၅ဝဝ ကေဗွီ ဘုရားကြီးဓာတ်အားခွဲရုံ စီမံကိန်းတစ်ခုလုံး ၂၀၂၄ နှစ်ကုန်ပိုင်းတွင် ပြီးစီးမည်
Pearl (NSS) - အောက်တိုဘာ ၁၈
ရန်ကုန် - မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၃၉ အနီးရှိ ၅ဝဝ ကေဗွီ ဘုရားကြီးဓာတ်အားခွဲရုံစီမံကိန်းတစ်ခုလုံး လာမည့်နှစ် (၂၀၂၄) ခုနှစ်၊ ဒီဇင်ဘာလတွင် ရာနှုန်းပြည့်ပြီးစီးမည်ဖြစ်ကြောင်းသိရသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက ယမန်နေ့ (အောက်တိုဘာလ ၁၇ ရက်)တွင် အဆိုပါ ဓာတ်အားခွဲရုံတည်ဆောက်ရေး စီမံကိန်းလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ထိုသို့သွားရောက်စဉ် လျှပ်စစ်စွမ်းအား ဝန်ကြီး ဦးဉာဏ်ထွန်းက ၅ဝဝ ကေဗွီဘုရားကြီးဓာတ်အားခွဲရုံစီမံကိန်းသည် နိုင်ငံ၏ လျှပ်စစ်ပို့လွှတ်ရေးကဏ္ဍတွင် အရေးပါသော စီမံကိန်းဖြစ်ပြီး Third Party အရည်အသွေးစစ်ဆေးရေးအဖွဲ့မှ စစ်ဆေးခံနိုင်သည်အထိ ဆောင်ရွက်ရန် လိုအပ်ကြောင်း ၎င်းကပြောသည်။
အဆိုပါ ၅ဝ၀ ကေဗွီဘုရားကြီးဓာတ်အားခွဲရုံစီမံကိန်းသည် မြန်မာနိုင်ငံတွင် ပထမဆုံး အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် ၅ဝ၀ ကေဗွီ ဓာတ်အားခွဲရုံစီမံကိန်းများတွင် တစ်ခုအပါအဝင်ဖြစ်ကြောင်း သိရသည်။
စီမံကိန်းပြီးဆုံးပြီးစီးသွားပါက နိုင်ငံမြောက်ပိုင်းတွင် တည်ရှိသော လျှပ်စစ်ဓာတ်အားများကို နိုင်ငံတော်တောင်ပိုင်းသို့ ပြည့်ဝစွာပို့လွှတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပဲခူးရေကြီးမှုကြောင့် ထိခိုက်ခဲ့သောတောင်သူများ ပြန်လည်ထူထောင်ရေးအတွက် MRF က ရန်ပုံငွေကျပ်သိန်းငါးရာသတ်မှတ်ထား
RELATED POSTS
08 Nov 2024 | အထွေထွေ,ပြည်တွင်း
08 Nov 2024 | အထွေထွေ,နိုင်ငံတကာ
31 Oct 2024 | အထွေထွေ,နိုင်ငံတကာ