မြိတ်မြို့တွင် ဆိုင်ကယ်နှင့် သုံးဘီးဆိုင်ကယ်တို့တိုက်မိခဲ့ရာ လူတစ်ဦး ပွဲချင်းပြီးသေဆုံး
သန့်ဇင်(NSS) - အောက်တိုဘာ ၁၈
တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် ဆိုင်ကယ် နှင့် သုံးဘီးဆိုင်ကယ်တို့တိုက်မိခဲ့ရာမှ အမျိုးသားတစ်ဦးပွဲချင်းပြီး သေဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရှင်သန်ခြင်းပရဟိတအသင်းထံမှ သိရသည်။
ယာဉ်တိုက်မှုသည် ယနေ့ (အောက်တိုဘာလ ၁၈ ရက်)၊ နံနက် ၉နာရီအချိန်တွင် မြိတ်မြို့၊ နောက်လယ်ရပ်ကွက်၊ ၃လမ်းနှင့် ၄လမ်းကြားတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ဘယ်လိုဖြစ်ပြီး တိုက်ကြလဲတော့ ကျွန်တော်တို့လဲသေချာမသိဘူးဗျ။ ကျွန်တော်တို့ရောက်သွားတော့ တစ်ယောက်က လမ်းမပေါ်မှာ သေနေပြီ။ တစ်ယောက်ကကြတော့ ဒဏ်ရာတွေနဲ့သွေးတွေထွက်နေတာပေါ့”ဟု ရှင်သန်ခြင်းပရဟိအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
အဆိုပါယာဉ်တိုက်မှုတွင် အသက်(၂၇)နှစ်ဝန်းကျင်ဆိုင်ကယ်ယာဉ်မောင်း အမျိုသားသည် နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး သုံးဘီး ဆိုင်ကယ်မှ အမျိုးသားတစ်ဦးသည် နားရွက်ပြတ်ဒဏ်ရာနှင့်အခြားထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ထို့နောက် သေဆုံးသူအမျိုးသား နှင့် ထိခိုက်ဒဏ်ရာရရှိသူတို့ကို ရှင်သန်ခြင်းပရဟိတအသင်းမှ မြိတ်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေးနဲ့ ဟားမက်စ်စစ်ပွဲမှာ အမေရိကန်တပ်ဖွဲ့တွေ ပါဝင်နိုင်ခြင်း ရှိ/မရှိ ဆိုတဲ့အချက်ကို အမေရိကန်အမျိုသား လုံခြုံရေးအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ထုတ်ဖော်ပြော
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း