အစ္စရေးနဲ့ ဟားမက်စ်စစ်ပွဲမှာ အမေရိကန်တပ်ဖွဲ့တွေ ပါဝင်နိုင်ခြင်း ရှိ/မရှိ ဆိုတဲ့အချက်ကို အမေရိကန်အမျိုသား လုံခြုံရေးအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ထုတ်ဖော်ပြော
ဂျန်ဇက် (NSS) - အောက်တိုဘာ ၁၈
အမေရိကန်အစိုးရအဖွဲ့အနေနဲ့ ဟားမက်စ်နဲ့ ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ ဟားမက်စ်တို့ကြားဖြစ်ပွားနေတဲ့စစ်ပွဲထဲမှာ ပါဝင်ဖို့ အမေရိကန်တပ်ဖွဲ့တွေကို စေလွှတ်မှာမဟုတ်ကြောင်း အမေရိကန်အမျိုးသားလုံခြုံရေး အကြံပေးအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကီဘိုင် က ပြောပါတယ်။
ဂါဇာဒေသရှိ ဆေးရုံကို ဗုံးကြဲတိုက်ခိုက်မှုများဖြစ်လာခဲ့ပြီးနောက် အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေ အရှိန်ပိုမိုမြင့်တက်လာခဲ့ပြီး အစ္စရေးနိုင်ငံအပေါ် ဝေဖန်မှုများပိုမိုမြင့်တက်လာနေပါတယ်။
၎င်းက "အစ္စရေးစစ်ပွဲထဲမှာ ပါဝင်ဖို့ အမေရိကန်တပ်ဖွဲ့တွေ စေလွှတ်ပါဝင်ဖို့ အစီအစဉ်မရှိသေးပါဘူး။ လက်ရှိ အချိန်မှာ စစ်ပွဲကို ပိုမိုမကျယ်ပြန့်စေဖို့ တားဆီးမယ့်အစီအစဉ်တွေသာရှိပါတယ်။ ဒါကြောင့် အခြားနိုင်ငံတွေဟာ လည်း အစ္စရေးနဲ့ ဟားမက်စ်ကြားဖြစ်နေတဲ့ စစ်ပွဲမှာ တိုက်ရိုက်ပါဝင်ပြီး စစ်ပွဲပိုမိုကျယ်ပြန့်လာအောင် မလုပ်သင့် ဘူး" လို့ ပြောပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီးလွိုင်အော်စတင်က အရှေ့အလယ်ပိုင်းဒေသမှာဖြစ်ပွားနေတဲ့ စစ်ပွဲနဲ့ပတ်သက်ပြီး တုံ့ပြန်နိုင်ဖို့ အမေရိကန်တပ်ဖွဲ့ဝင် ၂ဝဝဝ ကို အရှေ့အလယ်ပိုင်းဒေသကို စေလွှတ်သွားဖို့ အစီအစဉ်ရှိနေကြောင်း သိရပါတယ်။ အဲဒီအမေရိကန်တပ်ဖွဲ့တွေဟာ စစ်ပွဲထဲ တိုက်ရိုက်ပါဝင်မှာ မဟုတ်ပေမယ့် ထောက်လှမ်းရေး၊ သယ်ယူပို့ဆောင်ရေးနဲ့ လုပ်ငန်းတွေကို အဓိကထားလုပ်ဆောင်သွားဖွယ်ရှိနေကြောင်း၊ အမေရိကန်ကာကွယ်ရေး ဝန်ကြီး လွိုင်အော်စတင် က ပြောပါတယ်။
အမေရိကန်ဟာ လက်ရှိအချိန်မှာ အစ္စရေးနိုင်ငံနဲ့ အနီးကပ်ဆုံးနေရာဖြစ်တဲ့ မြေထဲပင်လယ်ဒေသ အရှေ့ဘက်ပိုင်း ကို လေယာဉ်တင်သင်္ဘောနှစ်စင်းနဲ့ စစ်သင်္ဘောအုပ်စုတွေ စေလွှတ်ထားကြောင်း သိရပါတယ်။ ဂျွန်ကီဘိုင်က " အရှေ့အလယ်ပိုင်းဒေသမှာ အမေရိကန်နိုင်ငံဟာ နိုင်ငံလုံခြုံရေးအကျိုးစီးပွားတွေ ရှိနေပါတယ်။ အဲဒီလုံခြုံရေး အကျိုးစီးပွားက အပြောင်းအလဲရှိမှာ မဟုတ်ဘူး။ လိုအပ်မှုရှိလာမယ်ဆိုရင် အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန် နိုင်ငံသားတွေကိုကာကွယ်ဖို့ လုပ်ဆောင်စရာရှိတာတော့ လုပ်မှာပါ။ အရှေ့အလယ်ပိုင်းဒေသကို အမေရိကန် စစ်သားတွေ စေလွှတ်တာကလည်း စစ်ပွဲကို ပိုမိုမကျယ်ပြန့်အောင် တားဆီးဖို့သာဖြစ်တယ်" လို့ ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒဂုံမြို့သစ်(အရှေ့ပိုင်း)ရှိ ရပ်ကွက်အချို့တွင် ရေများဝင်ရောက်လျက်ရှိခြင်းကြောင့် အစားအသောက်များ လိုအပ်နေဟုဆို
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ