန်ဒဏ်ရာတစ်ချက်ရရှိခဲ့သဖြင့် ဆေးကုသနိုင်ရေး တောင်သာမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သိရသည်။
အထက်ပါလုပ်ကြံသတ်ဖြတ်မှုများတွင် ပါဝင်ပတ်သတ်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီအပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Oct-18 / 6:30 PM)
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း