နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ကင်းသာ(၂)ကုန်ထုတ်စခန်းမှ အကျဉ်းသား(၇)ဦး ထွက်ပြေးလွတ်မြောက်နေ
Pearl (NSS) - အောက်တိုဘာ ၁၈
နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ကင်းသာ(၂) ကုန်ထုတ်စခန်းမှ အကျဉ်းသား(၇)ဦး ထွက်ပြေးလွတ်မြောက်နေကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (အောက်တိုဘာလ ၁၇ ရက်)၊ ညနေပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ ကင်းသာရွာရှိ ကင်းသာ(၂)ကုန်ထုတ်စခန်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
"ဖြစ်စဉ်က မှန်ပါတယ်။ မနေ့က ညနေက ပြေးသွားတာပါ။ လောလောဆယ်တော့ ပြန်မမိသေးဘူး"ဟု လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက NSS ကိုပြောသည်။
ထိုသို့ ထွက်ပြေးလွတ်မြောက်နေသူများသည် နေပြည်တော်ရှိ တရားရုံးအချို့ နှင့် ပြင်ဦးလွင်ခရိုင်တရား ရုံး၊ ရမည်းသင်းမြို့နယ် တရားရုံးတို့မှ လူသတ်မှုဖြင့် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရသူ (၃)ဦးအပါအဝင် မုဒိန်းမှု နှင့် မူးယစ်ဆေးဝါးမှုများဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသူများဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါထွက်ပြေးလွတ်မြောက်နေသူ အကျဉ်းသား(၇)ဦးအား အမြန်ဆုံးပြန်လည်ဖမ်းမိရေးအတွက် ရဲတပ်ဖွဲ့ဝင်များနှင့်အကျဉ်းဦးစီးဌာန၏တာဝန်ရှိသူများက လိုက်လံရှာဖွေလျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၃ဝ ရက်တွင် ထားဝယ်မြို့နယ်၌ အကျဉ်းထောင်ဝန်ထမ်း (၂)ဦးကို လက်ပြန် ကြိုးတုပ်၍ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး အကျဉ်းသား(၅)ဦး ထွက်ပြေးလွတ်မြောက်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပါတီ အကြီး၊ အငယ်၊ အဟောင်း၊ အသစ်မခွဲခြားဘဲ ဥပဒေနှင့်အညီ ဆောင်ရွက်မည်ဟု UEC ဆို
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ