ပဲခူးရေကြီးမှုကြောင့် ထိခိုက်ခဲ့သောတောင်သူများ ပြန်လည်ထူထောင်ရေးအတွက် MRF က ရန်ပုံငွေကျပ်သိန်းငါးရာသတ်မှတ်ထား
NSS - အောက်တိုဘာ ၁၈
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ပဲခူးတိုင်းအရှေ့ဘက်ခြမ်းတွင် ရေကြီးမှုများကြောင့်ထိခိုက်နစ်နာခဲ့သော တောင်သူများ ပြန်လည်ထူထောင်ရေးအတွက် ရန်ပုံငွေ ကျပ်သိန်းငါးရာ သတ်မှတ်ထားကြောင်းသိရသည်။
ကုန်သည်စက်မှုအသင်းချုပ်၌ အောက်တိုဘာလ(၁၆)ရက်တွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီ၊ အလုပ်အမှုဆောင်ကော်မတီ၊ အသင်းဝင် ကုမ္ပဏီများ၏ ပူးတွဲလုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် အထက်ပါအတိုင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ပဲခူးတိုင်းဒေသကြီး(အရှေ့) ရေကြီးနစ်မြုပ်မှုများအပေါ် အသင်းချုပ်၊ ညီနောင်အသင်းများ နှင့် ကုမ္ပဏီများအနေဖြင့် ကယ်ဆယ်ရေးအတွက် အလှူငွေ ကျပ်သိန်း(၄၀၀) လှူဒါန်းထားပြီးဖြစ်ကြောင်းသိရသည်။
ပြည်တွင်း/ ပြည်ပ ဆန်ဈေးနှုန်းနှင့် ဈေးကွက်အခြေအနေများ၊ သိုလှောင်ရုံမှတ်ပုံတင်ခြင်းနှင့် သိုလှောင်ရုံအာမခံစနစ်ဖြင့် ချေးငွေထုတ်ချေးမည့် အစီအစဉ်များ၊ Export ဝင်ငွေများ ပြန်လည်ဝင်ရောက်ရန်အတွက် အလေးထားဆောင်ရွက်ရန်ကိစ္စ၊ သင့်တင့်မျှတသည့် ဈေးနှုန်းများဖြင့် စပါး/ ဆန်များကို ရောင်းဝယ်မှုပြုရေး ကိစ္စများကို အသေးစိတ် ဆွေးနွေးခဲ့ကြောင်းသိရသည်။
စပါးဝယ်ယူရေးအတွက် ကာလတိုငွေကြေး ထောက်ပံမည့် အစီအစဉ်များ၊ (၁၀) ဧကအထက် ပိုင်ဆိုင်သည့် တောင်သူလယ်သမားကြီးများ၏ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအတွက် သီးနှံစိုက်ပျိုးရာသီတွင် ချေးငွေ အပြည့်အဝ ထုတ်ချေးပေးနိုင်ရေးကိစ္စရပ်များထည့်သွင်းဆွေးနွေးခဲ့သည်။
ပဲခူးတိုင်းအရှေ့ပိုင်း ရေကြိးရေလျှံမှုကြောင့် စပါးစိုက်ဧက ခုနှစ်သောင်းခွဲခန့်ရေကြီးနစ်မြုပ်ခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီးအိစုးရအဖွဲ့မှ ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ကင်းသာ(၂)ကုန်ထုတ်စခန်းမှ အကျဉ်းသား(၇)ဦး ထွက်ပြေးလွတ်မြောက်နေ
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း