မြဝတီခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးကို လက်နက်ကိုင်လူတစ်စုက သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်ခဲ့ရာ နိုင်ငံ့ဝန်ထမ်းတစ်ဦး သေဆုံးခဲ့
NSS - အောက်တိုဘာ ၁၈
ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ မြဝတီခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးကို လက်နက်ကိုင်လူတစ်စုက သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်ခဲ့ရာ နိုင်ငံ့ဝန်ထမ်းတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါပစ်ခတ်မှုသည် ယမန်နေ့ (အောက်တိုဘာလ ၁၇ ရက်)၊ ညနေ ၄ နာရီဝန်းကျင်အချိန်တွင် မြဝတီမြို့၊ ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရုံးဝန်းအတွင်း၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ဘယ်နှယောက်လောက် လာပစ်တာလဲတော့မသိဘူး။ ဆိုင်ကယ်နဲ့လာပစ်သွားတာပါ။ အဲဒီရုံးဝန်းထဲမှာလဲ ဆိုင်ကယ် တက္ကစီဂိတ်တစ်ခုရှိတယ်။ အဲဒီကိုလာပြီးပစ်သွားတာပေါ့”ဟု မြဝတီမြို့ခံတစ်ဦးက NSS ကိုပြောသည်။
ထိုသို့ ပစ်ခတ်ခံရမှုကြောင့် အရေးပေါ်ဌာနတွင် တာဝန်ထမ်းဆောင်နေသည့် အသက်(၃၀)ဝန်းကျင်အရွယ် ကျန်းမာရေးဝန်ထမ်း အမျိုးသားတစ်ဦးသည် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
“အပစ်ခံရတော့ ဆေးရုံတင်ပြီး အရေးပေါ်ဌာနမှာပဲဆုံးတာဗျ။ ကျန်တာတော့ အတိအကျတော့မသိခဲ့ပါဘူး။ ပစ်သွားတဲ့လူတွေကလဲ ဆိုင်ကယ်နဲ့လာပြီးပစ်သွားတာဆိုတော့ ဘယ်ကလဲ။ ဘယ်သူတွေလဲမသိခဲ့ရပါဘူး” ဟု ၎င်းကဆက်လက်ပြောသည်။
ထိုသို့ ပစ်ခတ်မှုကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့နှင့် သက်ဆိုင်ရာမှ စုံစမ်းရှာဖွေမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
မြဝတီမြို့တွင် လွန်ခဲ့သော အောက်တိုဘာလ ၅ ရက်တွင်လည်း နေအိမ်အတွင်းရှိနေသည့် လင်မယား (၂)ဦးကို လက်ကိုင်အဖွဲ့တစ်ခုမှ သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်သတ်ဖြတ်သွားခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၅ဝဝ ကေဗွီ ဘုရားကြီးဓာတ်အားခွဲရုံ စီမံကိန်းတစ်ခုလုံး ၂၀၂၄ နှစ်ကုန်ပိုင်းတွင် ပြီးစီးမည်
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း